Danger

စစ်တပ်က တပ်စွဲထားတဲ့ ရွာကို လက်နက်ကြီးအချက် ၁၀၀ ကျော် ပစ်ခံရလို့ ထိခိုက်သေဆုံးမှုရှိနိုင် (ရုပ်/သံ)

"အဲ့လို ပစ်ခတ်တိုက်ခိုက်တာမှာ ထိခိုက်သေဆုံးမှုရှိနိုင်ပါတယ်။ အတိအကျမသိရတာက အရင်တုန်းက ရှိနေတဲ့ ဖရဲသီးတွေ အခုမရှိတော့လို့ပါ။ သူတို့ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်တဲ့အပြင် ကာဘိုင်နဲ့လည်း ပစ်တယ်"

မုံရွာ ကညနရုံး နဲ့ စိုက်ပျိုးရေးရုံးရှိ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံးဟုဆို (ရုပ်/သံ)

"တိုက်ပွဲချိန် ၁၅ မိနစ်ကြာပါတယ်၊ ကညန ရုံးထဲက စစ်ကောင်စီတပ်သားတွေက စပစ်တာ၊ အဖွဲ့တွေခွဲပြီး တပြိုင်ထဲတိုက်ခိုက်ခဲ့တာ၊ ဒီနေ့မနက် ကြားရတာက စစ်ကောင်စီဘက်က ၅ ယောက်ထက်မနည်း အသေအပျောက်ရှိပြီး ဒဏ်ရာရတာလည်း များပါတယ်၊ မဟာမိတ်ဘက်က ရဲဘော် ၄ ဦး မစိုးရိမ်ရဒဏ်ရာရတယ်"

လှတောရဲစခန်း တိုက်ခိုက်ခံရလို့ ၅ ဦးသေဆုံး ဟုဆို (ရုပ်/သံ)

"ညနေပိုင်း အပြန်အလှန်ပစ်ခတ်နေချိန်မှာ မုံရွာ နမခ က လေယာဉ်နဲ့ ပစ်တာကြောင့်ပြန်ဆုတ်လာခဲ့တာ၊ ၅ ယောက်သေဆုံးပြီး ၂ ယောက်အပြင်းအထန် ဒဏ်ရာရတယ်၊ အဲဒါလည်း ကျနော်တို့ ဒရုန်းနဲ့ကြည့်လို့ သိရတာပါ"

မကွေးမှာ ရဲသတင်းပေးဆိုသူ အမျိုးသမီး ၁ ဦး ကွမ်းယာဆိုင်မှာ ပစ်သတ်ခံရ

“သူက ရဲ မိန်းမ။ ရဲ ၂ ယောက်ကို ယူထားတာ။ အရင်တယောက်က မရှိတော့ဘူး။ အခုနောက်ရဲတယောက်ရဲ့မယားငယ်အနေနဲ့ ယူထားတာ။ သူ့ညီမ တော်ကီကွမ်းယာဆိုင်ထဲမှာ ၃ ချက်တိတိ ပစ်ပြီးရှင်းလိုက်တာ” လို့ ပြောပါတယ်။

ရှေ့တန်းကို ထောက်ပို့သွားမယ့် စစ်တပ် ဆီဘောက်ဆာကားတစီး မိုင်းဆွဲခံရ (ရုပ်/သံ)

ဧပြီလ ၂၈ ရက် ဒီနေ့ မနက်ပိုင်းမှာ မကွေးတိုင်း တောင်တွင်းကြီးနဲ့ ပေါက်မြို့တွေဘက်ကို သွားတဲ့ ထောက်ပို့ယာဥ်တန်းတွေထဲက ဆီဘောက်ဆာကားတစီးကို ပျော်ဘွယ်နတ်မောက်လမ်းမကြီးပေါ်မှာ ကြိုတင်ထောင်ထားတဲ့ မိုင်းနဲ့ ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ နတ်မောက်ဂဠုန် PDF တပ်ခွဲမှူး ဗိုလ်အောင်ဒင်က ပြောပါတယ်။

ဆားလင်းကြီးမှာ မိုင်းမတော်တဆမှုကြောင့် PDF ရဲဘော်တဦး ဒဏ်ရာရ

“ရဲဘော်ကိုထက်ရဲ့ မျက်လုံး ၁ ဖက်ထိခိုက်၊ လက်သန်းဘေးက ၂ ချောင်းကျိုးသွားပြီး ခန္ဓာကိုယ်မှာ ဒဏ်ရာရတယ်”

မုံရွာ စီးပွားရေးဘဏ်နားက ကင်းပုန်း စစ်သား၃ဦး ဗုံးခွဲတိုက်ခိုက်ခံရ( ရုပ်/သံ)

"တိုက်ခိုက်ဖို့အတွက် ရဲဘော်တွေ အရင်ထွက်ခွာတယ်၊ မုံရွာမြို့ စီးပွားရေးဘဏ် မျက်စောင်းထိုးမှာ ကင်းပုန်းဝတ်နေတတ်တဲ့နေရာကို ပါဆယ်ဗုံးချခဲ့တယ်၊ ညနေ ၅ ဝန်းကျင်မှာ စကစ ခွေးတပ်သား ၃ ဦး ကင်းပုန်းလာဝတ်တဲ့အချိန် ကျနော်တို့တိုက်ခိုက်ခဲ့တာ"

နယ်ကျော်လာတဲ့ စစ်ကောင်စီတပ်နဲ့ PDF တို့ တိုက်ပွဲဖြစ်လို့ စစ်သား ၁ ဦး ဒဏ်ရာရ( ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့က PDF ထိန်းချုပ်မြို့ပေါ် ရပ်ကွက်အတွင်း နယ်ကျော်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့

ဖဲရိုက်နေတဲ့ ပျူတွေကို အလစ်ဝင်တိုက်လို့ ၁၃ ဦးသေဆုံးပြီး လက်နက်တွေပါ သိမ်းနိုင်ခဲ့ဟုဆို

“ပျူစောထီးတွေ ဖဲရိုက်နေတာကို ပထမ လက်ပစ်ဗုံးပစ်လိုက်တယ်။ ဒီကောင်တွေဘက်က ဘာမှမလုပ်နိုင်ဘူး။ မျက်မြင်တွေ့ခဲ့ရတာက ပျူစောထီး ၁၃ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရတယ်။ အဲဒီသေဆုံးတဲ့အထဲမှာ တဲကုန်းရွာက ပျူခေါင်းဆောင် တင်ဝင်းက ပွဲချင်းပြီးသေပြီး ပျူ တင်အေးကတော့ ပခုက္ကူဆေးရုံ ပို့ထားရတာ သေမယ်ရှင်မယ် မသိသေးဘူး”

မတ္တရာမှာ စစ်ကောင်စီနဲ့ လုပ်ငန်းပူးပေါင်းလုပ်ကိုင်သူ ပျူစောထီးရှင်းလင်းခံရ

“ဒီဟာကတော့ မထင်မှတ်ပဲဖြစ်သွားတာ၊ အလုပ်ကိစ္စတခုရှိလို့ဝင်တာ၊ သူတို့နဲ့ စကျင်ရွာနားလေးမှာ ထိပ်တိုက်တွေ့တာ၊ ကျောက်လုပ်ငန်းခွင်ထဲကို သွားတာထင်တယ်၊ သူက နာမည်ကြီးပဲ၊ စိုးရာဇာနဲ့ သူတပည့် ၄ ယောက်လောက်ပါသေးတယ်၊ ကျနော်တို့က သူ့ကိုသိတယ်၊ သူ့ကို အနီးကပ်ယူပြီးပစ်လိုက်တော့ သူ့နောက်ကလူတွေကတော့ လွှတ်သွားတာရှိတယ်၊‌ ၁၀ ချက်လောက်ထိ ပစ်ထားခဲ့တာ၊ အဓိကတော့ ဦးခေါင်းကိုပစ်ခတ်ခဲ့တာ”

၂ ရက်တာ တိုက်ပွဲ ၇ ခုမှာ စစ်သား ၆ ဦး သေဆုံးတယ်လို့ မြိုင် PDF ပြော (ရုပ်/သံ)

ဧပြီလ ၂၄ ရက်မှာ အဲဒီစစ်အုပ်စုဟာ ပဒိုင်းတောကျေးရွာက ထွက်လာပြီး ညောင်တုန်းရွာက နေအိမ် ၃၂ လုံးကိုမီးရှို့နေချိန်မှာ မိုင်းဆွဲခံရတာအပြင် ဒရုန်းနဲ့ပါ ဗုံးသီးကြဲခံရတယ်

မုံရွာမြို့အဝင်က စစ်အုပ်စု အလစ်ဝင်တိုက်ခံရလို့ ၂ ဦးသေ ၁ ဦးဒဏ်ရာရ

"ကျနော်တို့ ပစ်ခတ်တဲ့သူတွေကတော့ တယောက်လဲကျသွားတာ မြင်လိုက်တယ်။ မျက်မြင်ပြည်သူတွေရဲ့ ပြောချက်အရတော့ ကားနဲ့ လာတင်သွားတယ်ပေါ့။ ၂ ယောက်ကတော့ သွေးအိုင်ထဲမှာ လဲကျနေတာပေါ့။ ၁ ယောက်ကတော့ လက်မောင်းထိသွားတယ်။ အဲ့ ၃ ယောက်ကို ကားနဲ့လာတင်ပြီး စစ်ဆေးရုံပို့လိုက်တယ်လို့ ပြောပါတယ်"

ပုလဲမှာ စစ်တပ်ကမီးရှို့တဲ့ရွာကို မြို့နယ် ပအဖ က ငွေ ၂၇ သိန်းနဲ့ စားနပ်ရိက္ခာထောက်ပံ့

“စစ်ကောင်စီက နှောကန်ကျေးရွာကို ၄ လ ပိုင်း ၂ ရက်နေ့က မီးရှို့သွားတာကို သွားလှူဒါန်းတာ ၊မီးရှို့ခံရတာက ၁၀၄ အိမ်ပေါ့၊ ရွာမှာရှိတာက စုစုပေါင်း အိမ်ထောင်စု ၁၃၆ စုရှိတာ၊ ရွာလုံးကျွတ်လို့‌ ပြောလို့ရတာပေါ့။ သံဃသမဂ္ဂအဖွဲ့ နဲ့ တခြားအလှူရှင်အချို့တို့လှူဒါန်းတဲ့ ငွေ ၂၇ သိန်းကို မြို့နယ်အုပ်ချုပ်ရေးကျနော်တို့အဖွဲ့က ကြားကနေ သွားလှူပေးရတာ၊ စားနပ်ရိက္ခာကတော့ ဆန်တို့ ဆီတို့လည်း ပါတယ်”

ထီးချိုင့်မှာ ၃ ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ထိခိုက်မှုများလို့ လေယာဥ် ၃ စီးနဲ့ ဗုံးကြဲ

“တိုက်ပွဲက ဖြစ်နေတာ ၃ ရက်ရှိပြီ။ ဒီကောင်တွေဘက်က ၁၅ ကောင်လောက် သေတယ်လို့ ခန့်မှန်းသိရတယ်။ ကျနော်တို့ဘက်ကလည်း ထိခိုက်ဒဏ်ရာရတာတွေ ရှိတယ်။ တောင်ရိုးပေါ်မှာ ကျနော်တို့ ကာကွယ်ရေးအဖွဲ့တွေက ဝိုင်းပြီးပိတ်ထားတာ”

ရေစကြိုမြို့ပေါ်တိုက်ပွဲမှာ အသက်၂၄နှစ်အရွယ် PDF တဦးသေဆုံး (ရုပ်/သံ)

PDF မဟာမိတ် ၆ ဖွဲ့လောက် ပူးပေါင်းပြီး စုပေါင်းရုံးနဲ့ ငြိမ်းဇာနည်စခန်းတို့ကို တပြိုင်တည်း ဝင်တိုက်ခဲ့ကြတာဖြစ်ပြီး လက်လုပ်တွေနဲ့ တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10