Danger

ရိက္ခာသယ်တဲ့စစ်ကြောင်း အသွားအပြန် တိုက်ခိုက်ခံရလို့ ၂ ဦးသေဆုံး ၁၉ ဦးဒဏ်ရာရဟု ဆို (ရုပ်/သံ)

"ကျောက်ရစ်ရဲစခန်းကနေ အင်အား ၆၀ ဝန်းကျင်နဲ့ ရိက္ခာအပါအဝင် စစ်လက်နက်ပစ္စည်းတွေ သယ်ဖို့ထွက်လာတဲ့ စစ်ကြောင်းကို မေလ ၆ ရက် ‌မနက်ပိုင်း ၁၀ နာရီလောက်မှာ နနွင်းကိုင်းဘက်ကနေ ခြုံခိုတိုက်ခိုက်ခဲ့တယ်။ တိုက်ပွဲကြာချိန် ၄၅ မိနစ် ကြာတယ်။ မျက်မြင်တွေ့ရတာက အဲဒီအနားမှာ ၂ ယောက် ကျသွားပြီး ဒဏ်ရာတော်တော်များများ ရှိတယ်။"

စစ်ကောင်စီ ၁၂ ဘီးကားယာဉ်တန်း ၂ ကြိမ်တိုက်ခိုက်ခံရလို့ ၁ စီးမီးလောင်ပြီး ထိခိုက်သူတွေလည်းရှိ

“ပခုက္ကူကနေထွက်လာတဲ့ စစ်ကား ၅ စီးကို ဒရုန်းနဲ့ အီနာဂါ ၆ လုံးကြဲတာမှာ ကား ၂ စီးထိပြီး ၄ ဦး ဒဏ်ရာရတယ်”

မုံရွာမြို့ လဝက ရုံးဟောင်းက စစ်သားတွေ တိုက်ခိုက်ခံရလို့ ၁ ဦးသေ ၁ ဦးဒဏ်ရာရ( ရုပ်/သံ)

"ကျနော်တို့ ကားနဲ့ သေနတ် ၄ လက်တင်ပြီး သူတို့ရဲ့ခြံဝန်းဘေးကနေ ကပ်ပြီးပစ်ခတ်ခဲ့တာ။ထိခိုက်သေဆုံးတာက နေရာတင်မှာပဲ တကောင်က သေဆုံးသွားတယ်။ ၁ ကောင်ကတော့ လက်ထိမှန်ဒဏ်ရာနဲ့ပဲ မုံရွာဆေးရုံရောက်သွားတယ်"

တပ်ကူလာသူတွေနဲ့ သွားကြိုတဲ့စစ်အုပ်စု ၂ ခုလုံးကို ကြားဖြတ်တိုက်ခိုက်လို့ သေဆုံးမှုများနိုင်( ရုပ်/သံ)

"ရေစကြိုမြို့ ရုံးပေါင်းစုံဝန်းထဲကနေ ကျောက်ရစ်ရဲစခန်းကို အင်အားဖြည့်ဖို့လာတာ။ ကျနော်တို့စောင့်ပြီး ပခုံးထမ်းတွေ မောင်းပြန်တွေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာ။ သေဆုံးမှုအနည်းဆုံး ၂၀ လောက်ရှိနိုင်ပါတယ်။ အတိအကျတော့ မသိရသေးဘူး"

ရှိမ်းမကားရဲစခန်းကထွက်လာတဲ့ စစ်သားနဲ့ပျူတွေ မိုင်းခွဲခံရပြီး ၄ ဦးသေဆုံးဟုဆို

“မိုင်းဆွဲဖောက်ခွဲခံရအပြီး နာရီဝက်အကြာမှာ ရှိမ်းမကားဗျူဟာကုန်းက (စစ်ကောင်စီအဖွဲ့တွေ) နောက်ထပ်ရောက်လာပြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တယ်၊‌ ဖောက်ခွဲခံရပြီး သေဆုံးတဲ့ အလောင်းတွေကို ပခုံး‌ပေါ်ထမ်းပြီး စခန်းထဲကို ပြန်သွားတယ်”

ရေနံချောင်းက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးဆိုသူ ရှင်းလင်းခံရ

“အဲဒီအုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးအဖွဲ့ဝင်ဟာ လက်ရှိရဲ* စစ်*တွေနဲ့ပေါင်းပြီးတော့ မီတာခတွေ အတင်းအဓမ္မကောက်တယ်၊ လောင်းကစားဝိုင်း လုပ်တယ်၊ ရေနံတွေ မှောင်ခိုလုပ်စားတယ်၊ အဲ့ဒါတွေကြောင့် မနေ့က ညက ၁၂ နာရီခွဲလောက်မှာ ၂ ဖွဲ့ပေါင်းပြီး သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့တာ” လို့ ပြောပါတယ်။

နောင်ကြီးအိုင်ရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ စစ်သား ၃ ဦးသေ ၁၂ ဦးဒဏ်ရာရပြီး Jammer စက်ပျက်စီးဟုဆို

"ကြဲချလိုက်တာမှာ အဆောက်အဦပေါ်တည့်တည့်ကျတယ်။ ဘန်ကာ‌ထဲကိုလည်း တည့်တည့်ကျတယ်။ အဆောက်အဦတွေလည်း အမိုးတွေလန်ပြီး ပျက်ဆီးသွားတယ်။ အဲ့ဒီအဆောက်အဦမှာတပ်ထားတဲ့ Jammer စက်ပျက်ဆီးသွားတယ်"

မုံရွာ - မန္တလေးလမ်းပေါ်မှာ မိုင်းရှာနေတဲ့ စစ်အုပ်စု မိုင်းဆွဲခံရ( ရုပ်/သံ)

မေလ ၅ ရက် မနက် ၁၀ နာရီကျော်လောက်မှာ မြင်းမူမြို့နယ်၊ ဂွေးပင်တောနဲ့ ဘိုးမင်းကြီးအကြား စစ်ကြောင်းရောက်ရှိချိန် မိုင်း ၄ လုံးနဲ့ ၂ ကြိမ်ဆွဲပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်

ရေစကြို စုပေါင်းရုံးကို ပစ်ခတ်တိုက်ခိုက်ခံရလို့ ကင်းသမားတဦး သေဆုံး( ရုပ်/သံ)

"ဒီကောင်တွေက ပခုက္ကူဘက်ကအင်အားတွေခေါ်ပြီး ရေစကြိုမြို့ပေါ်မှာ တိုးချဲ့ထားတာ။ လွန်ခဲ့တဲ့ ၃ ရက်က ပြည်သူအိမ်တွေဖျက်ဆီးတာ‌တွေလည်းရှိတယ်။ ဒါကြောင့်မလို့ ကျနော်တို့ဘက်က သတိပေးတဲ့အနေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာ"

ထီးလင်းမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၇ ဦးခန့်သေဆုံးဟုဆို

“အောင်းမြောက်ရွာအရှေ့နား အသင့်စောင့်ဆိုင်းပြီး ပစ်ခတ်ခဲ့တာ၊ တိုက်ပွဲချိန်က မိနစ် ၂၀ လောက် ကြာခဲ့တယ်၊ ၇ ဦးသေပြီး ဒဏ်ရာရရှိသူတွေရှိတယ်၊ တိုက်ပွဲဖြစ်ပွားချိန်မှာ ဂျက်ဖိုင်တာ ၁ စီး ဝဲလာတာကြောင့် အဖွဲ့တွေ အမြန်ဆုတ်ခွာခဲ့ရတယ်”

မုံရွာမြို့ မြဝတီဘဏ်ရှေ့က စစ်အုပ်စု အလစ်ဝင် တိုက်ခံရလို့ ၁ ဦးသေ (ရုပ်/သံ)

"ကျနော်တို့ မနေ့ကပစ်ခတ်ခဲ့တာမှာ တယောက်ခေါင်းထိပြီး ချက်ခြင်းသေမသွားဘူး။ မုံရွာ စစ်ဆေးရုံက သတင်းပြန်ရတာက ဒီနေ့ နေ့လယ်လောက်မှာပဲ သေသွားတယ်"

မြိုင် စက်မှု ၂ က ထွက်လာတဲ့ စစ်အုပ်စု ပစ်ခတ်ခံရ

"စက်မှု ၂ ကနေ သရက်ကွရွာကို ပြန်တာ၊ သရက်ကွရွာနဲ့ စက်မှု ၂ ဆိုရင် ၂ မိုင်ခွဲ ၃ မိုင်လောက်ဝေးတယ်၊ လမ်းတလျှောက်လုံးမှာလည်း ကင်းပုန်းတွေချထားတာ၊ ကင်းပုန်းဝပ်တဲ့နေရာကနေ ကျ‌နော်တို့ဝင်ပစ်တာ၊ ကားကတော့စောင်းသွားတယ်၊ ထိခိုက်သေဆုံးမှုလည်းရှိနိုင်ပါတယ်၊ အတိအကျတော့ မသိရသေးဘူး"

ကိုယ်တိုင်ထုတ် ၄၀ မမဗုံးသီး စမ်းသပ်ပစ်ခတ်ချိန် ပြောင်းကွဲလို့ ရဲဘော်တဦး ဒဏ်ရာရ (ရုပ်/သံ)

"ကျနော်တို့ ထုတ်လုပ်တာက ကြာပါပြီ။ ၄၀ မမ တလုံးကို ၃ သိန်းဖြစ်နေတော့ ကိုယ်တိုင်ထုတ်လုပ်ပြီး စမ်းသပ်ခဲ့တာပါ။ ထုတ်လုပ်မှုကတော့ အောင်မြင်ခဲ့တယ်။ စမ်းသပ်ပစ်ခတ်တဲ့အခါမှာ ပြောင်းထဲမှာပေါက်ကွဲပြီး ရဲဘော် နိုင်တီတူးရဲ့ ညာဘက်မျက်နှာတခြမ်း စုပ်ပြဲပြီး ညာဘက်လက် ကျိုးသွားတယ်"

ပွေးကျစ်ရဲစခန်း တိုက်ခိုက်ခံရလို့ ရဲ ၂ ဦးသေဆုံးပြီး သေနတ် ၁၀ လက်နဲ့ခဲယမ်းတွေရရှိ (ရုပ်/သံ)

“ သူတို့အင်အားကတော့ စကောက်သတင်းပေးချက်အရ အစကတော့ စခန်းမှာ ၁၃ ယောက်ရှိတာ။ ၈ ယောက်က တရာရုံးကိုသွားတဲ့အချိန် အလစ်အငိုက်ဝင်တိုက်ခဲ့တယ်။ သူတို့ဘက်ကဘာမှ ပြန်လည်ခု ခံနိုင်ခြင်းမရှိဘူးပေါ့။ ** ၂ ကောင်သေပြီး တပ်ကြပ်ကြီးက ဒဏ်ရာရတယ်၊ ၂ ယောက်ကတော့ ထွက်ပြေးသွားတယ်”

စစ်အုပ်စု ဖမ်းဆီးစစ်ဆေးနေတုန်း အပြန်အလှန်တိုက်ခိုက်ကြလို့ PDF ၁ ဦးနဲ့ စစ်သား ၁ ဦးသေဆုံး

“**တွေမရှိသေးဘူးဆိုပြီး ဆူးလေကုန်းရွာကို သွားကြတာ။ **တွေက ရွာအပေါက်ဝမှာ ထမင်းချက်ပြုတ်စားနေကြပြီး သူတို့ထဲက ၂ ကောင်က ရွာထဲဝင်ထွက်သွားလာတဲ့သူ အကုန်လုံးကို စစ်ဆေးနေတာ။ ရဲဘော်တွေ အစစ်ခံရပြီး ဒူးထောက်ခိုင်းတဲ့ အချိန်မှာ ** ၂ ကောင်ကို ဝင်လုံးတာ”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10