Danger

KLG က သင်္ကြန်ရက်မနားဘဲ သစ်ခုတ်ပြီး မီးရှို့ခံရတဲ့နေအိမ် ၁၀၀ အတွက် ထောက်ပံ့

"သစ်တွေကတော့ အိမ်တိုင်သစ်တွေ ရွေးခုတ်ပြီး အမျိုးအစားကတော့ အစုံပါပဲ။ အမာသားတွေလည်း ပါတယ်။ မျောတိုင် ၅၀၀ ကျော်လောက်လည်း ပါတယ်။ ရဲဘော်တွေ သင်္ကြန်ရက်အတွင်းမှာ မနားဘဲနဲ့ ကနီမြို့နယ်အတွင်းက တောထဲမှာ ခုတ်ဖြစ်တာ၊ အခုခုတ်ခဲ့တဲ့သစ်တောက ကျနော်တို့ စိုးမိုးနယ်မြေပါ"

မုံရွာစီးပွားရေးတက္ကသိုလ်အနီးက စကစကင်းစခန်း တိုက်ခိုက်ခံရလို့ စစ်သား ၁ ဦးသေဆုံး

“ကားနဲ့တဖွဲ့သွားပစ်ပြီး တဖွဲ့က ရဲဘော်တွေလွတ်မြောက်အောင် ၄၀ မမနဲ့ ပစ်ပေးတယ်”

မုံရွာနဲ့ဆားလင်းကြီးက ရဲစခန်းတွေကို PDF က တိုက်ခိုက်လို့ ရဲ ၂ ဦး ဒဏ်ရာရဟုဆို

“၃ ချက် ၄ ချက်ပစ်ခတ်ပြီးတော့ ဟိုဘက်ကလည်း ပြန်ပစ်တယ်။ ပြန်ပစ်တော့ ရဲဘော်တွေ ပြန်ဆုတ်လာခဲ့တယ်။ နောက်ထပ် ၁ နာရီလောက်နေမှ ရဲ ၂ ယောက် ထိခိုက်ဒဏ်ရာရတယ်ဆိုတာ သိရတယ်။ သေဆုံးမှုကိုတော့ မသိရသေးဘူး”

မြင်းမူရဲစခန်း လက်နက်ကြီးနဲ့ပစ်ခံရလို့ ထိခိုက်မှုရှိ (ရုပ်/သံ)

"သူတို့ဘက်ကို တလုံးကျလိုက်ပြီးတဲ့နောက်မှာ သူတို့ဘက်ကနေ လက်နက်ငယ်တွေ ၆၀ မမ တွေနဲ့ ကောင်တာပြန်ပစ်တာမျိုးတွေလည်း ရှိတယ်။ ကျနော်တို့ပစ်ပြီး ပြန်သွားချိန် သူတို့ခွေးခြံကနေထွက်ပြီး အနီးနားတဝိုက်ကို ကင်းပတ်တာတွေလည်း လုပ်တယ်။ သေဆုံးမှုတွေတော့ မကြားသေးဘူး။ ထိခိုက်တာတွေပဲ ကြားသေးတယ်"

လူသူကင်းမဲ့သွားတဲ့ ချင်းပြည်နယ်က ဝေဘူလမြို့လေး (ရုပ်/သံ)

လေကြောင်းနဲ့ ဗုံးကြဲခံရပြီးနောက်ပိုင်း ဒေသခံဟာတွေဟာ နီးစပ်ရာ တောတောင်တွေထဲ သွားရောက်တိမ်းရှောင်နေကြတာဖြစ်ပြီး ဝေဘူလမြို့ကို ပြန်မဝင်နိုင်သေးသလို အကူအညီတွေ မရောက်သေးပါဘူး။

ရိက္ခာရှာဖို့ ထွက်လာတဲ့ ပျုစောထီးအဖွဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရ (ရုပ်/သံ)

"ပထမအကြိမ် ၄၀ မမ နဲ့ နေ့လယ် ၁၂ နာရီမှာ ပစ်တာ။ ပစ်နေတဲ့အချိန် ရဟတ်ယာဉ်တစီး တက်လာလို့ နောက်ပြန်ဆုတ်ခဲ့တယ်။ နေ့လယ် ၂ နာရီမှာ ၆၀မမ လက်နက်ကြီးတွေနဲ့ ဒုတိယအကြိမ် ထပ်ပစ်ခဲ့တယ်"

မုံရွာမြို့အဝင်က စစ်ဆေးရေးဂိတ် လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခံရ( ရုပ်/သံ)

ကားနဲ့ပစ်ခတ်ချိန်မှာ ရဲယူနီဖောင်းဝတ်ထားသူတဦးလဲကျသွားတာ မြင်လိုက်ရပေမယ့် သေဆုံးမှုရှိမရှိကိုတော့ အတည်မပြုနိုင်ခဲ့ဘူးလို့ဆိုပါတယ်။

စခန်းရှေ့မူးပြီးကနေတဲ့ စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးများဟုဆို

“ပထမ GPS စနစ်ပါတဲ့ ၈၀ မမ ဗုံးသီးနဲ့ပစ်ချတာမှာ သူတို့ကနေတဲ့ အလည်တည့်တည့်ကိုကျတယ်။ ကနေတာ ၁၈ ကောင်လောက်ရှိတယ်၊ အပစ်ခံရလို့ ဘန်ကာ ၂ ထပ်ပေါ်ကို ၈ ကောင် တက်သွားတဲ့အချိန် ၄၀ မမ၊ ၈၀ မမတွေနဲ့တပြိုင်တည်းပစ်ချတာ ထပ်ပြီးသေတယ်”

သင်္ကြန်အကျနေ့ လုံခြုံရေးယူနေတဲ့ရဲတွေ အဝေးထိန်းမိုင်းခွဲခံရလို့ ဒဏ်ရာရသူတွေရှိ

"ဒေသအခေါ် ၃၆ ပင်းချောင်းတံတားပေါ့၊ အဲ့ဒီပေါ်မှာ လုံခြုံရေးစောင့်နေတဲ့ ရဲတွေကို အဝေးထိန်းမိုင်းအကြီးစား ၁ လုံးခွဲတိုက်ခိုက်ခဲ့တာ၊ ကျနော်တို့ ပြန်ဆုတ်တဲ့အချိန်မှာ သူတို့က နောက်လိုက်ပစ်တာတော့ရှိတယ်။ ရဲတွေ သေဆုံးတာတော့မရှိဘူး၊ ဒဏ်ရာရတဲ့အဆင့်ပဲရှိတယ်”

စစ်ကင်းစခန်းတခု တိုက်ခိုက်ခံရလို့ ၃ ပွင့်ဗိုလ်အပါ ၃ ဦးသေဆုံးဟုဆို (ရုပ်/သံ)

"တိုက်ပွဲချိန်က ၁ နာရီခွဲလောက် ကြာတယ်။ စစ်ကောင်စီဘက်က ပြန်ပြီးပစ်ခတ်နိုင်တာ မရှိခဲ့ဘူး။ ကျနော်တို့ဘက်က ၆၀ မမ လက်နက်ကြီးနဲ့အဖူး ၃၀ ကျော် ပစ်ခတ်ခဲ့တယ်။ အဲဒီစခန်းမှာ သေဆုံးတာက ၃ ယောက်ရှိပြီး ၁ ယောက်က ၃ ပွင့်ဗိုလ်သေတယ်"

ချောက်မြို့ သင်္ကြန်မဏ္ဍပ်မှာ ဗုံးတွေ့လို့ ရဲတွေက ဖောက်ခွဲပစ်

"မနက်က ဗုံးတွေ့တာလည်း ဟုတ်တယ်။ ဗုံးကွဲတာလည်း ဟုတ်တယ်။ အထုပ်တွေ့လို့ဆိုပြီးတော့ ရဲတွေကို လှမ်းခေါ်တာ။ အထုပ်တွေ့တော့ လမ်းကိုရှင်းထားပြီး စခန်းလှမ်းခေါ်တာ။ ရဲ ၅ ယောက် ၆ ယောက်လောက် လာတယ်။ ပထမ ရဲတွေက သေနက်နဲ့ဖောက်မယ်ဆိုပြီး လုပ်တာ။ ရဲတွေက ဗုံးကိုဝါးလုံးနဲ့ဆွတာမှာ ဗုံးကထကွဲတာ။ ဘယ်သူ့မှမရှိတဲ့အချိန်ကွဲတာ၊ထိခိုက်ဒဏ်ရာရရှိသူတော့မရှိဘူး။ အဲဒီပတ်ဝန်းကျင်က ဆိုင်ခန်းတံခါးတွေ မှန်တာတော့ရှိတယ်"

ခရီးသွားကားတွေဆီက ငွေတောင်းနေတဲ့ စစ်အုပ်စု ပစ်ခတ်ခံရလို့ ၃ ဦး သေဆုံး (ရုပ်/သံ)

"မုံရွာ-မန္တလေး ကားလမ်းမကြီး တောင်ဘက်ထိပ် မြောက်ဘက်ထိပ် ကားတွေကို ခေတ္တခဏ ၅ မိနစ်လောက်တားပြီး ဝင်ရောက်တိုက်ခိုက်တာ၊ မြေနဲရွာရဲ့တောင်ဘက် စွမ်းရည်ထက်ဆီဆိုင်အနားမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာ။ အင်အား ၂၅ ယောက်လောက် ရှိတယ်။ လမ်းပေါ်မှာတော့ ၈ ယောက်နဲ့ကောက်နေတာ။ အဲလိုကောက်နေတဲ့အချိန် ပစ်ခတ်ခဲ့တာ"

မတ္တရာမှာ ကင်းပတ်နေတဲ့စစ်သားတွေ မိုင်းဆွဲခံရလို့ ၆ ဦးသေဆုံးဟုဆို

“အခုလိုမိုင်းဆွဲခဲ့ရတဲ့ ရည်ရွယ်ချက်က‌တော့ သင်္ကြန်ကာလ ရေမကစားစေချင်တာနဲ့ အဓိကတော့ ကန့်ဘလူ၊ ပဇီကြီးကျေးရွာမှာ ကျဆုံးခဲ့တဲ့ အပြစ်မဲ့ပြည်သူ ကလေးငယ်တွေအတွက် စိတ်မကောင်းဖြစ်လို့ မြို့ထဲအထိ ခဲရာခဲဆစ် ဝင်ပြီးလုပ်တာ”

သိန်း ၉၀ ဖိုး မြေကွက်ပေါင်ပြီး လက်နက်တွေ ထုတ်နေတဲ့ SGF (ရုပ်/သံ)

သူတို့အဖွဲ့ဟာ လက်နက်ကြီးတွေကို အဓိကအသုံးပြုနေကြတော့ လက်နက်ငယ်တွေထက်စာရင် စရိတ်က ပိုကြီးလို့ ရှိတဲ့ပိုက်ဆံနဲ့ မလောက်လို့ မြေကွက်ပေါင်ထားလိုက်တာ

ဈေးကောက်ငွေတောင်းနေတဲ့ စစ်အုပ်စုပစ်ခတ်ခံရလို့ တပ်ကြပ် ၁ ဦး သေဆုံးဟုဆို

"ရွှေတန်ဆာ မနက်ခင်းဈေးမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာ၊ ၄ ယောက်ထဲ ထွက်လာတာ။ ဘယ်တပ်က စစ်သားတွေဆိုတာတော့ မသိဘူး။ ကျနော်တို့က နောက်ကနေ လိုက်ပစ်ရတာကြောင့် ရှင်းရှင်းလင်းလင်း မြင်ရပြီး ၁ ယောက်က အဲ့ဒီနားမှာ လဲကျသွားတယ်။ ၁ ယောက်က ပေါင်ထိမှန်တယ်။ ၁ ယောက်က ခြေသလုံး မှန်တယ်။ ဒါကတော့ ကိုယ့်မျက်စိရှေ့တွင်မြင်တွေ့လိုက်ရတာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10