Danger

ဆင်ဖြူကျွန်းမှာ ရေကြီးရေလျှံပြီး ကူညီမယ့်သူမရှိလို့ ပြည်သူ အချင်းချင်းပြန်ကူနေရ

မေလ ၁၃ ရက်ကတည်းက မိုးဆက်တိုက်ရွာနေတာဖြစ်ပြီး ဒီနေ့ညနေ ၄ နာရီလောက်ကမှ စလင်းချောင်း ရေလျှံလာတာဖြစ်ပါတယ်။ ရေမြှုပ်သွားတဲ့ရပ်ကွက်ကလူတွေကို ပြည်သူအချင်းချင်းက ပြန်ကူညီကာ ရေဘေးလွတ်ရာကို ကယ်ထုတ်နေကြရပါတယ်။ မိုးဆက်လက်ရွာသွန်းနေသလို စလင်းချောင်းရေဟာ ညဘက်မှာ ဆက်လက်မြင့်တက်လာဖို့ရှိတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြရပါတယ်။

ရဲစခန်းကိုပြန်လာတဲ့ ရဲတွေ လမ်းမှာစောင့်ပစ်ခံရလို့ စခန်းမှူးအပါ ၃ ဦး သေဆုံး

“သူတို့ဘက်က ဆိုင်ကယ် ၂ စီး နဲ့ ၄ ယောက်ထွက်လာတာ၊ ကျနော်တို့ဘက်က ၅ ယောက်နဲ့ စောင့်ကြိုတိုက်ခိုက်ခဲ့တာ။ သူတို့က လက်ပစ်ဗုံးနဲ့ပစ်လို့ ရဲဘော် ၁ ယောက် အထိအခိုက်ရှိလို့ ဆုတ်ခွာခဲ့ရတယ်၊ ကျနော်တို့ဂန်း(သေနတ်)မကောက်နိုင်ခဲ့ဘူး” လို့ ပြောပါတယ်။

မြိုင်နယ်အတွင်း စစ်ကြောင်းထိုးလို့ မိုးရေထဲထွက်ပြေးနေရတဲ့ဒေသခံ ၄၀၀၀ ကျော်ကို MVRF ကယ်ထုတ်ခဲ့ရ

“ကံကြီးတောကိုစစ်ကြောင်းထိုးမှာ သတင်းကြိုရလို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ကြိုတင်စောင့်ဆိုင်းတဲ့အချိန် ထိတွေ့မှုဖြစ်တယ်။ အဲ့ဒီနောက်မှာ စကစတပ်တွေက ဆက်လက်စစ်ကြောင်းထိုးလာလို့ ရွာသူရွာသားတွေကို ဘေးလွတ်ရာကို ပို့ဆောင်နိုင်ခဲ့တယ်”

တောင်တွင်းကြီး လွှတ်တော်ကိုယ်စားလှယ်နဲ့ အမျိုးသမီး ၂ ဦးဖမ်းဆီးခံရပြီး အဆက်သွယ်ပြတ်နေ

"လွှတ်တော်ကိုယ်စားလှယ်ဖမ်းဆီးခံရပြီး ရန်ကုန်က အမျိုးတော်စပ်တဲ့ အမျိုးသမီးနှစ်ဦးကိုလည်း ဖမ်းဆီးပါတယ်။ အင်းစိန်မြို့မရဲစခန်းကို သွားရောက်စုံစမ်းတော့လည်း သူတို့ဆီမှာမရှိလို့ သူတို့လည်းမသိဘူး၊ နောက်တပတ်လောက်နေရင်တော့ သိနိုင်တယ်လို့ အဲဒီစခန်း တာဝန်ရှိသူတဦးက ပြန်ပြောလိုက်တယ်"

မုံရွာ စီးပွားရေးတက္ကသိုလ်ဝန်းက ကင်းသမားတွေပစ်ခံရလို့ ၂ဦးသေဆုံး( ရုပ်/သံ)

"ထိခိုက်သေဆုံးတာက ရဲဘော်တွေမြင်ခဲ့တာနဲ့ အနီးအနားက ကင်းသမားတွေပြောပြချက်အရ ၂ ကောင်သေတယ်"

စလင်း၊ သရက်တောရဲစခန်း စီးနင်းတိုက်ခိုက်ခံရလို့ စစ်အုပ်စုဘက်က ၅ ဦးသေဆုံး၊ ၁၁ ဦးဒဏ်ရာရ

“RPG တွေ၊ လက်နက်ငယ်တွေနဲ့ပစ်ပြီးတော့ စခန်းထဲအထိဝင်တာ။ သူတို့ဘက်က ပြန်မပစ်တော့ဘဲ လုံးဝငြိမ်သွားတဲ့အချိန် စခန်းသိမ်းနိုင်တယ်ဆိုပြီး ရှင်းလင်းရေးတက်လုပ်တာ။ အောက်ထပ်အကုန်လုံး ရှင်းလင်းရေးလုပ်ပြီး အပေါ်ထပ်ကိုအတက်မှာ ဒေါင့်ခန်းကကျန်နေတဲ့ ၁ ကောင်ကပစ်လို့ ကျနော်တို့ဘက်က ထိခိုက်ဒဏ်ရာရရှိမှုတွေဖြစ်ခဲ့တာ”

မြင်းမူမှာ မိုင်းရှင်းတဲ့ယာဥ်တန်းနဲ့ ကြေးနီသယ်တဲ့ကားတွေမိုင်းဆွဲခံရ( ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ အလ္လကပ္ပကျေးရွာနဲ့ ဝမ်းပြည့်ကျေးရွာအကြားမှာ မိုင်းရှင်းဖို့ ရှေ့ပြေးလာတဲ့ ကားတွေနဲ့ ကြေးနီသယ်လာတဲ့ ကားတွေကို မိုင်း ၃ကြိမ်ဆွဲပြီးတိုက်ခိုက်ခဲ့တယ်

အရာရှိလမ်းကြောင်းရဲ့ ကင်းပုန်းကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်လို့ ၁ဦးသေ ၂ဦးဒဏ်ရာရ

"ဒရုန်းသုံးပြီး အီနာဂါဗုံးသီး ၃ လုံးနဲ့ မနက် ၈ နာရီကျော်လောက်မှာ ချတာ။ လမ်းမှာ အရာရှိကား ၂ စီးဖြတ်မှာကို ကန်တော်ရွာအနားမှာ ကင်းပုန်းယူကြတာ၊ ပျူ ၁ ကောင်သေပြီး စစ်** ၂ ကောင်ဒဏ်ရာရတယ်"

ခရီးသွားကားတွေကို ဆက်ကြေးကောက်နေတဲ့ စစ်အုပ်စု ဒရုန်းနဲ့ဗုံးကြဲခံရလို့ ၆ ဦးသေဆုံးဟုဆို

“ပိုက်ဆံကောက်ဖို့ ၁၅ ယောက်စုနေတဲ့နေရာကို အပြင်းစား ဗုံးသီး ၂ လုံးကျပြီး မျက်မြင်တွေရဲ့ပြောပြချက်အရ ၁၃ ကောင်လဲသွားပြီး၊ ၆ ကောင်သေ ၇ ကောင် ဒဏ်ရာရတယ်”

ဒတရ - ၆၀၃ က စစ်သားတဦးကို PDF က အရှင်ဖမ်းဆီး

“သူက ကျနော်တို့ဂိတ်ရဲ့အရှေ့ဘက်ကို ကင်းပုန်းလာဝပ်တာ၊ မသင်္ကာလို့ သူ့ကိုဝိုင်းထားပြီး ဖမ်းလိုက်တာ၊ သူကလည်း စစ်*ဖြစ်ကြောင်း ဖော်ပါတယ်၊ သူက အရပ်သားပုံစံမျိုးနဲ့လာတာ၊ ကျနော်တို့က ဂန်းတွေနဲ့ချိန်တဲ့အခါမှာ သူကနေပြီးတော့ မင်းတို့ငါ့ကို ဘာကြောင့်ဖမ်းတာလည်း ပြောတယ်၊ ကျနော်တို့က စစ်*မှန်းလည်းမသိဘူး၊ ဖမ်းပြီး ကျနော်တို့စခန်းရောက်မှ စစ်ဆေးကြည့်မှ သူက စစ်*ဖြစ်မှန်းသိတာ”

မုံရွာ မန္တလေးလမ်းပေါ်မှာ စစ်လက်နက်ယာဉ်တန်း အကြိမ်ကြိမ်တိုက်ခိုက်ခံရလို့ အနည်းဆုံး ၆ဦးသေဆုံး( ရုပ်/သံ)

မုံရွာ နမခကိုသွားမယ့် စစ်ကောင်စီရဲ့ စစ်လက်နက်တွေသယ်လာတဲ့ ယာဉ်တန်းဟာ စစ်ကိုင်းတိုင်း မုံရွာ မန္တလေးလမ်းပေါ်မှာ အကြိမ်ကြိမ်တိုက်ခိုက်ခံရလို့ အနည်းဆုံး ၆ဦးသေဆုံးပြီး ကား ၃စီး ပျက်စီးခဲ့တယ်

စစ်ကောင်စီဘက်က ၂၀ ကျော်သေဆုံးခဲ့တဲ့ ဇီးဖြူကုန်းရွာတိုက်ပွဲ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို မေလ ၉ ရက်မနက် ၄ နာရီဝန်းကျင်မှာ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၂၀ ကျော် သေဆုံးခဲ့တယ်

မိုးညိုမှာ ရဲတပ်ဖွဲ့က ဆိုင်ကယ်တွေဖမ်းဆီးပြီး ငွေသိန်းဂဏန်းအထိ တောင်းနေ

" တွေ့သမျှအကုန်ဖမ်းတာ ဆိုင်ကယ်တွေကို။ အိမ်တွေဆောက်ဖို့ ဝါးလာဆွဲတဲ့ ဆိုင်ကယ်တွေ ဖမ်းပြီးယူသွားတာ။ ရဲစခန်းကိုပြန်လိုက်ရွေးရတယ်။ ဆိုင်ကယ်သမားတွေက ပြန်ရောင်းဖို့ ပုံးနဲ့ထည့်လာတဲ့ ဓာတ်ဆီပုံးတွေလည်း အကုန်သိမ်းတာ။ ဆိုင်ကယ်တော့ ပြန်ရတယ်။ ငွေတောင်းတာ ၃ သိန်းလောက်ပေးရတယ်။ တချို့ဆိုင်ကယ်တွေလည်း ဖမ်းပြီးသိမ်းသွားတာ ပြန်မရဘူး"

ရေနစ်သေဆုံးတဲ့ စစ်ကြောင်းကို ကွပ်ကဲပြီး ပြန်လာတဲ့ အရာရှိ ၃ ဦးပါတဲ့ ကားမိုင်းဆွဲခံရ (ရုပ်/သံ)

"အရာရှိ ၃ ယောက်ပြန်လာတာ။ လာတာမှာတော့ အင်အားအများကြီးမပါဘူး။ မိုင်းအကြီး ၁ လုံးပဲ ဆွဲနိုင်ခဲ့တယ်။ ကျနော်တို့အဖွဲ့တွေလည်း ကံကောင်းလို့ပါ။ အဲဒီအရာရှိတွေပြန်လာတဲ့ကားတွေကို ကင်းပုန်းဝတ်နေတဲ့ အဖွဲ့ကပစ်လို့မလို့ ထိခိုက်သေဆုံးမှုကတော့ မသိရသေးဘူး။"

ရိက္ခာသယ်တဲ့စစ်ကြောင်း အသွားအပြန် တိုက်ခိုက်ခံရလို့ ၂ ဦးသေဆုံး ၁၉ ဦးဒဏ်ရာရဟု ဆို (ရုပ်/သံ)

"ကျောက်ရစ်ရဲစခန်းကနေ အင်အား ၆၀ ဝန်းကျင်နဲ့ ရိက္ခာအပါအဝင် စစ်လက်နက်ပစ္စည်းတွေ သယ်ဖို့ထွက်လာတဲ့ စစ်ကြောင်းကို မေလ ၆ ရက် ‌မနက်ပိုင်း ၁၀ နာရီလောက်မှာ နနွင်းကိုင်းဘက်ကနေ ခြုံခိုတိုက်ခိုက်ခဲ့တယ်။ တိုက်ပွဲကြာချိန် ၄၅ မိနစ် ကြာတယ်။ မျက်မြင်တွေ့ရတာက အဲဒီအနားမှာ ၂ ယောက် ကျသွားပြီး ဒဏ်ရာတော်တော်များများ ရှိတယ်။"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10