Danger

အင်အားလာဖြည့်တဲ့စစ်အုပ်စု မိုင်းဆွဲခံရလို့ ၃ ဦးသေဆုံး

“သူတို့အင်အားလာဖြည့်တဲ့ ထောက်ပို့ဆိုင်ကယ် ၃ စီးနဲ့ ကား ၁ စီး ကို မိုင်းဆွဲလိုက်တာ။ မနေ့ကပွဲချင်းပြီး အဲဒီအနားမှာ သေဆုံး ၃ ယောက်နဲ့ ကျန်တဲ့သူတွေက အသက်လုနေရတယ်။ ဒဏ်ရာရတဲ့သူတွေလည်း ရှိသေးတယ်။ မြို့သာမှာ အထိုင်ချနေတဲ့တပ်က စစ်သားတွေပါ။ မိုင်းဆွဲခံရပြီး မြို့သာဘက်ကိုပြန်သွားတယ်” လို့ ဆက်ပြောပါတယ်။

၆၀ မမ ပြောင်းနဲ့ ထည့်ပစ်လို့ရတဲ့ အငွေ့ဗုံးသီး ထုတ်လုပ်အောင်မြင်

စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေတဲ့ စစ်ကိုင်းတိုင်းအခြေစိုက် ချင်းတွင်း တိုးနယား PDF အဖွဲ့က ၆၀ မမ လက်နက်ကြီးပြောင်းမှာ ထည့်ပစ်လို့ရတဲ့ အငွေ့ဗုံးကိုစမ်းသပ်အောင်မြင်ခဲ့ပါတယ်။

ရေစကြိုကရွာတရွာကို စစ်တပ်ကဝင်စီးပြီး ပစ္စည်းတွေယူသွား

“ရွာကလူတွေကတော့ သေနတ်ဖောက်သံတွေကြားတော့ ကြောက်လန့်ပြီးထွက်ပြေးကြတယ်၊ ပြည်သူတွေ ထွက်ပြေးကြတဲ့အခါ စစ်အုပ်စုကရွာထဲဝင်ပြီး ပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီးကြတယ်၊ ရွာထဲက ဆိုင်ကယ် ၄ စီး၊ ဝက် ၁ ကောင်ပါသွားတယ်။ ပြည်သူတယောက်အိမ်က ရွှေ ၅ ကျပ်သားလည်းပါသွားတယ်၊ ဘုန်းကြီးကျောင်းက သာသနာပိုင်ပစ္စည်းတွေ ရိုက်ခွဲသွားတယ်၊ သူတို့မလိုချင်တဲ့ ဆိုင်ကယ်တွေကို သေနတ်‌တွေနဲ့ပစ်ပြီး ဖျက်ဆီးသွားတယ်” လို့ ပြောပါတယ်။

မြိုင်မှာ စစ်ကောင်စီရှေ့ပြေးခြေလျင်တပ်သားတွေ မိုင်းဆွဲခံရလို့ သေဆုံးမှုများဟုဆို

"သူတို့ဖြန့်ထွက်လာတာမှာ ကျနော်တို့ဆင်ထားတဲ့မိုင်းတွေအပေါ်အရောက်မှာ ဆွဲလိုက်တာ၊ သေဆုံး ၂၀ လောက်ရှိတယ်၊ မိုင်းထိလို့ ဖောကား‌ ၃ စီးလောက်နဲ့ လာသယ်သွားတယ်၊ ပခုက္ကူ တပ်မ ၁၀၁ ထဲက ဖောကား ၆ စီးနဲ့ထွက်လာတဲ့ စစ်သားတွေ" လို့ ဗိုလ်လက်ယာက ပြောပါတယ်။

ထီးလင်းနယ်ထဲမှာ အခွန်မဆောင်ဘဲ ရှားစေးတင်လာတဲ့ ၁၂ ဘီးကားကိုဖမ်းဆီး

ဇန်နဝါရီလ ၂၁ ရက်နေ့ နေ့လည်ပိုင်း ၁၂ နာရီခန့်လောက်မှာ ပြည်သူတဦးက သတင်းပေးပို့တယ်။ ရှားစေးတင်ဆောင်လာတဲ့ ကား ၁ စီး ဖြတ်သွားတယ်လို့။ သွားရောက်စစ်ဆေးတဲ့အခါမှာ ၁၂ ဘီးကားပေါ်မှာ ရှားဆေး ပိဿာချိန် ၆ ထောင်ခန့် သယ်ဆောင်လာတာ တွေ့တယ်။ အခွန်ဆောင်လား မဆောင်လား စစ်ဆေးပါတယ်။

ကင်းပုန်းဝပ်နေတဲ့နေရာ Drone နဲ့ ဗုံးကြဲခံရလို့ စစ်ကောင်စီတပ်သား ၂ ဦးဒဏ်ရာရ

"မနေ့က မနက် ၇ နာရီခွဲလောက် တွင်းမရွာအနားမှာ ကင်းပုန်းဝပ်နေတဲ့ စစ်သားနဲ့ ပျူတွေကို Drone နဲ့ အီနာဂါဗုံးကြဲချတာ၊ ၂ ယောက်တော့ ထိခိုက်ဒဏ်ရာရတယ်။ အပြန်အလှန်ပစ်ခတ်တာ ရှိတယ်။ ဒဏ်ရာရတဲ့ ၂ ယောက်ကိုတော့ ကားပေါ်မတင်သွားတယ်။ သူတို့ဆီက လက်နက်တော့ မရခဲ့ဘူး"

မြင်းမူက စစ်အုပ်စုတပ်စခန်း တိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံး

မြင်းမူမြို့အရှေ့ဘက် ၄ မိုင်ခန့်အကွာရှိ အဲ့ဒီတပ်စခန်းမှာ စစ်ကောင်စီအင်အား ၄၀ ဝန်းကျင် တပ်စွဲနေပြီး သူတို့ဟာ လမ်းသွားလမ်းလာ ပြည်သူတွေကိုလည်း ဆပ်ကြေးတောင်းတာတွေ လုပ်နေတဲ့အတွက် ဒီမနက် ၁၁ နာရီဝန်းကျင်မှာ မဟာမိတ်အဖွဲ့တွေနဲ့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ -မြင်းခြံခရိုင်မှ တပ်ရင်းမှူး ဗိုလ်သက်ကြီးက ပြောပါတယ်။

ကနီက စစ်ရှောင်တွေကို KLG PDF က ဆန်နဲ့ဟင်းသီးဟင်းရွက်တွေ ထောက်ပံ့

စစ်ကောင်စီတပ်သားတွေရဲ့ စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးမှုကို ခံခဲ့ရတဲ့ ကနီမြို့နယ်ရှိ ကျေးရွာက ဒေသခံတွေကို မနေ့ကညနေ ၃ နာရီလောက်မှာ သွားရောက်ထောက်ပံ့ပေးခဲ့တာလို့ ကျောက်လုံးကြီး KLG တပ်မဟာအဖွဲ့ တာဝန်ခံက ပြောပါတယ်။ “မနေ့က ညနေ ၃ နာရီမှာ သွားရောက်ထောက်ပံ့ပေးခဲ့တာ၊ ဆန် ၅ တင်း နဲ့ ဟင်းသီးဟင်းရွက်တွေ ထောက်ပံ့ပေးခဲ့တယ်” လို့ ပြောပါတယ်။

တမခ ၁၀၁ က စစ်သားတွေ မိုင်းဆွဲခံရလို့ သေဆုံးမှုများနိုင်

“မနေ့ကမနက် ၆ နာရီခွဲမှာ ပခုက္ကူဘက်ကနေ ကမ္မဘက်ကို ထွက်လာတဲ့ ဖောကား ၆ စီးကို မိုင်းပွိုင့် ၃ ပွိုင့်နဲ့ ဆွဲတိုက်ခိုက်တာ ကမ္မဘက်ကိုသွားတဲ့ ကန်တော်ရွာအကျော်မှာ ဆွဲခဲ့တာ၊ ဖောကား ၆ စီး နဲ့ ၉၀ ကျော် ပါလာတာ၊ ပခုက္ကူ တပ်မ ၁၀၁ ထဲက ထွက်လာကြတာ၊ မနေ့ကတော့ ကမ္မက နာရေးကားတွေနဲ့ သယ်နေကြတယ်” လို့ ပြောပါတယ်။

စစ်ကိုင်းမှာ ရွာ ၁၅ ရွာပေါင်းပြီး PDF ကို ဆန်နဲ့စားနပ်ရိက္ခာတွေ ထောက်ပံ့

“အခုလို ထောက်ပံ့တဲ့အပေါ်မှာ အတိုင်းမသိ ဝမ်းသာတာပေါ့။ ကျနော်ရပ်တည်နေရတာကလည်း စားနပ်ရိက္ခာအစ လက်နက်တွေဝယ်ဖို့ ဘတ်ဂျက်တွေ လိုအပ်နေတာ၊ ကျနော်တို့က အာဏာရှင်စနစ်ဆိုးကိုမကြိုက်လို့ တော်လှန်နေရပေမယ့် ငွေရေးကြေးရေးအပိုင်းမှာ ဘက်ဂရောင်း မရှိကြဘူး။ လက်ရှိတော်လှန်နေတာကလည်း ကျနော်တို့မှာ အိုးပစ်အိမ်ပစ်နဲ့ ဆိုတော့ အခက်အခဲတွေ ကြုံနေရပါတယ်”

မြိုင်မှာ စစ်ကောင်စီရိက္ခာကား ပစ်ခတ်ခံရလို့ ၂ ဦးသေဆုံးပြီး ကျည်မှန်ဒဏ်ရာရသူများဟုဆို

မကွေးတိုင်း၊ မြိုင်မြို့မှ သရက်ခွရွာဘက်ကို ရိက္ခာလာပို့တဲ့ စစ်ကောင်စီတပ်တွေကို ဒေသခံကာကွယ်ရေးတပ်တွေက ဝိုင်းပြီးတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး၊ ပျူအမျိုးသမီး လည်ပင်းလည်း သေနတ်ထိမှန်သလို စစ်သား ၆ ဦးပါ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ကန့်ဘလူမှာ ပျူစောထီးတွေတိုက်ခိုက်ခံရပြီး ဒဏ်ရာရသူ များပြားဟုဆို

"လက်နက်ကြီးနဲ့ ၅ လုံး ပစ်ခတ်ပြီး ပြန်ဆုတ်လာခဲ့တာ၊ ည ၉ နာရီခွဲမှာ ပစ်ခတ်ခဲ့တာ၊ ၈၀ မမ ၁၂၀ မမ တွေနဲ့ပစ်ခတ်ခဲ့တာ၊ ထိခိုက်ဒဏ်ရာ ရသူတွေတော့ရှိတယ်လို့ သိရတယ်။ နာရီဝက်လောက် အပြန်အလှန်ပစ်ခတ်ခဲ့တယ်။ အဲဒီနတ်အင်းကျေးရွာမှာက ပျူတွေပါ။ ပျူအင်အား ၁၀၀ လောက်ရှိတယ်"

နယ်မြေလာရှင်းတဲ့စစ်ကား မိုင်းဆွဲခံရလို့ ၅ ဦးခန့် သေဆုံးနိုင် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ထဲမှာ တပ်မ ၃၃က မိုင်းရှင်းဖို့ လာတဲ့ စစ်ကား ၁ စီး မိုင်းဆွဲခံရလို့ ကားပေါ်ပါတဲ့ စစ်သား ၅ ဦးလောက် သေဆုံးခဲ့တယ်လို့ Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇-မြင်းခြံခရိုင်ဆီက သိရပါတယ်။

ထီးလင်းမှာ ၅ တန်း ကျောင်းသားတဦး မိုင်းနင်းမိလို့ အသက်အန္တရာယ်စိုးရိမ်ရ

"ခွေးတွေထောင်ထားတဲ့နင်းမိုင်းပါ။ ဒီကလေးကို အမြန်ဆုံးဆေးကုသမှုခံယူဖို့အတွက် လိုက်လံပို့ဆောင်ပေးထားပါတယ်။ ကလေးရဲ့အခြေအနေက ခြေထောက်ကတော့ တဖက်ကတော့ ပြတ်ထွက်သွားတယ်။ အသက်ရှင်နိုင်ဖို့အတွက် ဆေးကုသမှုမီနိုင်မလား မမီနိုင်ဘူးလား မသိရသေးပါဘူး။ အသက်အန္တရာယ်စိုးရိမ်ရပြီး အသက်ဆုံးရှုံးနိုင်မှု အခြေအနေမသိရသေးဘူး"

မီးရှို့ခံလိုက်ရတဲ့ အိမ်ထောင်စု ၁၄၅ စုကို PDF က ဆန်၊ စောင်နဲ့ အဝတ်အထည်တွေ ထောက်ပံ့

"ကျနော်တို့ အိမ်ခြေ ၁၀၀ ကျော်ကို ၁ အိမ်ကို ဆန် ၁ တင်းနှုန်းဝေခဲ့တယ်။ နောက်တရွာက မီးဘေးသင့် ၁၂ အိမ်ကို ဆန် ၁ အိတ်လှူဒါန်းခဲ့တယ်။ အိမ်ထောင်စု ၁၄၅ စုအတွက် အဝတ်အထည်နဲ့ စောင်တွေ လှူဒါန်းပြီး သောက်ဖို့သောက်ရည်အိုး အခက်အခဲဖြစ်နေမှာစိုးလို့ သောက်ရည်အိုးတွေ လှူဒါန်းခဲ့ပါတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10