လက်နက်ကြီးထိထားတဲ့ကြားက နောက်မဆုတ်ဘဲ ကာပစ်ပေးခဲ့လို့ PDF တပ်ခွဲမှူး ၁ ဦး သေဆုံး
တိုက်ပွဲကျသေဆုံးခဲ့တဲ့ ရဲဘော်ဟာ အသက် ၃၃ နှစ်အရွယ် တပ်ခွဲမှူး နိုင်ဝင်း ဆိုသူဖြစ်ပြီး စစ်ကြောင်းကို တိုက်ခိုက်နေချိန် စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့လို့ PDF တွေအကြား လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ကာ အခြားရဲဘော်တွေ လွတ်မြောက်ဖို့ နောက်မဆုတ်ဘဲ ကာပစ်ပေးခဲ့တာကြောင့် သေဆုံးခဲ့တာလို့ တာဝန်ခံက ပြောပါတယ်။