Kyaw Gyi

နွားထိုးကြီးမှာ အမျိုးသား ၁ ဦး ဖမ်းဆီး အသတ်ခံရ

"သူ့အိမ်ကနေ လူတစုက လာဖမ်းသွားပြီး သတ်ပစ်လိုက်တာလို့ သိရတယ်။ သူက မြို့ထဲမှာ ဂျပန်ကားလေး ဝပ်ရှော့ဖွင့်ထားတယ်။ အရင်ကတော့ သူက စကစ၊ ဌာနဆိုင်ရာအချို့က လူတွေနဲ့ ကားကိစ္စ အရောင်းအဝယ်လုပ်တာတွေလည်း ရှိတယ်။ ငွေကြေးကိစ္စတွေလည်း ရှိတယ်လို့ သိရတယ်။ ဘာကြောင့် အသတ်ခံရတယ်ဆိုတာတော့ သေချာမသိရဘူး"

လက်ပံတန်းမှာ ရဲစခန်းနဲ့လောင်းကစားဝိုင်းတိုက်ခိုက်ခံရပြီး ရဲ ၂ ဦးအပါ ၅ ဦးသေ ၄ ဦးဒဏ်ရာရ

"သူတို့ရဲစခန်းက လက်ပံတန်းနဲ့သာရဝေါကို ဆက်သွယ်ထားတဲ့ ရထားလမ်းဘေးမှာရှိတာ။ ကလေးတွေက သတင်းလုံလုံခြုံခြုံနဲ့ လုပ်သွားနိုင်တယ်။ ပြောက်ကျားစနစ်နဲ့ ဝင်ပစ် ပြန်ဆုတ်နိုင်ခဲ့တယ်"လို့ မြေပြင်တိုက်ခိုက်ရေးနဲ့ နီးစပ်တဲ့ PDF ရဲဘော်တဦးက ပြောပါတယ်။

အမြန်လမ်းမှာ နောက်ဘီးပွင့်ပြီး ယာဉ်မတော်တဆဖြစ်လို့  သားအဖ ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

"ကားမှာ နောက်တာယာပွင့်ထွက်နေတာ တွေ့ရတယ်။ အရှိန်များ တာယာပွင့်ပြီး လမ်းဘေးတန်းတွေနဲ့ မိုင်တိုင်ကို တိုက်မိတဲ့ပုံစံမျိုး။ အမျိုးသား ၁ ယောက်ကတော့ နေရာမှာပဲ ဆုံးတယ်။‌ သေဆုံးသူရဲ့ သမီးဖြစ်သူကတော့ ဆေးရုံသယ်သွားချိန်မှာ ထပ်ဆုံးတယ်"

မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ မိုင်းပေါက်ကွဲလို့ စစ်ကောင်စီတပ်သားတွေနဲ့ အရပ်သားတွေထိခိုက်မှုရှိ

"သူတို့အရှေ့က စစ်ကားပါလာတာ။ ခရီးသည်တင်ကားက အန်စာတုံး။ မန္တလေးက ဆေးကုပြီး ပြန်လာတဲ့အဖွဲ့တွေလည်း ကားပေါ်ပါတယ်။ ကားသီးသန့်မငှားတော့ဘဲ လိုင်းကားနဲ့ပြန်လာကြတာ။ ကားပေါ်မှာ ခရီးသည်က ၁၀ ဦးကျော်ပဲပါတယ်။ စစ်ကားမိုင်းဆွဲချိန် ရောပြီးထိသွားတာ။ သေတဲ့သူတော့မရှိဘူး။ ဒဏ်ရာရသွားကြတယ်”

ပဲခူးတိုင်းမှာ စစ်ကောင်စီကို တန်ပြန်ထိုးစစ် အရှိန်အဟုန်မြှင့်သွားမယ်

"ခုက စစ်ရေးမြှင့်မှာဖြစ်လို့ စစ်ရေးနဲ့ပတ်သက်ပြီး ပြောလို့အဆင်မပြေဘူး။ ခုက အသိပေးထားတာက ပဲခူးတိုင်းတတိုင်းလုံးနဲ့ မွန်ပြည်နယ်အစပ်နေရာ လမ်းပိုင်းတွေမှာ သတ်မှတ်ထားတဲ့အချိန်အတွင်း ပြည်သူတွေ မသွားလာဖို့ပါ။ ဒါကလည်း ပြည်သူတွေ မထိခိုက်အောင် အသိပေးတာဖြစ်ပါတယ်"

PDF တွေရဲ့အသည်းကို အရက်နဲ့မြည်းမယ်ဆိုတဲ့ မင်းလှက အုပ်ချုပ်ရေးမှူးနဲ့ရာအိမ်မှူး ပစ်ခံရလို့ သေဆုံး

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေရဲ့ အသည်းကို အရက်နဲ့မြည်းမယ်လို့ ကြွေးကြော်ထားတဲ့ ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ငလှစမ်းကျေးရွာက အုပ်ချုပ်ရေးမှူးဦးလှမြင့်အပါအဝင် ဇရစ်မြောင်ကျေးရွာက ရာအိမ်မှူး ဦးမြင့်ဌေးဟာ ဇွန်လ ၃၀ ရက် မနက် ၁၁ နာရီခန့်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ခဲ့လို့ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ရွှေဘိုမှာ လက်နက်ကြီးနဲ့ မိုင်းထိလို့ ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရ

"ဦးတိုးအောင်က လယ်နတ်ပူဇော်မလို့ လုပ်နေတဲ့အချိန်မှာ လက်နက်ကြီးထိတာ။ ဒဏ်ရာတော့ များတယ်။ တည်သီးတောက လင်မယားကျတော့ မိုင်းထိပြီး ဆေးရုံရောက်နေတယ်ဆိုပြီးတော့ တွေ့ရတယ်"

စမွန်းရွာ စီးနင်းခံရမှု ဘုန်းကြီးအပါအဝင် PDF တွေနဲ့ ရွာခံ ၁၁ ဦးဖမ်းဆီးခံရပြီး လက်နက်တွေ သိမ်းဆည်းခံရ

"ပစ္စည်းတွေက ဘုန်းကြီးကျောင်းထဲက ကားတွေပေါ်မှာ တင်ထားတာ။ စကစ ဘက်က ရုတ်တရက်ဝင်လာတော့ ဘာမှ ယူချိန်မရဘဲ အဖွဲ့ဝင်တွေလည်း ဆုတ်ခွာ၊ ပြည်သူတွေလည်း ပြေးနေရတော့ စကစ ဘက်က ပစ္စည်းတွေရသွားတာ။ ဘုန်းကြီးကျောင်းထဲ လက်နက်တွေ မိတယ်ဆိုတော့ ဘုန်းကြီးပါ ဖမ်းသွားတယ်။"

မကွေးမှာ ရေပြိုင်ကူးရာမှ လူငယ် ၁ ဦး ရေနစ်သေဆုံး

“ဖြစ်တဲ့နားက မြစ်ဟိုဘက်ကမ်း ဒီဘက်ကမ်းက သိပ်မဝေးတော့ ရေကူးနေကြရင်းကနေ လူငယ် ၂ ဦးက ရေကူးပြိုင်ကြတာ။ အဲ့မှာ လူငယ်တယောက်က ကူးနေရင်းကနေ ကြွက်တက်ပြီး မြုပ်ကျသွားတာ"

စစ်ကောင်စီက PDF အသွင်ယူပြီး စမွန်းရွာထဲဝင်ပစ်ခတ်လို့ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရ

" စကစ က PDF ဝတ်စုံတွေနဲ့လာတော့ ရွာက လူတွေက ပထမတော့ မပြေးသေးဘူး။ နောက်မှ ပစ်ခတ်မှုတွေလုပ်တော့ PDF တွေမဟုတ်မှန်းသိလို့ ပြေးကြတာ။ ပြေးတဲ့ သူတွေလည်း သူတို့က မဲမဲမြင်ရာလိုက်ပစ်တော့တာပဲ။ ခုလည်း ပြေးလွှားရင်းနဲ့ ကျည်ထိသေဆုံး ဒဏ်ရာရသူတွေကို ကူညီပေးလာခဲ့ရသေးတယ်"

ဆားလင်းကြီးက စစ်ရှောင် ၄ ထောင်ကျော်အတွက် အရေးပေါ် ရိက္ခာလိုအပ်

"ခုက စစ်ရှောင်တွေက မုံရွာဘက်ကို လှေနဲ့ကူးပြီးလည်း အလုပ်လုပ်လို့မရဘူး။ စကစဘက်က ရေလမ်းကို ပိတ်ထားတယ်။ ရွာပြန်လို့ကလည်းမရ၊ တပ်ထိုင်ထားတယ်။ အလုပ်ကမရှိကြတော့ ကျနော်တို့ဘက်က စီစဥ်ပေးတဲ့ စားသောက်စရာတွေဘဲ မှီခိုစားနေကြရတယ်။ ရက်ရှည်လာတော့လည်း လိုအပ်ချက်ကများလာတယ်"

ရေတာရှည်မှာ PDF တွေ အလင်းဝင်လာတယ်ဆိုပြီး စစ်ကောင်စီဝါဒဖြန့်

"ခုက စကစ ဘက်က လုပ်ဇာတ်လုပ်တာပါပဲ။ PDF တွေကို စည်းရုံးနိုင်တယ် သူတို့လုပ်နိုင်တယ်ဆိုတာ ကို ပြချင်တာပေါ့။ နောက်တခုက PDF တွေဘက်က စိတ်ဓာတ်ကျနေပြီး သူတို့ဆီအလင်းဝင်ရတဲ့အထိ ဖြစ်နေပြီးဆိုပြီး ပြည်သူကို ဆိုက်ဝါးထည့်ချင်နေတာ"

ခင်ဦးမှာ ခရီးသည်တင်ယာဥ် ၁ စီး မိုင်းထိလို့ ၇ ဦးဒဏ်ရာရ

"ကလေးကနေ ရန်ကုန်အတက်ကားလို့ သိရတယ်။ ကားလည်း ဖြစ်တဲ့နေရာအရောက် မိုင်းလည်း ထကွဲတာ။ ကားက ရှေ့ဘန်ကာကြီးတောင် ပြုတ်ကျသွားတယ်။ ဒဏ်ရာတွေကတော့ မစိုးရိမ်ရတွေ ရသွားကြတယ်"

ရွှေကျင်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ၁ ဦးဒဏ်ရာရပြီး ဒေသခံတွေပါ ဘေးလွတ်ရာထွက်ပြေးနေရ

"သူတို့ကတော့ PDF တွေရှိတယ်ဆိုပြီး အကြောင်းပြချက်နဲ့ ပစ်နေတာပါဘဲ။ ခု လက်နက်ကြီးထိတဲ့ တယောက်ဆို သူဟာသူအိမ်ထဲနေနေတာကို အစလာမှန်တာ"

မုံရွာမြို့ပေါ်မှာ လူငယ် ၃ ဦးစီးလာတဲ့ဆိုင်ကယ် ပစ်ခံရလို့ ၁ ဦးသေ၊ ၁ ဦးဖမ်းခံရ

"စကစဘက်က သတင်းရလို့ စောင့်ပစ်တာနဲတူတယ်။ ဆိုင်ကယ်ကတော့ နေရာမှာပဲ လဲသွားတာ။ ဖြစ်တဲ့နေရာမှာ ကောင်လေးတယောက်က သေသွားတာ။ တယောက်ကိုလည်း စကစ က ဖမ်းခေါ်သွားတယ်။ တယောက်ကတော့ လွတ်သွားတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10