Kyaw Gyi

ပဲခူးမြို့ရှောင်လမ်းရှိ စစ်ကောင်စီထောက်ပို့တပ် တိုက်ခိုက်ခံရပြီး သေဆုံးဒဏ်ရာရသူများရှိ

"၄၀ မမနဲ့သွားပစ်ကြတာ။ အဲ့ဂိတ်မှာက စစ်ကောင်စီတပ်သားတွေက လူဦးရေက ပုံမှန်တော့မရှိဘူး။ ၅ ဦးရှိရင်လည်းရှိတယ်။ အဲ့ထက်ပိုရှိရင်လည်းရှိတယ်။ ပစ်ခတ်မှုကတော့ သိပ်မကြာလိုက်ပါဘူး"

အုတ်ဖိုမှာ အုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ပစ်ခံရလို့သေဆုံး

ပစ်ခတ်ခံရသူဟာ အသက် ၄၅ နှစ်ဝန်းကျင် ကြို့ကိုးပင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဝမ်းဖြစ်ပြီး အောက်တိုဘာလ ၄ ရက် ဒီကနေ့ မနက် ၈နာရီခွဲဝန်းကျင်မှာ နေအိမ်ကနေ ဆိုင်ကယ် နဲ့ ထွက်လာချိန် အနီးကပ် သေနတ်နဲ့ ၈ ချက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကလေးငယ် ၁ ဦးအပါအဝင် ၂ ဦးဒဏ်ရာရ

"အဲ့နေ့က သူတို့က PDF တွေရှိမယ်ထင်တဲ့နေရာတွေကို လက်နက်ကြီးရမ်းပစ်တာ။ ရွာပြင်လယ်ကွက်တွေထဲလည်း ကျတယ်။ ရွာထဲကျတော့ လူထိတယ်။ အစမှန်တဲ့ နှစ်ယောက်က အိမ်နီးနားချင်းတွေပါ"

ဝေါက ကျေးရွာ ၃ ရွာကို စစ်တပ်က အဝင်အထွက်ပိတ်ထားလို့ ဒေသခံတွေ အခက်တွေ့

"အပြင်စျေးသည်တွေလည်း မဝင်ရ။ ရွာက လူတွေလည်း အပြင်ထွက် အလုပ်လုပ်မရတော့ ငတ်တော့မယ့် သဘောရှိနေတယ်။ ခုတော့ ရှိတာချွေတာစားနေရတယ်။ လက်ပံရွာက အဆိုးဆုံးပဲ"

ပုဇွန်မြောင်းရွာထဲက နေအိမ် ၅၀ နီးပါးခန့်ကို စစ်ကောင်စီ မီးရှို့

"မနေ့ညနေ မိုးချုပ်ကာနီးလောက်စပြီး မီးရှို့နေတာ မြင်နေရတယ်။ တော်တော်များများလည်း လောင်နေတဲ့ အခြေနေရှိတယ်။ နေအိမ်တလုံးကို မီးစရှို့ရာကနေ မီးကူးသွားတာ"

စစ်သင်တန်းပေးဖို့သွားတဲ့ ကြံ့ခိုင်ရေးပါတီဝင်ပျူစောထီးခေါင်းဆောင် သေနတ်ပစ်ခံရပြီး သေဆုံး

“ သူ့ကိုဆက်မလုပ်ဖို့ အကြိမ်ကြိမ်သတိပေးပေမယ့် မလိုက်နာလို့ အနီးကပ်ပစ်ခတ် ရှင်းလင်းခဲ့တယ်"

လမ်းဖျက်ဖို့လာတဲ့ စစ်ကောင်စီအဖွဲ့ ချုံခိုအတိုက်ခံရလို့ သေဆုံးမှုများပြီး သေနတ်တလက်ရ

"လမ်းဖျက်တဲ့ ဘက်ဟိုးနဲ့အတူ လာတာကိုတွေ့လို့ ပစ်တာ။ ကျနော်တို့ဘက်က လက်ဦးမှုရပြီး ပစ်လိုက်နိုင်တယ်။ တိုက်ပွဲကတော့ ၅ နာရီနီးပါး ဖြစ်လိုက်တယ် "

တောင်တွင်းကြီးမှာ တောင်ကျချောင်းရေကြောင့် လူ ၁ ဦးသေဆုံးပြီး ရပ်ကွက် ၆ ခုမှာ ရေဝင်ရောက်

"ပုံမှန်ရေကြီးရင် အလွန်ဆုံး ၂ ပေလောက်ပဲ။ ၅ ပေလောက်အထိ ရေတက်လာတာ။ နှစ်ပေါင်း ၆၀ လောက်မှာ အဆိုးဆုံးရေကြီးမှုပဲ။ သေဆုံးသူအလောင်းတော့ ပြန်ရပြီ"

သာယာဝတီမှာ စပါးစျေး ကျပ် ၁၃ သိန်းဝန်းကျင်​သာ စျေးပေါက်နေလို့ တောင်သူတွေ တွက်ခြေမကိုက်

"ခုခေတ်ကုန်စျေးနှုန်းအရဆိုရင် အနည်းဆုံး စပါးတင်းတရာကို ကျပ် ၁၅ သိန်းအထက်ရမှ နည်းနည်းအဆင်ပြေရုံရမယ်။ အဲ့ဒီအောက်ဆိုရင် လူပင်ပန်းခတောင်မရတဲ့ အခြေအနေပါ။ စိုက်စရိတ်ခ အရင်ကထက် နှစ်ဆပိုကုန်လာတော့ မလွယ်ဘူး"

ညောင်လေးပင်မှာ ၁၀ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်မှုရှိ

"ကျနော်တို့ရှိနေတာ ဒီကောင်တွေသိလို့လာဝိုင်းတာ။ အဲ့မှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်တာကော မိုင်းမိတာ၊ စနိုက်ပါမိတာကော စကစဘက်က ၄၀ လောက်ကျမယ်" လို့ ဒေသခံ PDF အဖွဲ့ဝင်တဦးက ပြောပါတယ်။

ပဲခူးမြို့နယ်မှာ မွန်ရိုးရာ သင်္ဘောကြီးဆွမ်းတင်ပွဲ ကျင်းပ

"ဒီနှစ်လည်း အရင်နှစ်တွေလိုဘဲ အစဥ်အလာမပျက် လုပ်ကြပါတယ်။ ဘယ်လိုအခက်အခဲတွေရှိနေကြပါစေ မွန်လူမျိုးတွေက အလှူအတန်းဆို ရက်ရောကြတယ်" လို့ ဒေသခံ မွန်လူမျိုးတဦးက ပြောပါတယ်။

မိုးရွာချိန် သဲချောင်းကို ကားနဲ့ဖြတ်ဖို့ကြိုးစားတဲ့ သားအဖ ကားနဲ့အတူ ချောင်းထဲ မျောပါသေဆုံး

သေဆုံးသွားတဲ့သားအဖ ၂ ဦးဟာ ကျောက်ပန်းတောင်းမြို့ကနေ ညောင်ဦးမြို့နယ် တောင်ဘီလေးကျေးရွာအုပ်စု၊ သဲရာချောင်းကျေးရွာမှာ စျေးရောင်းပြီး စက်တင်ဘာလ ၂၈ ရက် ည ၁၂ နာရီခန့်မှာ လိုက်ထရပ်ယာဥ်နဲ့ ပြန်လာတဲ့အချိန် တောင်ကျချောင်းရေ စီးနေတဲ့ချောင်းကို ဖြတ်ဖို့ ကြိုးစားခဲ့ရာမှာ အခုလို သေဆုံးခဲ့ရတာဖြစ်ပါတယ်။

မြင်းခြံမှာ စစ်ကောင်စီ သတင်းပေး ၄ ဦး နေအိမ်မှာ ပစ်သတ်ခံရ

"စကစနဲ့ မပတ်သက်ဖို့ သတင်းမပေးဖို့ အကြိမ်ကြိမ်သတိပေးပေမယ့် မလိုက်နာတဲ့အတွက် သူတို့ နေအိမ်တွေမှာပဲ လေးငါးခြောက်ချက်မက ပစ်ခတ်ရှင်းလင်းခဲ့တာ"

ပြည်မှာ အမျိုးသား ၁ ဦး ကြိုးဆွဲချသေဆုံး၊ ၉ လအတွင်း ကြိုးဆွဲချသေဆုံးသူ ၁၄ ဦးထိရှိလာ

"သေဆုံးသူ အမျိုးသားရဲ့ မိန်းမက ပြည်ဆေးရုံက ဝန်ထမ်းလို့သိရတယ်။ လူမှုရေးကိစ္စ စိတ်ညစ်စရာရှိလို့ ခုလိုလုပ်လိုက်တာဖြစ်မယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကိုင်းမြို့ လူမှုဖူလုံရေးရုံးရှေ့ ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသမီး ၂ ဦးထိခိုက်

စက်တင်ဘာ ၂၇ ရက် ညနေ ၅ နာရီခန့်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် ၄၀ နှစ်အရွယ် ဒေါ်နွယ်နီလှနဲ့ အသက် ၅၁ နှစ်အရွယ် ဒေါ်ရီမိုးဆိုသူ ၂ ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10