ရွာအဝင်လမ်းမှာ မိုင်းထိလို့ ဒေသခံ ၂ဦးသေဆုံး
"ရွာမှာက စစ်တပ်ဘက်က တပ်စွဲထားလို့ ပြေးနေကြရတာ။ ခုက စစ်တပ်မရှိတော့ဘူးဆိုလို့ ရွာအခြေအနေကို သွားကြည့်ရာမှာ မိုင်းထိသွားတာ။ နှစ်ယောက်စလုံးက နေရာမှာပဲ ဆုံးသွားကြတယ်။"
"ရွာမှာက စစ်တပ်ဘက်က တပ်စွဲထားလို့ ပြေးနေကြရတာ။ ခုက စစ်တပ်မရှိတော့ဘူးဆိုလို့ ရွာအခြေအနေကို သွားကြည့်ရာမှာ မိုင်းထိသွားတာ။ နှစ်ယောက်စလုံးက နေရာမှာပဲ ဆုံးသွားကြတယ်။"
"သူကို စကစက ထောင်ချထားပြီးတော့ ရောဂါဖြစ်လို့ ဆေးရုံတက်ကုသနေရာကနေ ညက ဆုံးသွားတယ်။ သူဆေးရုံတက်နေရချိန် သူမိသားစုက သွားတွေ့ခွင့်ရတယ်လို့တော့ သိရတယ်။"လို့ ဦးမောင်ဒီ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
"ကလေးတွေက ကျောင်းပြေးပြီး ရေဆင်းကူးတာနေမယ်။ ရေနစ်နေတာကို လမ်းသွားလမ်းလာတွေက တွေ့ရာကနေ ဝိုင်းဆယ်ကြတာ။ သူတို့ရေနစ်တဲ့နေရာ ဆည်မြောင်းဘေးမှာ ဘတ်ဟိုးတွေနဲ့ မြေတူးထားတဲ့ မြောင်းလိုဖြစ်နေတဲ့နေရာမှာ ဖြစ်တာ" လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
"ကျနော်တို့က သူ့ကို ရှာနေတာတော့ ကြာပြီ။ မတွေ့ဘူး။ ခုကလည်း ကျနော်တို့အလုပ်ကိစ္စတခုနဲ့သွားနေချိန် သူကလည်း သူအဖော်တွေနဲ့လာချိန် လမ်းမှာဆုံလို့ ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းပြီး ရှင်းပစ်လိုက်တာဖြစ်တယ်"လို့ နတ်မောက် ဂဠုန် PDF တာဝန်ခံ ဗိုလ်အောင်ဒင်က ပြောပါတယ်။
"သူတို့က အဲ့ဒီဆိုင်ကို ဦးတည်ထားပြီး ဝင်ဖမ်းသွားတာလို့ သိရတယ်။ အဓိက က ကမ္မမြို့မှာ စကစတပ်သားတွေနဲ့ ဝန်ထမ်းတွေ ပြည်သူ့ရင်ခွင်ခိုလှုံဖို့ ဆိုင်းဘုတ်ဗီနိုင်းကို သူတို့လုပ်ပေးတယ်ဆိုပြီး ဖမ်းသွားတာ။ အမှန်တကယ်က သူတို့က ကျနော်တို့နဲ့ ပတ်သက်တာမရှိဘူး"
"သူက အရက်မူးနေတယ်လို့ ပြောတယ်။ လူတယောက် ရေထဲပြုတ်ကျသွားတာကို လယ်ကွင်းထဲက သူတွေက လှမ်းမြင်လိုက်ပေမယ့် ပြန်တက်လာမယ်ထင်ကြတာ။ နည်းနည်းကြာတော့ ပြန်တက်လာတာမတွေ့မှ အကူအညီလှမ်းတောင်း၊ သွားဆယ်ကြရတာ"
"တံတားပျက်နေတော့ ဆိုင်ကယ်လေးတွေ သွားလာလို့ရအောင် ပျဥ်ပြားတံတားလေး လုပ်ထားကြတာ။ သံတွေဘာတွေတောင်မရိုက်ထားဘဲ ဆိုင်ကယ်တစီးလောက်သွားလို့ရအောင် ဒေသခံတွေက လုပ်ထားကြတာ။ မနေ့က အဲ့နားမှာ ဆိုင်ကယ်ကယ်ရီသမားတွေကော ဒေသခံတွေကော တံတားကူးနေချိန် ပစ်ခံရတာ"
"မိုင်းပေါက်တဲ့အချိန်က စျေးမှာလူစည်ကားချိန်ဖြစ်နေတော့ ထိခိုက်သူတွေများသွားတဲ့သဘောရှိမယ်။ စျေးမဖွင့်ခင်ကတည်းက ထောင်ထားတာလား။ စျေးဖွင့်ပြီးမှ လာချသွားတာလားတော့ မသိရဘူး" လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
"သားအမိ ၂ ဦးတည်းရှိနေချိန် အနုကြမ်းစီး (ဓားပြတိုက်)သူတွေက အိမ်ထဲရောက်လာပြီး ပစ္စည်းတွေ ထုတ်ခိုင်းတယ်။ အိမ်ရှင်က ထုတ်ပေးဖို့ကြာနေတော့ သူတို့ဟာသူတို့ မွှေနှောက်ယူသွားတယ်။ အကြောင်းသိတဲ့သူတွေ ဖြစ်နိုင်တယ်။ ရွှေတွေ ဘယ်မှာထားတယ်ဆိုတာက အစ သိနေတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။
"သူက မုံရွာပညာရေးရုံးကနေ ညနေ အိမ်ပြန်လာချိန်မှာ ပစ်သတ်ခံရတာလို့ သိရတယ်။ သူက မုံရွာကနေ ယင်းမာပင်ကို အပြောင်းကျထားတယ်လို့ သိရတယ်။ ဘယ်အဖွဲ့က ဘာကြောင့်လုပ်တယ်ဆိုတာတော့ မသိရဘူး"
"သူတို့ဘက်က စစ်ကြောင်းမလာခင်ကတည်းက လက်နက်ကြီးတွေနဲ့ အရင်ပစ်တာ။ နောက်မှာ စစ်ကြောင်းက လိုက်ဝင်လာတော့ ဒီဘက်က ကြိုစောင့်နေတဲ့ အဖွဲ့တွေနဲ့တိုက်ပွဲဖြစ်တာ။ သူတို့လာတော့ အပိုင်စောင့်ပစ်ရတဲ့ သဘောရှိတယ်။ ရေရှည်ကျတော့ စကစ ဘက်က ပစ်အားသာတော့ ပြန်ဆုတ်လာကြရတယ်"
"သူတို့ ၂ ဦး ဖမ်းဆီးခံလိုက်ရတာက ဟုတ်ပါတယ်။ သူတို့က ဆိုင်ကယ်နဲ့မြို့ထဲ မစ်ရှင်သွားရာမှာ ဖမ်းခံရတာ။ ဖမ်းဆီးခံရချိန်မှာလည်း စကစ တပ်သားတွေရဲ့ ရိုက်နှက်တာကို ခံရသေးတယ်"
"သူတို့လင်မယားကို ဖမ်းသွားပြီးတော့ စစ်တာပေါ့။ KNU၊ PDF တွေ ဘာလုပ်နေလဲ သိသလောက် ရေးပေးဆိုပြီး စာရွက်အလွတ်မှာ ရေးခိုင်းတယ်တဲ့။ ရိုက်နှက်ထုထောင်းတာတွေတော့ မရှိဘူး။ မနေ့က ပြန်လွတ်လာတယ်"
"သူတို့ရွာက တရွာလုံးနီးပါး ရွာမှာမနေကြဘူး။ စစ်တပ် စစ်ကြောင်းဝင်တာရှိသလို PDF အဖွဲ့တွေလည်း ဝင်တာတွေရှိတာကြောင့် ရွာကနေ အဆင်ပြေရာပြောင်းနေကြတာ။ ခုအသတ်ခံရတဲ့ အုပ်ကြီးကလည်း သူလည်း အသတ်ခံရမှာကြောက်လို့ မြိုပေါ်လာနေကာမှ ပစ်သတ်ခံရတယ်"
"သူဆေးရုံတက်နေရတာကို ဆေးရုံဝန်ထမ်းတဦးက စကစကို သတင်းပေးလိုက်လို့ လာဖမ်းသွားတာ။ သူ့ကို လူနာစောင့်ပေးနေတဲ့သူတွေတောင် မနည်းလွတ်အောင်ပြေးလာရတာ"လို့ နတ်မောက်ဂဠုန် PDFတာဝန်ခံ ဗိုလ်အောင်ဒင်က မြေလတ်အသံကို ပြောပါတယ်။