ရုပ်သံ ဆောင်းပါး

CDM ဗိုလ်မှူး ဟိန်းသော်ဦးသတင်းကို မျှော်နေတဲ့ မိခင် ဒေါ်ဝင်းဝင်း (ရုပ်သံဆောင်းပါး)

ဗိုလ်မှူး ဟိန်းသော်ဦး ပျောက်နေတာ ဒီနေ့အထိဆိုရင် ၃ နှစ် နီးပါးကြာသွားခဲ့ပြီဖြစ်တဲ့အတွက် ဒေါ်ဝင်းဝင်းဟာ သားဖြစ်သူရဲ့သတင်းကို နေ့စဉ်မျှော်လင့်နေပြီး သူသားနဲ့ပတ်သက်တဲ့ သတင်းကြားထားသူတွေရှိရင် အကြောင်းကြားပေးဖို့ တောင်းဆိုနေပါတယ်။

သနပ်ခါးဥဒါန်း (ရုပ်သံဆောင်းပါး)

သူတို့ခွဲခွာသွားပြီးဆိုကတည်းက ကျနော်အရင်လို သန့်ရှင်းသပ်ရပ် မနေတော့ဘူး၊ ရာသီဥတုဒဏ်တွေ ရောဂါ ဒဏ်တွေကိုပါ စပြီးခံစားလာရတယ်။ လိုအပ်တဲ့ အဟာရလည်းမရ ပြုစုသူလည်း မရှိတော့ဘူး။ အဲဒီလိုနဲ့ ကျနော့်ရဲ့ ဖွံ့ဖြိုးမှုတွေရပ်တန့်၊ ကိုယ်ပိုင်ရနံ့တွေလည်း အရင်လို မသင်းပျံ့နိုင်တော့ဘဲ ပတ်ဝန်းကျင်မှာ ကျနော်ငယ်စဉ်ကတည်းက မရှုရှိုက်ဖူးတဲ့ ယမ်းငွေ့နံ့တွေနဲ့သာ...

အငတ်ဘေးဆိုက်လာတဲ့ အညာက ပျူစောထီးအားကောင်းတဲ့ ရွာတွေ (ရုပ်သံဆောင်းပါး)

ဟံသာဝတီရွာမှာ ဆား၊ အချိုမှုန့်၊ ငပိ၊ ငံပြာရည်၊ ဟင်းခပ်အမွှေးအကြိုင်၊ ထန်းလျက်၊ လက်ဖက်ခြောက်၊ ဆပ်ပြာ၊ ခေါင်းလျှော်ရည် စတဲ့အခြေခံစားသောက်ကုန်နဲ့ အသုံးအဆောင်တွေ ပြတ်လပ်နေတာ ၂ နှစ်ကျော်ရှိပြီး လောက်စာလုံးအရွယ် ထန်းလျက်တခဲကို ကျပ် ၁,၀၀၀၊ ကျပ် ၁,၅၀၀ အထိ ဈေးပေါက်တယ်လို့ မကြည်က ရွာထဲကအခြေနေကို ပြောပြပါတယ်။

စစ်ခေါင်းဆောင်နှစ်ယောက်ကြားက ကြီးမားလာတဲ့ အက်ကွဲကြောင်း (ရုပ်သံဆောင်းပါး)

အရင်က ဒုတပ်ချုပ်ခရီးစဉ်တွေမှာ စစ်ဘက်အဆင့်မြင့်အရာရှိကြီးတွေဖြစ်တဲ့ နေပြည်တော်စစ်ရုံးက အနိမ့်ဆုံး သက်ဆိုင်ရာနယ်မြေအလိုက် ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီးအဆင့် လိုက်ပါရတဲ့အပြင် ဗိုလ်ချုပ်ကြီးအဆင့်တွေဖြစ်တဲ့ ညှိကွပ်(ကြည်း/ရေ/လေ)၊ ရေတပ်ချုပ်၊ လေတပ်ချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်တွေဖြစ်တဲ့ စစ်ရေးချုပ်၊ စစ်ထောက်ချုပ် စတဲ့ အရာရှိချုပ်အများအပြား ဝန်းရံလိုက်ပါရပါတယ်။

သဘင်ဥက္ကဋ္ဌ ဇာတ်မင်းသား ဖိုးချွတ် (ရုပ်သံဆောင်းပါး)

အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်ဆန္ဒပြမှုတွေစတင်ချိန်က စစ်တပ်ကို ဆန့်ကျင်ကြဖို့၊ ပြည်သူ့ဝန်ထမ်းတွေ CDM ပြုလုပ်ကြဖို့နဲ့ အာဏာရှင်စနစ်ကိုဆန့်ကျင်ဖို့ ကြွေးကြော်ဆန္ဒပြပွဲတွေမှာ အနုပညာရှင်များအဖွဲ့နဲ့အတူ ဦးဆောင်ပါဝင်ခဲ့တဲ့ ဇာတ်မင်းသားဖိုးချစ်ဟာ အထက်က ပုဂ္ဂိုလ်နှစ်ဦး သံပြိုင် ပြောဆိုသွားတဲ့ စစ်ကောင်စီကို မကြိုက်ကြောင်းစကားတွေကို အားမာန်အပြည့်နှင့် ဟောခဲ့ပြောခဲ့ဖူးတာကြောင့် ဖြစ်ပါတယ်။

တိုင်းပြည်ပျက်ခြင်းနဲ့ မြန်မာ့အလှမယ်က ပေးတဲ့သင်ခန်းစာ (ရုပ်သံဆောင်းပါး)

Miss Grand International ပြိုင်ပွဲမှာ အလှမယ် သဲစုငြိမ်း အခု ဖြစ်တဲ့သဘောကို စာရေးသူ ကိုယ်ချင်းစာမိ တယ်။ သူ့ကို နားလည်နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ စာရေးသူတို့သင်ကြားခဲ့ရတဲ့ပညာရေး၊ ကြီးပြင်းခဲ့ရတဲ့ပတ်ဝန်းကျင်မှာ အပြိုင်အဆိုင် ငါသာအနိုင်ရမယ်ဆိုတဲ့ အတွေး၊ ငါသည်သာ လူတကာထက် သာလွန်တယ် ဆိုတဲ့အတွေး၊ အတ္တကိုသာ ဗဟိုပြုစဉ်းစားတဲ့အတွေးကိုသာ ကြိုးစားမွေးမြူကြတယ်။

စီနီယာအာဏာရှင်တွေထက် ကြွယ်ဝလာသူ (ရုပ်သံဆောင်းပါး)

စစ်တပ်အာဏာသိမ်းအုပ်ချုပ်မှုကြောင့် တိုင်းပြည်ဟာချွတ်ခြုံကျခဲ့ပေမယ့် အာဏာသိမ်းစစ်ခေါင်းဆောင်တွေဘဝကတော့ နတ်ပြည်နတ်နန်းမက ကြွယ်ဝပိုင်ဆိုင်သွားကြပါတယ်။

ရွာသားကြီးတဦးရဲ့ တနိုင်ဝန်တော်လှန်ရေး (ရုပ်သံဆောင်းပါး)

ဘယ်သူဘာပြောပြော၊ ဆွေမျိုးစုတွေဘယ်လိုပဲ ဟားဟား ဘကြီးကအကြောက်မပျက်။ ဒါ့ကြောင့် မဆလခေတ်ရော သန်းရွှေလက်ထက်မှာပါ ခေတ်ကြီးတစ်ခုလုံးက သူနဲ့ဘာမှမဆိုင်သလို ပြားပြားမှောက် ကြောက်ခဲ့တယ်။

ခြိမ်းခြောက်မှုမြင့်မားလာတဲ့ ပဲခူးရှေ့ခြမ်းက မိုင်းအန္တရာယ် (ရုပ်သံဆောင်းပါး)

“ တက်နင်းမိတာက ကျမနင်းမိတယ်လို့ ထင်တယ်။ သူ(ညီမ)က အရှေ့က ကျမက နောက်က။ မိုင်းက ပေါက် (ကွဲ)ပြီးတော့ ကိုယ်ကလည်း တုံးလုံးဖြစ်သွားတော့ ‘ဟယ် ငါမိုင်းတက်နင်းမိတာနဲ့တူတယ်’ ဆိုပြီး ထဖို့လုပ် တော့ ထူပူနေတဲ့အချိန်ဆိုတော့ မနာမကျင်သေးဘူးလေ။ လူကတော့ ထလို့ မရဘူး။ ငုတ်တုတ်ထိုင်လို့တော့ ရတယ်”

အိမ်ပျောက်သူတွေကို အိမ်ပြန်ခိုင်းတဲ့ စစ်တပ် (ရုပ်သံဆောင်းပါး)

စစ်ကောင်စီက နေရပ်ပြန်ဖို့၊ နေအိမ်မှာနေကြဖို့ အသည်းအသန်တိုက်တွန်းနေပေမယ့် ရေဘေးဒဏ်သင့် ပြည်သူတချို့ဟာ ပြန်စရာနေအိမ်မရှိတော့သလို အိမ်ပြန်လို့ရတဲ့အခြေအနေတွေလည်း မဟုတ်သေးပါဘူး။

မန္တလေးမြို့ကြီး ငိုတဲ့နေ့ (ရုပ်သံဆောင်းပါး)

အဲဒီနေ့ အောက်တိုဘာ ၈ ရက်ဟာ အာဏာသိမ်းစစ်တပ်ရဲ့ အငြိုးတကြီးဖမ်းဆီးအကျဉ်းချခံခဲ့ရသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ၊ မန္တလေးတိုင်းဝန်ကြီးချုပ်ဖြစ်ခဲ့သူ ဒေါက်တာဇော်မြင့်မောင်ကို သင်္ဂြိုဟ်တဲ့နေ့ ဖြစ်ပါတယ်။

တော်လှန်ရေးနှင့် သစ်တောပြုန်းတီးမှု (ရုပ်သံဆောင်းပါး)

သစ်ပင်တို့သည် လူသားတို့အတွက် အကျိုးကျေးဇူးများစွာ ပေးစွမ်းနေသော်ငြားလည်း မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် သစ်တောပြုန်းတီးမှုကို ထိန်းချုပ်နိုင်ခြင်းမရှိပေ။ မြန်မာနိုင်ငံတွင် အစိုးရအဆက်ဆက်သည် နိုင်ငံခြားဝင်ငွေ ရရှိစေရန် သစ်ထုတ်လုပ်မှုကို စည်းကမ်းမဲ့စွာ တရားဝင်လုပ်ကိုင်ခဲ့ကြပြီး ပြုန်းတီးသွားသည့် သစ်တောများကို ပြန်လည်စိုက်ပျိုးခြင်း မရှိခဲ့သည့်အတွက် မြန်မာ့သစ်တောအများစုသည် သစ်တောပြုန်းတီးမှုဒဏ်များနှင့် ကြုံတွေ့နေရပါသည်။

ရန္တပိုဆိပ်ကမ်းမှာ အိုးလှန်းကြရမယ့်နေ့ (ရုပ်သံဆောင်းပါး)

အစုန်အဆန် စက်လှေကြီးငယ်တို့ အဆက်မပြတ်ဆိုက်ကပ်ခဲ့တဲ့ဆိပ်ကမ်း၊ ရွာရဲ့အဓိကထွက်ကုန် မြေအိုးတွေကို မြန်မာနိုင်ငံအနှံ့ပို့ပေးခဲ့တဲ့ ဆိပ်ကမ်း၊ ကမ္ဘာလှည့်ခရီးသွားတွေ သင်္ဘောကြီးတွေနဲ့ ဝင်ထွက်လေ့လာခဲ့ရာ၊ မြစ်ဧရာရဲ့အရှေ့ဘက် ရန္တပိုဆိပ်ကမ်းလေးဟာ အခုတော့ တိတ်တိတ်ဆိတ်ဆိတ်။ မျှော်သူမရှိ။ ခေါ်သူလည်းမရှိ။

အကျဉ်းစံ လူထုသပိတ်ခေါင်းဆောင် ပန်ဒါ (ရုပ်သံဆောင်းပါး)

ငယ်စဉ်ကလေးဘဝကတည်းက စာပေဝါသနာပါသူ၊ တက္ကသိုလ်ကျောင်းသားဖြစ်တော့လည်း ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး ကြိုးစားခဲ့သူ၊ ဒီမိုကရေစီရေး အစဉ်တစိုက် လှုပ်ရှားလာခဲ့သူ၊ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် မုံရွာက နေ့စဉ်ရက်ဆက်ဆန္ဒပြပွဲတွေမှာ ဦးဆောင်ပါဝင်ရင်း တိုင်းသိပြည်သိ ထင်ရှားလာသူကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဟောင်း ပန်ဒါလို့ ချစ်စနိုးအခေါ်ခံရတဲ့ ကိုဝေမိုးနိုင်ဟာ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက် ဖမ်းဆီးခံရပြီးနောက် အကျဉ်းထောင်ထဲမှာ ၃ နှစ်ကြာဖြတ်သန်းရင်း အသက် ၂၉ နှစ် ပြည့်သွားခဲ့ပါပြီ။

မကတတ်ဘဲ ဇာတ်ထောင်တဲ့ စစ်တပ် (ရုပ်သံဆောင်းပါး)

ဒီလိုရေကြီးတာတွေကို မိုလေးဝသ သတိပေးချက်ထုတ်ပြန်တာ၊ မြစ်ရေကြီးမှုအန္တရာယ်၊ ပိုးမွှား၊ လျှပ်စစ်၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး ကြိုတင်သတိပေးတာ၊ အချိန်မီပြောင်းရွှေ့တာ၊ ပြည်သူကို သတိပေးဖို့ လိုအပ်တယ်ဆိုတာလည်း သူတို့အလုပ် မဟုတ်သလိုပါပဲ။ သူတို့လုပ်တယ်ဆိုတာ သူတို့စစ်တပ် ဝါဒဖြန့်ရုံမျှ အတွက်သာ လုပ်တာမျိုးပါ။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10