CDM ၂ ကြိမ်လုပ်ခဲ့သည့် လသားမိခင်ရဲမေ (ရုပ်သံဆောင်းပါး)
မဇင်မာလွင်သည် မနက် ၉ နာရီ ကနီမြို့မရဲစခန်းတွင် တန်းစီပြီးနောက် အိမ်သို့ပြန်လာခဲ့သည်။ ညနေပိုင်း၌ ရဲစခန်းသို့ ပြန်သွားရမည်ဖြစ်၏။ သို့သော် သူသည် ၅ လသားအရွယ်သမီးဖြစ်သူကို ရင်မှာလွယ်၊ အထုပ် တထုပ်နှင့် လက်ပစ်ဗုံးတလုံးကိုယူပြီး ဆိုင်ကယ်စီးကာ သူတာဝန်ကျရာ ကနီမြို့မရဲစခန်းကို ကျောခိုင်း ထွက်ခွာလာခဲ့တော့သည်။