သတင်း

သံဃာမောင်းလာတဲ့ကားကဝင်တိုက်လို့ လူငယ် ၂ ဦး သေဆုံး

"ဘုန်းကြီးကားက သူရှေ့က ယာဥ်ကိုကျော်တက်တာ ဖြစ်ပါလိမ့်မယ်။ အရှိန်မထိန်းနိုင်တော့ တဖက်ယာဥ်ကြောကို ရောက်လာပြီး ဆိုင်ကယ်ကိုဝင်တိုက်တာ။ ကောင်လေးကတော့ နေရာမှာပဲ သေသွားတယ်။ ကောင်မလေးက ဆေးရုံပို့ချိန်လမ်းမှာဆုံးတာ"

ရေတာရှည်နယ်က ကျေးရွာတွေမှာ ရထားလမ်းကင်းစောင့်ဖို့ စစ်ကောင်စီက ဖိအားပေးနေ

"ပထမက ပြည်သူ့စစ်ပေးဖို့ တောင်းတယ်။ လုပ်လိုသူတွေမရှိလို့ ခုတခါ ရထားလမ်းကင်းစောင့်ဖို့ လုပ်ခိုင်းတယ်။ ဒါကိုလည်း လုပ်လိုတဲ့သူတွေမရှိကြလို့ ထွေအုပ်ကနေပြီး ကျေးရွာအုပ်ကြီးတွေကို ဖိအားပေးနေတယ်။"

ပေါက်ခေါင်းမှာ စစ်သားတွေ တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး

"၂၅ ရက်နေ့တိုက်ပွဲမှာ ဒီကောင်တွေအထိနာပြီး လှည်းကူးရွာမှာ စခန်းချလိုက်တယ်။ အဲ့ဒါကို အလစ်ဝင် တိုက်ခိုက်ခဲ့တာ။ သေတဲ့ကောင်တွေကို တရွတ်တိုက်ဆွဲသွားတယ်။ ၂ ယောက်သေတယ်။ ၂ ယောက်ဒဏ်ရာရတယ်"

ယင်းမာပင်မြို့နယ်ရဲစခန်းနဲ့ ခရိုင်ရုံး လက်နက်ကြီး ပစ်ခံရလို့ ၅ ဦးသေ (ရုပ်/သံ)

“သူတို့က ရဲစခန်း၊ စာသင်ကျောင်း၊ ခရိုင်ရုံး ၃ နေရာလုံး တပ်စွဲထားတာ၊ လက်နက်ကြီးပစ်တော့ ဘယ်နေရာကျကျ သူတို့ခြံဝန်းထဲကျတာပဲ၊ ဖရဲသီးသတင်းပေးတာက ၅ ယောက်ကျတယ်၊ ၈ ယောက် ထိခိုက်တယ်၊ ဆေးရုံချက်ချင်းတင်ရတယ်၊ ၂ ယောက်ကတော့ ဆေးရုံရောက်မှ ကျတယ်။”

ပုလဲမှာ ပအဖခေါင်းဆောင်နေအိမ်အပါ ဒေသခံနေအိမ်တွေကို စစ်ကောင်စီက မီးရှို့ပစ္စည်းယူ

" ကိုဇော်ထက် အိမ်မီးရှို့ခံရတယ်။ တိုက်ခံအိမ်ဆိုတော့ အိမ်အပြင်တော့ မလောင်ခဲ့ဘူး။အိမ်အတွင်းထဲက ပစ္စည်းအားလုံး မီးရှို့ခံလိုက်ရပါတယ်"

ပြည်မှာ ပြည်သူ့စစ်ဖွဲ့ဖို့ ၁ ရွာကို လူ ၈ ဦး မဲနှိုက်တောင်းပြီး မဲမပေါက်သူတွေက ပိုက်ဆံပေးရ

"စစ်တပ်ကလူတွေ မပါတာများတယ်။ ကျနော်တို့ရွာဆို ရဲနဲ့အုပ်ချုပ်ရေးအဖွဲ့တွေဘဲပါတယ်။ မဲနှိုက်ခိုင်းတယ်။ မဲပေါက်တဲ့သူတွေအတွက် ရွာမှာကျန်တဲ့သူတွေက ထောက်ပံ့ကြေးဆိုပြီး မပေးမနေရပေးရတယ်"

PDF ထောင်ထားတဲ့ မိုင်းတွေကိုသိမ်းလာချိန် ပေါက်ကွဲမှုဖြစ်ပြီး စစ်သား ၃ ဦးသေဆုံး

"သူတို့ဘက်က မိုင်းတွေကို ဖြုတ်သိမ်းပြီး ကားပေါ်တွေတင်ပြီးအပြန် သူတို့ဘက်ကသိမ်းသွားတဲ့ မိုင်းတွေထဲမှာ ကျနော်တို့ဘက်က နည်းပညာအရ လုပ်ထားတဲ့မိုင်းတလုံးကို ဖောက်ခွဲခဲ့တာ။ လိုက်ထရပ်ကားပေါ်ပါတဲ့ စကစ အဖွဲ့တွေထိခိုက်သေဆုံးတာရှိတယ်"

ပဲခူးရိုးမ ဧရိယာထဲနေ တရားမဝင်သစ်ခိုးထုတ်သူတွေကို ၁၀ ရက်အတွင်း ထွက်ခွာဖို့ ရိုးမစွမ်းအားတပ်ပေါင်းစု သတိပေး

"သစ်သမားတွေက လမ်းတွေဖောက်တယ်၊ သူတို့ဖောက်တဲ့လမ်းကနေ စစ်ကြောင်းက တက်တက်လာပြီး ရွာတွေကိုမီးရှို့တာခဏခဏလုပ်တယ်။ စစ်ရှောင်ပြည်သူတွေရဲ့ လုံခြုံရေးစိုးရိမ်ရတာကြောင့် ထုတ်ပြန်ချက်ကို ထုတ်ခဲ့တာပါ။"

ရွှေကျင်မှာ စစ်တပ်ကပစ်တဲ့ လက်နက်ကြီးထိလို့ ပြည်သူ ၂ ဦးဒဏ်ရာရ

"လူနေအိမ်တွေနားကိုကျလာလို့ နေအိမ်မှာ စကာထိုင်ပြောနေသူတွေ အစမှန်ဒဏ်ရာတွေရခဲ့ကြတယ်။ စိုးရိမ်စရာတော့မရှိဘူး။ ရွာသားတွေကတော့ လန့်ကုန်တယ်"

ရိက္ခာထွက်ဝယ်တဲ့ တောပုရွာက ပျူစောထီး ၃ ဦး ကာကွယ်ရေးတပ်ဖွဲ့တွေ ရှင်းလင်း

“ကျနော်တို့ ကြိုတင်သတင်းရထားလို့ သွားစောင့်နေတာပါ။ အဲဒီပျူသေတွေကို မုံရွာ− မန်းလေး အမြန်လမ်း လယ်ကောင်မှာ သူတို့ဆိုင်ကယ်တွေနဲ့ ပေါင်းပြီး မီးရှို့ပေးခဲ့ပါတယ်”

မတ္တရာနယ်မှာ စစ်တပ်က စစ်ရှောင်အမျိုးသား ၂ ဦးကို ဖမ်းကာ ဦးခေါင်းကိုတေ့ပစ်သတ်

"စစ်ရှောင်နေရင်းဖမ်းမိသွားတာလို့သိရပါတယ်။ ကျေးရွာတွေကပ်လျက်ရှိနေတော့ စစ်ကြောင်းနဲ့တွေ့ပြီး ဖမ်းပြီးမှ ဆင်ရွာဟောင်းမှာ သတ်သွားတာ"

တူမီးသေနတ်နဲ့စခဲ့တဲ့ တောင်ညိုနဂါးတပ်ဖွဲ့  လက်နက်ကြီး/ငယ်တွေ ထုတ်လုပ်တိုက်ခိုက်နိုင်ပြီ (ရုပ်/သံ)

တပ်ဖွဲ့စတင်ဖွဲ့စည်းပြီးနောက်မှာတော့ စစ်ကောင်စီကို တူမီးသေနတ်၊ လက်လုပ်နင်းမိုင်းတွေနဲ့စတင်တိုက်ပွဲဝင်ခဲ့ရာမှ ၄.၈ ကျည်နဲ့ပစ်ရတဲ့ တတောင့်ထိုး လက်လုပ်ခါးချိုးသေနတ်တွေ ၈၀ မမ၊ ၆၀ မမ၊ ၅.၅၆ ကျည်သုံး ရိုင်ဖယ်နဲ့ကျည်ဘောက်တွေပါ ထုတ်လုပ်နိုင်နေပြီလို့ တပ်ဖွဲ့တာဝန်ခံကိုဇေယျက ပြောပါတယ်။

ကောလင်းမြို့နယ်အရှေ့ခြမ်းက သစ်ဖုလစခန်းကို တော်လှန်ရေးတပ်တွေတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အရှေ့ခြမ်းက သစ်ဖုလစစ်ကောင်စီစခန်းကို ဒေသခံတော်လှန်ရေးတပ်တွေ စခန်းသိမ်းတိုက်ခိုက်နေပြီး ဖေဖော်ဝါရီ ၂၇ ရက် ဒီနေ့အထိ တိုက်ပွဲပြင်းထန်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

မုံရွာရဲစခန်းမှာ အဖမ်းခံရထားသူ ၂၀၀ ဝန်းကျင် ၁ နှစ်ကျော်ကြာတဲ့အထိ တရားရင်ဆိုင်ခွင့်မရသေး

အဖမ်းခံထားရသူတွေထဲမှာ PDF အဖွဲ့ဝင်တွေ၊ PDF တွေနဲ့ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးခံရသူ၊ ဖုန်းစစ်ဆေးချိန် နိုင်ငံရေးနဲ့ပတ်သက်ပြီး ရေးသားထားတာ၊ တဆင့်ရှယ်ထားသူတွေ၊ ထောက်ပို့တွေပါဝင်ပြီး အများစုကိုတော့ ဘာကြောင့်အဖမ်းခံရလည်းဆိုတာ မသိရသေးပါဘူး။

တိုက်ပွဲအရှိန်မြှင့်မှာဖြစ်လို့ ကလေးမြို့ကပြည်သူတွေ အမြန်ဆုံးရှောင်ကြဖို့ ခရိုင်ပကဖ သတိပေး

“ကလေးမြို့တည်ဆောက်ပုံက နေရာယူထားတာ တအားကောင်းတာ၊ နယ်စပ်ဒေသရဲ့ ထွက်ပေါက်မို့လည်း အရင်ထဲကသေချာကာထားတာ။ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းရှိတဲ့မြို့ ဖြစ်လို့ အစွမ်းကုန်ကာကွယ်ဖို့ ကြိုးစားမှာပဲ။ ဒီမြို့ရသွားရင် ချင်းပြည်နယ်က Auto လွတ်မြောက်သွားမှာ။ စစ်တပ်ကုန်သွယ်ရေးလမ်းကြောင်းကိုပြန်ပြီး ဖြတ်တောက်ပို့ အကောင်းဆုံးနေရာလည်းဖြစ်တယ်။ ဒီနေရာကို လွယ်လွယ်နဲ့အဆုံးရှုံးခံမှာ မဟုတ်ဘူး။”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10