သတင်း

နဂါးတွင်းရွာက နေအိမ် ၁၀၀ ကျော်ကို စစ်တပ်ကမီးရှို့ဖျက်ဆီး၊ အမျိုးသမီး ၁ ဦးကို မီးရှို့သတ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ နဂါးတွင်းရွာက နေအိမ်တွေကို စစ်တပ်က မီးရှို့ဖျက်ဆီးသွားသလို ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီး ၁ ဦး ကိုလည်း မီးရှို့သတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မင်းတုန်းမှာ တိုက်ပွဲတွေဖြစ် စစ်ကောင်စီဘက်က ၈ ဦးသေဆုံးပြီး PDF စခန်းမီးရှို့ခံရလို့ သိန်း ၄၀၀ ဖိုးခန့်ဆုံးရှုံး

"အနီးကပ်တိုက်ပွဲမှာ ကျနော်တို့ဘက်က ချုံခိုတိုက်တာဖြစ်တဲ့အတွက်ကြောင့် အရာရှိ ၁ ယောက်ပါတယ်။ နောက်ပြီးတော့ တပ်စိတ်မှူးအဆင့်ဖြစ်မယ်ထင်တယ် တပ်ကြပ်တယောက်ပါတယ်။ ရဲဘော် ၄ ယောက်ရယ် ရှေ့ဆုံးမှာ အင်္ကျီအပြာရောင်နဲ့ လမ်းပြတယောက်ပါမယ်။ အဲ့ဒီ ၇ ယောက်ကတော့ နေရာမှာတင်ပဲ သေဆုံးသွားတယ်လို့ သတင်းရတယ်။ နောက်ပြီးတော့ ၈ ယောက်လောက် ဒဏ်ရာရကြတယ်။လက်မောင်းတွေထိတာတွေ ပေါင်တွေထိတာတွေ ပုခုံးတွေ နားရွက်တွေကပ်ထိတာတွေရှိတယ်။"

နွားထိုးကြီးမှာ စစ်တပ်ကား ၁ စီး မိုင်းဆွဲခံရပြီး ၂ ဦးသေ

“ ၁၃ လုံး မိုင်းဆွဲပြီးတော့ တိုက်ခိုက်ခဲ့တာ။ ဒါပေမဲ့ မိုင်း ၃ လုံးက error ဖြစ်ပြီးတော့ မကွဲဘူး။ ၁၀ လုံးကွဲတယ်။ ကားရဲ့ ချက်ကောင်းကို မထိခဲ့ပေမယ့် မိုင်းစတွေက ကားကိုမှန်ခဲ့တယ်။ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးသွားတယ်လို့ ဖရဲသီးကနေတဆင့် ကျနော်တို့ပြန်ပြီးတော့ သိရပါတယ်“

ဒီပဲယင်းမှာ စစ်တပ်ရန်ကြောက်လို့ တောင်သူတွေ စပါးကိုရသမျှစျေးနဲ့ ရောင်းချနေရ

"ဒီအချိန်က ကျနော်တို့လက်ထဲ ဘာမှထားလို့ မရပါဘူး။ စစ်တပ်က ရိက္ခာအတွက် စပါးကိုယူတယ်။ ဖျက်ဆီးပစ်တာ မီးရှို့တာတွေ လုပ်တယ်။ ရွှေ၊ ငွေလည်း လုယက်တာခံရတယ်"

ပေါက်ခေါင်းက ပျူစောထီးခေါင်းဆောင် သေနတ်နဲ့ ပစ်သတ်ခံရ

“ဦးခေါင်းကို သေနတ်နဲ့ တချက်တည်း ပစ်ခဲ့တာ ပွင့်ထွက်သွားတယ် ပွဲချင်းပြီးပဲ”လို့ ၃၆၀၁ PPDF တပ်ရင်းရဲ့ ဆက်သွယ်ရေးနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သံဃာအပါ လူ ၅ ဦးနဲ့ ရှော့တိုက်ဒုံးတွေဖမ်းမိ၊ ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့လို့ စစ်တပ်ဝါဒဖြန့်

"ကျနော်တို့ဘက်ကလည်း ဖမ်းဆီးရမိတယ်ဆိုတဲ့ သတင်းပဲ ကြားလိုက်တယ်။ သေချာတာကတော့ ကျနော်တို့ အဖွဲ့ဝင်တွေ မဟုတ်ဘူး။ လူတွေကတော့ ရေတံခါးတာဝကျေးရွာက လူတွေလို့ပဲ သိရတယ်"

မုံရွာ နမခ က ထွက်လာတဲ့စစ်ကြောင်း တိုက်ခိုက်ခံရပြီး သေဆုံးသူများ (ရုပ်/သံ)

"အရင်နေ့ကတည်းက လိုက်တာ၊ ၃ ရက်နေ့မှာ ကျနော်တို့နဲ့ တွေ့တာ၊ သူတို့ဘက်ကအရင် ၂ ယောက်ထိတယ်၊ အပြန်အလှန်ပစ်ခတ်မှုဖြစ်တယ်၊ ၃ ယောက်ထပ်ထိတယ်၊ ၃ နာရီကျော်လောက်ထိ တိုက်ပွဲကြာသွားတယ်၊ ကျနော်တို့မျက်မြင်က ၅ ကောင်သေတယ်၊ ပျူလည်းပါတယ်၊ စစ်**လည်းပါတယ်၊ အရာရှိလည်းပါတယ်လို့ သိရတယ်၊ သေတာက ၃ ကောင်က စစ်**၊ ၂ ကောင်က ပျူတွေပါ၊ ဒဏ်ရာရတာက ၂၀ လောက်ရှိတယ်"

ဆင်မရဲရွာ ပျူစောထီးစခန်းတိုက်ခိုက်ခံရပြီး အရာရှိတဦးအပါ ၁၄ ဦးသေဆုံး၊ ၃ ဦးအရှင်ဖမ်းမိ (ရုပ်/သံ)

"ပျူစောထီး ၁၄ ကောင်နဲ့ တပ်မ ၁၀၁ က အရာရှိ ၁ ဦးသေတယ်။ ဖမ်းဆီးရမိတာက ၃ ယောက်ရှိတယ်။"

မြင်းခြံက ပစ်ခတ်မှုမှာ စစ်ကောင်စီဘက်က ၁၅ ဦးနဲ့ PDF ရဲဘော် ၁ ဦးသေဆုံး (ရုပ်/သံ)

"စစ်ကောင်စီဘက်ကတော့ ၁၅ ကောင်လောက်သေသွားတယ်၊ ကျနော်တို့ MBT တပ်ဖွဲ့က တိုက်ခိုက်ရေးအပိုင်းမှာ အားကိုးရတဲ့ ရဲဘော်ကုလားလေးလည်း ရန်သူ့လက်နက်ကို တက်ကောက်ရင်း နောက်ပြန်အလှည့်မှာ ဦးခေါင်းကို ကျည်ထိပြီးတော့ ကျဆုံးသွားခဲ့တာပါ၊ သေဆုံးတာက စစ်**အများစုပါပြီး ပျူစောထီးအနည်းငယ်ပါတယ်၊ စစ်မှုထမ်းဟောင်းတွေများတယ်၊ သက်ကြီးရွယ်အိုတွေပေါ့၊ အရှင်ဖမ်းမိတာက မရှိပါဘူး"

ရှမ်းမြောက်တိုက်ပွဲတွေကို ကွပ်ကဲတဲ့ကစထမှူး ရှမ်းဝန်ကြီးချုပ်ဖြစ်လာပြီး၊ စစ်ရှုံးတဲ့ ရမခတိုင်းမှူး ရှမ်း၊ကယားစစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ် ရာထူးတိုး

ရှမ်းပြည်နယ်(မြောက်ပိုင်း) စစ်ဆင်ရေးတွေမှာ အရေးနိမ့်ခဲ့တဲ့ လားရှိုး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ရမခတိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး ကို ဒုတိယဗိုလ်ချုပ်ကြီးအဆင့်တိုးပေးပြီး ရှမ်းနဲ့ကယားဒေသရှိ တိုင်းစစ်ဌာနချုပ် ၄ ခုကိုကွပ်ကဲရတဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ အမှတ် ၂ စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ ၂ မှူး) အဖြစ်ခန့်အပ်ခံရတယ်လို့ နေပြည်တော်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။

PDF တွေကိုစိန်ခေါ်လေ့ရှိတဲ့ ပျူ‌စောထီးခေါင်းဆောင်ဆိုသူ ပစ်သတ်ခံရ

"ကျနော်တို့ရဲဘော်တွေ သွားတုန်းကတော့ အခြားမစ်ရှင်နဲ့ သွားတာ။ မစ်ရှင်ထဲမှာက သူကိုရှင်းဖို့လည်းပါတယ်။ အခြားမစ်ရှင်က မလုပ်ဖြစ်တာရယ် သူကိုက အသင့်တွေ့တာကြောင့် ပစ်ခတ်ခဲ့တာ"

ပန်းတောင်းမှာ ကုန်ကားတစီးမှောက်လို့ ကျပ်သိန်းရာကျော်ပျက်စီးခဲ့

“ဒီလမ်းက မကြာခဏဖြစ်တတ်တယ်။ အခုလည်း ကားက ကုန်းအတက်မှာ အရှိန်များ လမ်းဘေးကျပြီး ပက်လက်လန်သွားတာ။ ကားကတော့ အင်ဂျင်ရော ကိုယ်ထည်ရော ရစရာမရှိဘူး။ ဆုံးရှုံးမှု သိန်းတရာကျော်မယ်လို့ နားလည်သူတွေက ခန့်မှန်းကြတယ်။ အခြားကားဆရာတွေလည်း သတိပြုစေချင်တယ်“

စေတီနဲ့ဘုန်းကြီးကျောင်းတွေကို စစ်တပ်လေကြောင်းက ဗုံးကြဲ သံဃာ ၁ ပါးနဲ့ ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရ

"သက်သက်မဲ့ကြီး ဘုန်းကြီးကျောင်းတွေပေါ် ရွာတွေထဲကို ​ဗုံးကြဲပစ်ခတ်သွားတာ။ ဒေသခံတွေဆို ပြင်ဆင်ချိန်မရှိဘဲ အကုန်လုံး ဝရုန်းသုန်းကားဖြစ်ကုန်ပြီး ပြေးရတာ။ လေကြောင်းနဲ့ ၅ ကြိမ်လောက် ဗုံးကြဲတာ ပစ်ခတ်တာလုပ်သွားတာ"

တိုက်ပွဲမှာ စစ်ကောင်စီရဲ့ သေနတ်ကိုတက်ယူရင်း ရဲဘော်တဦး ခေါင်းကျည်ထိမှန် သေဆုံး ရုပ်အလောင်းပြန်မရ

"ကျနော်တို့အညာဒေသမှာက ဂန်းတွေကမကောင်းပါဘူး၊ ကျနော်တို့အဖွဲ့ဆို လက်လုပ်တွေအများစုကိုင်ရတယ်၊ ရန်သူ့စခန်းထဲကို ဂန်းဝင်ကောက်တဲ့အချိန်မှာ သူဂန်းကိုကောက်နိုင်ခဲ့တယ်၊ပြန်အဆုတ်မှာသူဦးခေါင်းထိမှန်သွားတယ်၊စစ်ကောင်စီဘက်ကတရစပ်ပစ်နေတဲ့အတွက်မို့ သူ့အလောင်းကိုဘယ်လိုမှ အဆင်မပြေခဲ့ဘူး၊"

ညောင်ခြေထောက်ရဲစခန်းကို ဒရုန်းနဲ့တိုက်ခိုက်ရာ စခန်းမှူးအပါ ၃ ဦး ပြင်းထန်ဒဏ်ရာရ

"ဒရုန်းနှစ်စီးနဲ့ဗုံး ၂ လုံး တချိန်တည်း ကြဲခဲ့တယ်။ အရာရှိ ၃ ယောက်ညတွင်းချင်း ဆေးရုံပို့လိုက်တယ်။ သေလားရှင်လားဆိုတာ သေချာမသိရသေးဘူး"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10