သတင်း

မြိုင်က ၂ ရက်တာတိုက်ပွဲမှာ စစ်ကောင်စီဘက်က သေဆုံးမှုများဟုဆို

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရှင်မတောင်ဘက်နေ ကန်နီရွာကို ရိက္ခာလာပို့တဲ့ ခလရ ၂၅၈ က စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ ၂ ရက်ဆက် ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံးသူများခဲ့တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

စစ်တပ်ပစ်တဲ့ လက်နက်ကြီးထိလို့ ကလေး ၁ ဦးအပါ ၄ ဦးဒဏ်ရာရ

"ဘာတိုက်ပွဲမှလည်း မရှိဘဲနဲ့ ဒီအတိုင်းသက်သက်မဲ့ကြီး လှမ်းပစ်တာ။ ရွာထဲအိမ်မှာနေသူတွေ ထိသလို ယာခင်းထဲ အလုပ်လုပ်နေသူတွေလည်း ထိသွားတယ်။"

အရေးနိမ့်နေတဲ့စစ်တပ်က တနိုင်ငံလုံးစစ်မှုထမ်းရမယ့်ဥပဒေ ကျင့်သုံးမယ်လို့ ထုတ်ပြန်

ယခင် နအဖစစ်အစိုးရလက်ထက် ၂၀၁၀ ပြည့်နှစ်မှာ ပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက် ဒီကနေ့ ရက်စွဲနဲ့ အာဏာတည်ကြောင်း အခုညပိုင်းမှာ စစ်တပ်ထိန်းချုပ်မီဒီယာတွေက ထုတ်ပြန်လာပါတယ်။

ရွှေဘိုနဲ့ ဆားတောင်က စစ်ကောင်စီတပ်ဖွဲ့တွေ ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ၈ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ၊ရွှေဘိုမြို့နယ်နဲ့ ဆားတောင်မြို့တွေက စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ဒရုန်းတွေနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့လို့ စုစုပေါင်း ၈ဦးသေဆုံးပြီး ထိခိုက်သူတွေလည်းရှိပါတယ်။

မြောက်ခင်ရန်း မီးရှို့သတ်ဖြတ်မှုမှာ ပါဝင်ပတ်သက်တယ်လို့ သတင်းထွက်နေတဲ့အမျိုးသမီး ဖမ်းဆီးခံရ

“သူအိမ်ထိ ဝင်ဖမ်းတာပါ။ အခုလောလောဆယ်တော့ သူ့ကို တရားဥပဒေနဲ့အညီ တရားစွဲ အရေးယူဖို့လုပ်နေပါတယ်”

ကောလင်းမြို့တွင်းက လူနေရပ်ကွက်တွေကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ တိုက်ပွဲဆက်လက်ပြင်းထန်နေ

"မနေ့ကမြို့ထဲကို စစ်တပ်ကဝင်ပြီးတော့ တော်တော်များများနေရာတွေကို မီးလိုက်ရှို့တယ်။ တမြို့လုံး လေးနေရာ၊ ငါးနေရာလောက်ရှိမယ်"

ချပ်သင်းတိုက်နယ်အတွင်း တိုက်ပွဲ ၄ ရက်ဆက်ဖြစ်ပြီး နှစ်ဖက်ထိခိုက်သေဆုံးရှိနေ

"ချပ်သင်းက ပျူရွာကို တိုက်ရာကနေ တိုက်ပွဲစဖြစ်ခဲ့တယ်။ အခြားရွာတွေမှာ ဖြစ်တာကတော့ ချပ်သင်းဘက် စစ်ကူလာတဲ့စစ်ကြောင်းတွေနဲ့ ဖြစ်တာ။ စကစဘက်လည်း လေကြောင်းတော်တော်သုံးပြီး လာပစ်တာရှိတယ်။ ကျမတို့ဘက်တော့ လေကြောင်းလာရင် တိုက်ပွဲရပ်လိုက်တယ်။ ပြန်သွားရင် ထပ်တိုက်တယ်"

အမြန်လမ်းက စစ်တပ်စစ်ဆေးရေးဂိတ်အနီး ကား ၅ စီးဆင့်တိုက်လို့ ၃ ဦးသေ ၅ ဦးဒဏ်ရာရ

"ရှေ့ဆုံးက ခရီးသည်တင်ကားက ခံနေတယ်။ ခရီးသည်တင်ကားနောက်မှာ အိမ်စီးကား ၃ စီးက ရှိနေတယ်။ နောက်ဆုံးလာတဲ့ ခရီးသည်တင်ကားက ဝင်တိုက်တော့ ကြားက ကားငယ် ၃ စီးက အခြေနေ တော်တော်ဆိုးသွားတယ်"

အမြန်လမ်းမှာ အိမ်စီးကား နောက်ဘီးပွင့်ပြီးမှောက်လို့ ကလေး ၂ ဦးအပါ ၆ ဦးဒဏ်ရာရ

"အရှိန်ကများ နောက်ဘီးကပွင့်ထွက်တော့ ကားကလည်ပြီး အခြားယာဥ်ကြောကို ရောက်သွားတယ်။ ပြီးမှ လမ်းလယ်ကျွန်းနဲ့တိုက်ပြီး မှောက်သွားတာ"

ကား၊ ဆိုင်ကယ်တွေနဲ့လာတဲ့ စစ်အုပ်စုပစ်ခတ်ခံရလို့ ၂ ဦးသေ သေနတ် ၂ လက်ရ (ရုပ်/သံ)

"ကျနော်တို့က သတင်းကြိုရထားလို့ အနီးကပ် သွားပစ်ခဲ့တာ၊ စစ်ကောင်စီတပ်သားတဦးနဲ့ ပျူတဦးပွဲချင်းပြီး သေတယ်၊ ပစ်ခတ်နေတဲ့ အတွင်းမှာပဲ ကျနော်တို့ရဲဘော်တွေက သေနတ်သွားကောက်တယ်၊ ကျန်တဲ့ကားပေါ်က စစ်ကောင်စီတပ်သားတွေကိုလည်း ကျနော်တို့က နောက်ကနေ ခံပစ်ပေးတာ၊ သူတို့ ကြောက်လန့်ပြီး ဒဏ်ရာတွေနဲ့ ထွက်ပြေးသွားကြတာ"

မင်းလှက အုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ပစ်သတ်ခံရ

“အရေးကြီး ပစ်မှတ်စာရင်းထဲပါတယ်။ ခုဟာကတော့ မြင့်ဟန်ကို လမ်းကြုံလို့ ရှင်းခဲ့တာ။ ဦးခေါင်းကို ၃ ချက်ပစ်တာ ပွဲချင်းပြီးသေတယ်”

နွားထိုးကြီးမှာ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရပြီး ၈ ဦးသေဆုံး

“နေ့လယ် ၁၂ နာရီဝန်းကျင်လောက်မှာ မြင်းခြံဘက်က **တွေက နွားထိုးကြီးမြို့နယ် ကုန်းသာရွာထဲကို ဝင်လာတဲ့အချိန်က အင်အား ၇၀ ဝန်းကျင်လောက်ရှိတယ်၊ ရွာထဲဝင်ပြီးတော့ သင်္ချိုင်းကုန်းဘက်ကို ၁၅ ယောက်ဝန်းကျင်လောက်ထွက်လာပြီး သင်္ချိုင်းကုန်းဇရပ်မှာ ကင်းပုန်းဝပ်နေတဲ့အချိန် ကျနော်တို့ဘက် က ဗုံးသီး ၁ လုံးချ တိုက်ခိုက်ခဲ့ပါတယ်”

ကြိုးကြာကန်ရွာက နေအိမ် ၁၃ လုံးကို စစ်ကောင်စီမီးရှို့

“ရွာထဲမှာ ရွာသားတွေရဲ့ပစ္စည်းတွေကို ဝင်မွှေပြီးမှ မီးရှို့သွားတာ။ အိမ်တွေရော၊ တဲတွေရော ရှို့သွားတယ်။ ရွာသားတွေ ဖမ်းဆီးခံရတာမျိုးတော့ မရှိဘူး။ ဝက် ၁ ကောင်နဲ့ သိုး ၅ ကောင်ကတော့ သေသွားတယ်”

တောင်သာမှာ ဆက်ကြေးကောက်နေတဲ့ ရဲ ၄ ဦး မိုင်းဆွဲခံရပြီး ၂ ဦးသေ၊ ၂ ဦးဒဏ်ရာရ

“အဲ့ဒီနေရာမှာတင် သေသွားတာက ၂ ကောင်သေသွားတယ်။ အကုန်လုံးမှောက်တာက ၄ ကောင်လုံးမှောက်တာ။ နောက် ၂ ကောင်ကလည်း သေဖို့များတယ်။ ပြည်သူ့ကားတစီးနဲ့ ချောဆွဲပြီးတော့ မလိုင်ပြန်သယ်သွားတယ်”

ရိက္ခာရှာထွက်လာတဲ့ စစ်ဗိုလ်နဲ့တပ်သားကို PDF ကပစ်ခတ် ၁ ဦး သေဆုံး

“ ရွာသစ်က လူမနေတာကြာပြီ။ သူတို့တပ်စွဲထားတဲ့ ကိုင်းတောမရေစက်နဲ့က နီးနီးပဲ။ ရိက္ခာလိုရင် အဲ့ဒီရွာက အိမ်တွေကနေ ဝင်ဝင်ယူနေကျ။ ကျနော်တို့ ၃ ဖွဲ့ပေါင်းဝိုင်းပစ်လို့ ဗိုလ်က ပွဲချင်းပြီးသေတယ်။”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10