သတင်း

စစ်ကိုင်းမှာ ပစ်ခတ်ခံရလို့ ရဲ ၄ ဦးသေဆုံးပြီး လက်နက်တွေ သိမ်းဆည်းရမိ (ရုပ်/သံ)

မတ် ၉ ရက် မနက် ၇ နာရီကျော်ခန့်မှာ ရွာသစ်ကြီးနယ်မြေရဲစခန်းကနေ စစ်ကိုင်း-ကျောက်ဆည်လမ်းပိုင်းက ဆိုင်ခန်းတွေနဲ့ ကုန်တင်ယာဥ်ကားတွေကို ငွေတောင်းဖို့ထွက်လာတဲ့ ရဲ ၄ ဦးပါ အိမ်စီးကားကို သတင်းအရ စောင့်ဆိုင်းပစ်ခတ်ခဲ့တာလို့ Taw Twin Tup Pee LPDF တာဝန်ရှိသူတဦးက ပြောပါတယ်။

မင်းလှမှာ စစ်ကောင်စီတပ်နဲ့ PDF လေးရက်ကြာတိုက်ပွဲဖြစ်(ရုပ်/သံ)

မတ်လ ၈ ရက် ညနေ ၅ နာရီလောက်ကဖြစ်ပြီး ဧက ၁,၀၀၀ ကျွန်းစိုက်ခင်းအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ခိုက်ချိန်မှာ MA – 3 သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု၊ ၆၀ မမ ၁ လက်နဲ့ ၆၀ မမ ဗုံးသီး ၁ လုံး၊ ရှေ့ထွက်မိုင်း ၁ လုံး၊ ခြင်းကျား ၂ ခု၊ ဆိုလာပြား ၁ ချပ်နဲ့ အခြားအသုံးအဆောင်အချို့ ကို သိမ်းယူနိုင်ခဲ့တာလို့ ပြောပါတယ်။

ရေတာရှည်မှာ စစ်တပ်သတင်းပေး လင်မယား ၂ ဦး အသတ်ခံရ

သူတို့ ၂ ဦးဟာ ၂၀၂၂ ခုနှစ်ကတည်းက စစ်ကောင်စီတပ်သားတွေနဲ့ပေါင်းပြီး လောင်းကစားလုပ်တာ၊ သတင်းပေးတိုင်ကြားတာတွေ လုပ်နေတာကြောင့် ဒေသခံတွေရဲ့တိုင်ကြားချက်အရ ကျေးရွာထဲကို ကွင်းဆင်းစုံစမ်းပြီးမှ အခုလိုရှင်းလင်းခဲ့တာလို့ အထက်ပါကာကွယ်ရေးအဖွဲ့ဝင်က ပြောပါတယ်။

ကလေးငယ်တွေအတွက် ဖွင့်ထားတဲ့စာကြည့်တိုက်မှာ စာအုပ်သစ်​တွေလိုအပ်နေ

”ကလေးတွေက စာအုပ်အသစ်တွေ ဖတ်ချင်ကြတယ်ဆိုတော့ အသစ်တွေထပ်ဖြည့်ဖို့ အင်အားနည်းနေတာပါပဲ။ လက်ရှိ ပြည်တွင်းစစ်ကာလမှာ ကျောင်းတက်ခွင့် ပညာသင်ကြားခွင့် ကလေးအခွင့်အရေးတွေ ဆုံးရှုံးပြီး စိတ်ဒဏ်ရာတွေနဲ့ လမ်းပျောက်နေပြီး ကျောင်းပြင်ပ ပညာသင်ကြားနေကြတဲ့ ကလေးတွေအတွက် ရည်ရွယ်တဲ့ စာကြည့်တိုက်ဖြစ်တယ်”

ပခုက္ကူမှာ ၄ ရက်တာတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံး ၁၇ ဦးဒဏ်ရာရ (ရုပ်/သံ)

ပခုက္ကူမြို့မြို့နယ်အတွင်း ကမ္မရဲစခန်း၊ ကြက်ထိုးရဲစခန်း၊ ငဖောင်ခံကျေးရွာအနီး တပ်ထောက်ခံပွဲ၊ တွင်းမပျူရွာတို့အပြင် ခလရ ၂၅၁၊ ခလရ ၂၅၆၊ ခလရ ၂၅၈ နှင့် တပ်မ ၁၀၁ အင်အား ၄၀၀ ကျော်စစ်ကြောင်းကို ၄ ကြိမ်လောက်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

ဆားလင်းကြီးမြို့လယ်မှာရှိတဲ့ ဒေါ်သန်းနွဲ့ကုန်စုံဆိုင်ကို စစ်တပ်က မီးရှို့သွား

ဆားလင်းကြီး မြို့မဆေးရုံနဲ့ ရဲစခန်းမှာအထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ သူတို့အထိုင်ချထားတဲ့နေရာနဲ့ နေအိမ် ၃ လုံးအကွာလောက်မှာရှိတဲ့ ဒေါ်သန်းနွဲ့စျေးဆိုင်၊ နေအိမ်တလုံးနဲ့ ဂိုထောင်တလုံးတို့ကို လာရောက်မီးရှို့ဖျက်ဆီးသွားတာဖြစ်ပါတယ်။

ချောင်းဦးမှာ ကင်းပတ်နေတဲ့စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရလို့ ၄ ဦးသေဆုံး (ရုပ်/သံ)

"ဒီကောင် (စစ်ကောင်စီတပ်သား)တွေ ကင်းပတ်ပြီး အပြန်မှာတိုက်ခိုက်ခဲ့တာပါ။ စလစ်မိုင်း ၃ လုံးတွဲနဲ့ မိုင်းဆွဲခဲ့တယ်။ ၄ ကောင်က နေရာမှာပွဲချင်းပြီးသေတယ်။ ဒဏ်ရာရသူတွေတော့ အတိအကျမသိရသေးဘူး"

စစ်ကောင်စီက ချောဆွဲလာတဲ့ ကားကို PDF သတိပေးပြီး ပြန်လွှတ်

“အရပ်သားပိုင်ကားမို့ ပြန်လွှတ်ပေးလိုက်တာ။ စစ်ကောင်စီနဲ့ မပတ်သက်ဖို့ ရှောင်နိုင်သမျှ ရှောင်ပြီး ကင်းအောင် နေဖို့ ၊ နောက်ထပ် ဒီအပြုမူမျိုး ဆက်ဖြစ်ရင် ကျနော်တို့ အဖွဲ့ အနေနဲ့ ထိုက်သင့်တဲ့ ပြစ်မှု ပြစ်ဒဏ်ပေးပြီး အလုပ်ဆက်လုပ်သွားမယ်ဆိုပြီး သတိပေးစကား ပြောခဲ့တယ်။“

ရွှေဘိုမှာ စစ်ကောင်စီတပ်က ဒရုန်းဗုံးချလို့ ပြည်သူ ၇ ဦးဒဏ်ရာရ (ရုပ်/သံ)

စစ်ကောင်စီဘက်က ဒရုန်းနဲ့ဗုံးချလို့ ချီပါမြောက်ရွာက အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦး၊ မဲတောကျေးရွာမှ အမျိုးသမီး ၃ ဦး၊ ထိုးကြီးကျေးရွာက အမျိုးသား ၁ ဦးနဲ့ဆိပ်ခွန်ရွာက အမျိုးသား ၁ ဦးတို့ ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ရွှေဘိုပကဖ တာဝန်ရှိသူဆီက သိရပါတယ်။

ချောင်းဦးမှာ ကင်းပတ်နေတဲ့စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရလို့ ၄ ဦးသေဆုံး

"ဒီကောင် (စစ်ကောင်စီတပ်သား)တွေ ကင်းပတ်ပြီး အပြန်မှာတိုက်ခိုက်ခဲ့တာပါ။ စလစ်မိုင်း ၃ လုံးတွဲနဲ့ မိုင်းဆွဲခဲ့တယ်။ ၄ ကောင်က နေရာမှာပွဲချင်းပြီးသေတယ်။ ဒဏ်ရာရသူတွေတော့ အတိအကျမသိရသေးဘူး"

ရွှေဘိုမှာ စစ်ကောင်စီတပ်က ဒရုန်းဗုံးချလို့ ပြည်သူ ၇ ဦးဒဏ်ရာရ

“ဒရုန်းဗုံးကျလို့ လူတွေထိထားတယ်ဆိုလို့သွားကြည့်တာ။ ကျနော်မြင်တဲ့အချိန် ဆိုင်ကယ်နဲ့လာတဲ့ အမျိုးသား ၂ ယောက်ကို ကားပေါ်တင်နေကြတာတွေ့တယ်။ ဘေးနားကသူတွေ ပြောတာကြားရတာကတော့ ကားတစီးလည်းထိထားပြီး စုစုပေါင်း ၇ ဦးထိတာလို့ သိရတယ်"

ကောလင်းမြို့အနီးက ကျေးရွာတွေကို စစ်တပ်က မီးရှို့၊ လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသားတဦး နှလုံးရပ်သေဆုံး

မတ်လ ၉ ရက် နေ့လယ် ၂ နာရီကျော်မှာလည်း ကောလင်းမြို့ထဲကနေ ဟောင်ဝစ်ဇာနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကောလင်းမြို့အရှေ့ဘက် ၁၀ မိုင်ခန့်အကွာက ကုက္ကိုကုန်းကျေးရွာထဲကို လက်နက်ကြီးကျည်ကျရောက်ပြီး အသက် ၆၀ အရွယ်အမျိုးသားတဦး နှလုံးရပ်သေဆုံးသွားခဲ့သလို တိရစ္ဆာန်သေဆုံးမှုတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။

လမ်းဟောင်းပေါ်မှာ နေပြည်တော်စစ်ရေးပြ လုံခြုံရေးရဲကို Expressကားက ဝင်တိုက်လို့ သေဆုံး

ခရီးသည်တင်ကားဝင်တိုက်မိလို့ ရဲတပ်ကြပ်မှာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာရပြီး နေရာမှာပဲ သေဆုံးသွားပြီး ရဲအလောင်းကိုတော့ ဒေသလူမှုကူညီရေးအသင်းတွေကကောက်ယူပြီး နေပြည်တော်၊ ကုတင် ၁၀၀၀ ဆေးရုံကို သယ်ဆောင်သွားကြတယ်လို့ သိရပါတယ်။

ဝမ်းတွင်းမှာ တပ်မ ၉၉ တပ်သား ၁ ဦး ပစ်သတ်ခံရ

ဝမ်းတွင်းမြို့နယ်၊ ကျင်းရွာကနေ ပြန်လာတဲ့ တပ်သားသန့်ဇင်ထွေးကို မတ်လ၁၀ရက် ညနေ ၄ နာရီလောက်က ပင်းတလဲ-ဝမ်းတွင်းလမ်းပေါ်က ပြည့်ဝဘုရားအနီးမှာ ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

ရဲတပ်သား ၁ ဦး လက်နက်ခဲယမ်းတွေနဲ့ CDF-KKG ဆီ အလင်းဝင်လာ

အသက် ၂၆ နှစ်အရွယ် ရဲတပ်သား ၁ ဦးက G3 သေနတ် ၁ လက်၊ ကျည်ဘောက် ၅ ဘောက်၊ ကျည်ဆန် ၃၃၀ ထောင့်၊ လက်ပစ်ဗုံး ၁ လုံးနဲ့အတူ CDF - KKG ဆီ အလင်းဝင်ခဲ့တာဖြစ်ပြီး အမည်ကိုတော့ လုံခြုံရေးအရ ဖော်ပြထားခြင်းမရှိပါဘူး။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10