တာပြတ်တံတားစောင့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၂ ဦးသေ
"ကျနော်တို့ဘက်က အလစ်အငိုက်သွားတိုက်တာ။ သူတို့ဘက်က အငိုက်မိသွားလို့ ချက်ချင်း ပြန်မပစ်နိုင်ဘူး။ ၁၀ မိနစ်လောက်ကြာမှ (လက်နက်) အကြီးအသေးအစုံပဲ ပြန်ပစ်တာ"
"ကျနော်တို့ဘက်က အလစ်အငိုက်သွားတိုက်တာ။ သူတို့ဘက်က အငိုက်မိသွားလို့ ချက်ချင်း ပြန်မပစ်နိုင်ဘူး။ ၁၀ မိနစ်လောက်ကြာမှ (လက်နက်) အကြီးအသေးအစုံပဲ ပြန်ပစ်တာ"
စစ်ကိုင်းဖယ်ဒရယ်ကောင်စီဟာ စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့ လုပ်ဆောင်နေတဲ့ တော်လှန်ရေးအကျိုးပြုလုပ်ငန်းတွေကို အခုထက်ပိုပြီးကျယ်ကျယ်ပြန့်ပြန့်လုပ်သွားမှာဖြစ်ပြီး တိုင်းတွင်း၊ တိုင်းပြင်ပမဟာမိတ်အင်အားစုတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးကို တည်ဆောက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဆားတောင်မြို့နယ်၊ ဆားတောင်မရဲစခန်းကနေ ထွက်လာတဲ့ ဆားတောင်ရွာပျူစောထီးအပါအဝင် တပ်မ ၃၃ စစ်သား အင်အား ၆၀ ဝန်းကျင်ပါ စစ်ကြောင်းနဲ့ ဆားတောင်မြို့နယ် ကူကြီးကုန်းရွာ စားသောက်ဆိုင်တွေအနီးမှာ တိုက်ပွဲဖြစ်ခဲ့တာလို့ Bo Tiger-ဗိုလ်ကျားကြီးအဖွဲ့ဆီက သိရပါတယ်။
"ပျူခေါင်းဆောင်ကို သေနတ်အဖြုတ်အတပ်နဲ့ပတ်သက်ပြီး ရဲကသင်ပေးနေချိန်မှာ ကျည်က ညပ်နေတာ။ အဲ့ဒါကို ပျူခေါင်းဆောင်က သေနတ်ဒင်ကို မြေကြီးနဲ့ဆောင့်ချလိုက်တာ ကျည်ထွက်သွားပြီး ထိတာ"
“ သူတို့ကငါန်းဇွန်ကနေလာပြီး ညောင်ပင်ရိုးရွာမှာ ယာယီအထိုင်ချထားတာ။ ဒီကောင်တွေက ပြည်သူ ပိုင်ထော်လာဂျီနဲ့ နာရေးကားကိုယူပြီး ထွက်လာဝာာမှာ မိုင်းပွိုင့်အရောက်မှာ မိုင်းဆွဲလိုက်တာ”
" လေယာဥ်နဲ့လာပစ်တာက နေ့တိုင်းနီးပါးလောက်ရှိတယ်။ PDF နဲ့ KNLA အဖွဲ့တွေရှိနေတယ်ထင်ပြီး ရွာတွေကို လှည့်ပတ်ပစ်နေတာ"
“သူက သစ်လုပ်ငန်းတရားမဝင်လုပ်တော့ တောတောင်အခြေအနေကို သူကသိတယ်။ စကစ က နယ်မြေအခြေအနေသိချင်ရင် သူဆီစုံစမ်းရတယ်”
“သူ့ကိုချောင်းထဲမှာပဲ ရှင်းလင်းခဲ့တာ။ ချောင်းရေဖြတ်အကူးမှာ ကျနော်တို့ ရှင်းလင်းခဲ့တဲ့အတွက် သူ့ရဲ့ပစ္စတိုကတော့ ချောင်းထဲမှာကျသွားတော့ ရှာမတွေ့ခဲ့ဘူး“
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် သဖန်းကိုင်းကျေးရွာနေ အသက် ၄၀ နှစ်အရွယ် မနွယ်၊ အသက် ၁၅ နှစ်အရွယ် မနဒီလှိုင်းနဲ့ အသက် ၈ နှစ်အရွယ် မစုစုနွေးတို့သေဆုံးခဲ့ပြီး အသက် ၃၅ နှစ်အရွယ် မောင်အေးမင်းသူ၊ အသက် ၂၅ နှစ်အရွယ် မောင်မြင့်နိုင်ထူး၊ အသက် ၆ နှစ်အရွယ် မထက်ပြည်စုံချစ်တို့ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ညောင်နီပင်အုပ်စု၊ ပျဉ်စင်ရွာမှာ နေထိုင်တဲ့ အသက် ၆၄ နှစ်အရွယ် ဦးစန်းဝင်းကို အင်အား ၂၄ ဦးပါ စစ်ကောင်စီစစ်ကြောင်းက ဒီဇင်ဘာ ၁၃ ရက် မနေ့ကမနက် ၉ နာရီခွဲလောက်က ညောင်နီပင်ရွာရဲ့ တောင်ဘက် ၄ ဖာလုံအကွာ ကျောက်ဖျာကြီးတောင်ကြောမှာ နွားကျောင်းနေချိန် ပစ်သတ်ပြီး အဲ့ဒီနေရာမှာပဲ မြေမြှုပ်ပစ်ခဲ့တာလို့ ဆိုပါတယ်။
“သူ့ကို လိုအပ်တဲ့ စစ်ဆေးမှုတွေပြုလုပ်ပြီး လုံခြုံတဲ့နေရာကို ပို့ဆောင်ထားပါတယ်”
နယ်မြေကွင်းဆင်းတွေ့ဆုံရာမှာ ဒေသခံပြည်သူတွေကို တိုက်ပွဲဖြစ်လာရင် လက်နက်ကြီးနဲ့ လေယာဉ်အန္တရာယ် သိထားရမယ့်အချက်တွေနဲ့ ရှောင်ကျဉ်ရမယ့်အချက်တွေကို ပညာပေးဟောပြောခဲ့သလို ပြည်သူတွေ မေးမြန်းတာတွေကိုလည်း ပြန်လည်ဖြေကြားပေးခဲ့တယ်လို့ ပြောပါတယ်။
“ဘာတိုက်ပွဲ ဘာလှုပ်ရှားမှုမှ မရှိဘူး။ တမင်သက်သက် လာပစ်သွားတာ “
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်ထဲမှာ ရှိတဲ့ မော်လူးမြို့ကို တော်လှန်ရေးအင်အားစုတွေက ဒီဇင်ဘာ ၁၃ ရက် ယမန်နေ့ နံနက် အစော ၆ နာရီခန့်က သိမ်းပိုက်နိုင်လိုက်ပါတယ်။ အခုလို သိမ်းပိုက်အပြီး နှစ်ရက်မြောက်နေ့ဖြစ်တဲ့ ဒီကနေ့မှာတော့ တော်လှန်ရေးအဖွဲ့တွေက နယ်မြေရှင်းလင်းတာတွေကို လုပ်ဆောင်နေပြီး စစ်ကောင်စီအလောင်း ၁၇ လောင်း နဲ့ သုံပန်း ၈ ဦးကို ဖမ်းဆီးရမိထားတယ်လို့ မြို့ကိုသိမ်းပိုက်ထားပြီး လက်ရှိအခြေအနေကို ABSDF အမှတ်(၁) စစ်ကြောင်း သတင်းပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
"လက်နက်ကြီးက အိမ်တွေကြားထဲကို ကျတာ။ နေအိမ်တွေထဲမှာ ရှိတဲ့ သူတွေထိကုန်တာ။ အနားကပ်ကျတဲ့ အိမ်က လူကတော့ သေသွားတယ်"