ရေမျက်နီရွာက ခလရ ၅၀ တပ်သားတွေ ချောင်းမြောင်းပစ်ခတ်ခံရလို့ ၃ ဦးသေ
“သူတို့နေတဲ့အိမ်ထဲက ၃ ယောက်ထွက်လာတာ။ ဒီဘက်က ချောင်းမြောင်းပစ်ခတ်တာ ၃ ယောက်လုံးသေသွားတယ်။“
“သူတို့နေတဲ့အိမ်ထဲက ၃ ယောက်ထွက်လာတာ။ ဒီဘက်က ချောင်းမြောင်းပစ်ခတ်တာ ၃ ယောက်လုံးသေသွားတယ်။“
" ငါးစျေးကနေ ငါးတွေ ပုဇွန်တွေပါတဲ့ ပုံးတွေတင်ပြီးမောင်းလာတာ။ အိပ်ငိုက်ပြီး ထန်းပင်ကို တိုက်တယ်။ ပြီးမှ ကားခေါင်းထဲက ရှော့ဖြစ်ပြီး မီးထလောင်တာ"
"သက်ဆိုင်ရာ ရပ်ကျေးတွေအလိုက် အလင်းဝင်လာတဲ့သူတွေ များပါတယ်။ အများစုကတော့ ပညာရေး ဝန်ထမ်းတွေပါ။ နယ်မြေအခြေအနေ မတည်ငြိမ်သေးတော့ စာရင်းသေချာပြောပြဖို့ အခက်အခဲရှိနေပါတယ် "
စနိုက်ပါနဲ့ပစ်ခတ်မှုမှာ စစ်ကောင်စီစစ်ကြောင်းက ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့တာကြောင့် စစ်ကြောင်းက လက်နက်ကြီးနဲ့ပြန်လည်ပစ်ခတ်လို့ ၁ မိုင်ခန့်အကွာမှာရှိတဲ့ ကညင်မြောင်ရွာကိုကျရောက်ပြီး ရွာဘုန်းကြီးကျောင်းကို ထိမှန်ခဲ့တာလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။
“ကိုဝင်းသိန်းကို အိမ်ဟောင်းတလုံးရောင်းဖို့ရှိတယ်ဆိုပြီး ဖုန်းဆက်ခေါ်လို့ စမ်းဘုတ်ကို အိမ်ကြည့်ဖို့သွားတာ။ စမ်းဘုတ်ရွာ စစ်ကောင်စီဂိတ်ကိုရောက်တော့မှ ဖမ်းထားလို့ မိန်းမက သတင်းကြားပြီးလိုက်သွားတာမှာ ထပ်ဖမ်းထားလိုက်တာ။ အပြစ်မရှိအပြစ်ရှာ ဖမ်းနေတာ“
“နတ်လူထိပ္ပန်ရပ်ကွက်ရုံးကို ပစ်ခတ်တိုက်ခိုက်တာမှာ ဒီကောင်တွေဘက်က တော်တော်ထိသွားတယ်၊ တရစပ် ပြန်ပစ်တယ်၊ ၂ ကောင်သေတယ်၊ ဆေးရုံးကိုသယ်သွားတယ်လို့ သတင်းလှမ်းပို့လို့ ပြန်သိရတာ”
ဒီဇင်ဘာ ၁၆ ရက် မနေ့ကညနေ ၃ နာရီလောက်မှာ တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီဘက်ကပစ်တဲ့ ၁၂၀ မမ လက်နက်ကြီးကျည်က ရှုံးရှီကျေးရွာတောင်ပိုင်းရှိ စျေဆိုင်ဖွင့်ထားတဲ့ နေအိမ်တလုံးအပေါ် ကျရောက်ခဲ့တာဖြစ်ပြီး ဒေါ်ထွေးရင် ၇၀ နှစ်နဲ့ မောင်သြရထူးလျှံ ၃ နှစ်တို့ ထိမှန်သေဆုံးခဲ့တာပါ။
“ကျနော်တို့ ရဲဘော်တွေရောက်တော့ သူက အိမ်ထဲကနေ အပြင်ထွက်လာတုန်း ပစ်လိုက်တာမှာ ခေါင်းနဲ့ရင်ဘတ်ကို သေနတ်နဲ့ ၂ ချက်ပစ်ခဲ့တာ။ ခုခံချိန်တောင် မရဘူး၊ ပွဲချင်းပြီးသေသွားတယ်”
“ ပြည်သူတွေ မျက်မြင်သက်သေပြောပြချက်အရ နှစ်ခါမိုင်းဆွဲတာမှာ ၆ ကောင်သေတယ်လို့ သိရတယ်။ ထိခိုက်သေဆုံးသူတွေကိုတော့ ထော်လာဂျီနဲ့ ကွင်းကျယ်ဆေးရုံသယ်သွားတယ် “
တွင်းမကျေးရွာက ထွက်လာတဲ့ ခလရ ၂၅၁ ရဲ့ စစ်ကား ၃ စီးနဲ့ အင်အား ၁၂၀ ပါစစ်ကြောင်းကို ဒီဇင်ဘာ ၁၅ ရက် မနက် ၉ နာရီလောက်ကတည်းက မြိုင်မြို့နယ် သာစည်ကျေးရွာအနီးမှာ အနီးကပ်တိုက်ခိုက်ခဲ့တာလို့ မြိုင် ပကဖ တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။
အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ စစ်အုပ်စုက သာစည်ရွာကို ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၅၅ လုံး၊ ဆီစက် ၂ လုံး၊ မြေပဲတင်း ၃၀၀ ကျော် မီးလောင်ပျက်စီးပြီး ဆိတ် ၁၃ ကောင်လည်း မီးထဲပါသေဆုံးခဲ့ပါတယ်။
"သူက စကစ ခန့်အုပ်ကြီး၊ ကျေးရွာ ပျူစောထီးအဖွဲ့ဝင်ပါ။ ဖြစ်တာက မြို့ကနေပြန်အလာ ရွာတောင်ဘက်လမ်းပေါ်မှာ ပစ်ခံရတာ"လို့ စဉ့်ကူးဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
"ကိုယ့်လယ်ကို ကိုယ်ရိတ်ချင်ရင် ၅ သိန်းပေး။ မပေးနိုင်ရင် မရိတ်ရဘူး။ တောင်သူအချို့ကျတော့ စိုက်ထားတဲ့ ဧကများသူဆိုရင် သူတို့ကိုပေးပြီး ကျန်တာ ဝမ်းစာချန်လို့ရတယ်ဆိုပြီး ရိတ်ကြတယ်။ ဧကနည်းသူတွေကျတော့ မရိတ်တော့ဘဲ ဒီအတိုင်းထားလိုက်ကြတယ်"
"ဆင်ကစီရွာက မုန်ယိုနေတဲ့အတွက် လွတ်နေတယ်။ အဲ့ဒါကြောင့် တောဘက်ကိုမတက်ဖို့ ကြေညာထားတယ်၊ နင်းခံလိုက်ရတဲ့သူတွေက သရက်ချောင်းဘက်က တောထဲကို မီးသွေးဖုတ်ဖို့ တက်တယ်နဲ့ တူတယ်။ ဆင်က ညဘက်ကို သူတို့နေတဲ့တဲကို နင်းတာ ကလေးက ကျန်ခဲ့တယ် နောက်ရက်မှာ စကစ ဘက်က ဆင်ကိုဖမ်းထားတယ်"
"မီတာရုံးကဝန်ထမ်းတွေ မီတာခတွေ မတရားတောင်းတာကို ပြောဖူးတယ်။ မီးမလာတဲ့ကိစ္စတွေကို လူမှုကွန်ယက်မှာ ရေးတင်နေတာတွေ့လို့ အဖမ်းခံရတာ ဖြစ်နိုင်တယ်"