နေအိမ်တွေ မီးရှို့နေတဲ့ စစ်အုပ်စုကို PDF တိုက်ခိုက် (ရုပ်/သံ)
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ နှမ်းဆီကန်ကျေးရွာက ဒေသခံနေအိမ်တွေကို မီးရှို့နေတဲ့ အင်အား ၁၅၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်တွေကို ဒီဇင်ဘာလ ၂၀ ရက် မနက်ပိုင်း ၈ နာရီလောက်မှာ ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ် ပကဖ အဖွဲ့ဆီက သိရပါတယ်။