ဖောင်းပြင်က ရွာ ၂ ရွာ လေကြောင်းပစ်ခတ်လို့ အရပ်သား ၁ ဦး သေဆုံး ၁၀ ဦးထက်မနည်းဒဏ်ရာရ
“ တိုက်အိမ်တလုံးက တခြမ်းပြိုသွားတယ်။ တိုက်ပွဲကမရှိဘူး၊ တိုက်ပွဲဘာမှကို မရှိဘဲ ဒါမျိုးအပစ်ခံနေရတာ။ ဒီနေ့လည်း ချင်းတွင်းမြစ်ရိုးအထက်မှာ လေယာဉ်ဗုံးချသံတွေ ကြားနေရတယ်”
“ တိုက်အိမ်တလုံးက တခြမ်းပြိုသွားတယ်။ တိုက်ပွဲကမရှိဘူး၊ တိုက်ပွဲဘာမှကို မရှိဘဲ ဒါမျိုးအပစ်ခံနေရတာ။ ဒီနေ့လည်း ချင်းတွင်းမြစ်ရိုးအထက်မှာ လေယာဉ်ဗုံးချသံတွေ ကြားနေရတယ်”
“သူတို့(စစ်ကောင်စီ)တွေ မြစ်သာဆည်တမံပေါ်မှာ တပ်စွဲထားတာ ၁ နှစ်ကျော်လောက်ရှိပြီ။ ကျနော်တို့တွေ အဲ့ဒီစခန်းကိုရဖို့ ၁၈ ရက် ၁၉ ရက်နေ့အထိတိုက်တယ်။ ၂၀ ရက်နေ့မှာနားတယ်။ ဒီနေ့မှာထပ်ပြီးတိုက်တော့ သိမ်းနိုင်ခဲ့တယ်။"
"ဦးဇော်ဝင်းက ရှေ့ရက်ကတည်းက စကစ ဖမ်းဆီးတာ ခံလိုက်ရတယ်။ စကစ စစ်ကြောင်းတွေ ရွာကနေ ထွက်ပြီလားသိရအောင် သွားကြည့်ရင်းနဲ့ ဖမ်းခံလိုက်ရတာ။ ရွာက အိမ်တွေကိုတော့ ရှေ့ရက်တွေကတည်းက မီးရှို့တာ။ မနေ့က ပြန်အထွက်မှာတော့ တော်တော်များများကို ရှို့သွားတာ"
" ကျုံးဘေးပတ်လည်မဲနေတာပဲ ချထားတာ။ မြို့ထဲမှာတော့ ယောကျာ်းလေးတွေကို ဦးစားပေးပြီး ဆိုင်ကယ်တွေ၊ ကားတွေ စစ်ဆေးတာတွေလုပ်တယ် "
ထီးချိုင့်မြို့နဲ့ ၂ မိုင်ခန့်အကွာက ဇီးကုန်းကျေးရွာနဲ့ နတ်အင်းကျေးရွာတို့ကို ဒီဇင်ဘာ ၂၁ ရက် မနေ့ကနေ့လယ်ပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နတ်အင်းကျေးရာစာသင်ကျောင်းအနီးကျရောက်ပြီး ဒေသခံအမျိုးသမီးတဦးကို ထိမှန်သေဆုံးခဲ့တာလို့ ဆိုပါတယ်။
“ သူတို့ဘက်က ဖောကား ၂စီးနဲ့ အင်အား ၃၀ခန့်ပါတဲ့ စစ်ကြောင်းက အသင့်စောင့်နေတဲ့နေရာကိုလာလို့ ကြားဖြတ်တိုက်တာပေါ့၊ မိုင်းကွင်းထဲဝင်လာလို့ မိုင်းဆွဲတယ်၊ ၄၀ မမ ၃ လုံး RPG ၁ လုံး ပစ်ထည့်ပြီး ၅ မိနစ်လောက် အပြန်လှန်ပစ်တာတွေ ရှိတယ်၊ ပစ်ပြီး ပြန်ဆုတ်လာတဲ့အခါမှာတော့ တိုက်ပွဲတွင်းမှာ ကျနော်တို့ မြင်ခဲ့ရတဲ့ အကျက ၆ ယောက် ၇ ယောက်လောက်ရှိမှာပေါ့၊ ဒေသခံသတင်းပေးချက်အရ ထိတဲ့ထဲမှာ အရာရှိပါတယ်။"
" သေနတ်လာပစ်တာက လေး၊ငါးချက်လောက်ရှိမယ်။ ဆိုင်မှာက နေ့လယ်ဆိုတော့ လူနည်းနည်းရှင်းနေတော့ အခြားသူတွေကိုတော့ မထိသွားဘူး။ အုပ်ကြီးကတော့နေရာမှာပဲ သေသွားတယ်"
" သို့...တရုတ်အစိုးရ ဖက်ဆစ်တပ်နဲ့ပေါင်းပြီး မြန်မာပြည်သူတွေကို သတ်နေတာ ချက်ချင်းရပ်" စာသားကို ကိုင်ဆောင်ကာ ရန်ကုန်သပိတ်အင်အားစု၊ မန္တလေးသပိတ်အင်အားစု၊ မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂတို့နဲ့ ဆားလင်းကြီးမြို့နယ် ဒေသတွင်းရှိ သပိတ်အင်အားစုတွေ အားလုံးစုပေါင်းကာ ပြုလုပ်ခဲ့ကြတာတာလို့ ဆိုပါတယ်။
"စောင်တထည်ကို ရဲဘော်နှစ်ယောက်ခြုံနေရတယ်။ တကယ်ချို့တဲ့ပြီး လိုအပ်တဲ့ ရဲဘော်တွေကိုစာရင်းကောက်ယူပြီးတော့ မျှဝေပေးတာပါ ။ ထပ်ပေးဖို့ရှိသေးတယ် "
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း အခြေပြုနေတဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ် BNRA ရဲ့ တပ်ဖွဲ့ဝင် ၄ ဦးကို ကန့်ဘလူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ ဖမ်းဆီးခံထားရသူတွေဟာ BNRA တပ်ဖွဲ့ရဲ့ ဒုတပ်ရင်းမှူး၊ တပ်ခွဲမှူး၊ တပ်စိတ်မှူးနဲ့ တပ်ဖွဲ့ဝင်တို့ဖြစ်ပြီး ၎င်းတို့ကိုင်ဆောင်တဲ့ မောင်းပြန်သေနတ် ၃ လက်၊ လက်လုပ်သေနတ် ၂၆ လက်နဲ့ ကျည်ဆံခဲယမ်း အများအပြားလည်း သိမ်းဆည်းခံထားရတယ်လို့ ပြောပါတယ်။
ဂွေးချိုရွာမှာ တပ်စွဲထားတဲ့ ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်သားတွေကို ဒီဇင်ဘာ ၂၀ ရက် နေ့လယ် ၁ နာရီ ၁၀ မိနစ်ဝန်းကျင်မှာ ၂ မိုင်ခွဲအကွာအဝေးကနေ ရော့ကတ် ၁၂ လုံးနဲ့ သွားရောက်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
“သူက အားလုံးလွတ်မြောက်မဲ့နေရာကို လာခေါ်ဖို့ချိန်းတယ်၊ ချိန်းတော့ ဒီဘက်ကသွားကြိုပါတယ်၊ သူတို့ကလည်း ချိန်းဆိုတဲ့နေရာကို ပစ္စည်းတွေနဲ့ရောက်လာတယ်”
"ရပ်ကွက်က လူတွေက အရင်တွေ့တာပါ။ အလောင်းကတော့ မျက်နှာတောင်မပေါ်တော့ဘူး။ ငါးတွေစားထားလို့ မျက်နှာအသားတွေတောင်မရှိတော့ဘူး"
"တိုက်ပွဲမှာ စကစဘက်က အထိနာခဲ့တယ်။ အဲ့ဒီနောက် မန္တလေးဆိပ်ကမ်းကို သူတို့ပြန်စုန်သွားတယ်။ ဆိပ်ကမ်းကနေ မြို့ထဲကို အရေးပေါ်ကား ၁၁ စီးနဲ့သယ်သွားတယ်လို့ ကျနော်တို့ သတင်းရထားပါတယ်"
"စကစနဲ့ပျူတွေဝင်လာတော့ ကျန်တဲ့သူတွေက ပြေးလို့လွတ်တယ်။ သူက ဘာလုပ်နေလဲမသိဘဲ ကျန်ခဲ့တော့ စကစတွေဖမ်းတာ ခံလိုက်ရတယ်။ သူအလောင်းကိုတော့ စက်ကြည်ရွာက အိမ်တခုထဲမှာ ပြန်တွေ့ရတယ်"