နတ်တလင်းမှာ နေအိမ်၊ စစ်ရှောင်တဲအပါအဝင် လူ ၇ ဦးကိုပါ စစ်တပ်က မီးရှို့သွား(ရုပ်/သံ)
စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာ ၁၉ ရက်ကနေ ၂၄ ရက်အတွင်း ရစ်ကွင်းရွာ၊ လေးအိမ်တန်းရွာနဲ့ သရက်ချောင်းရွာ အလယ်စု၊ သဖန်းချောင်းရွာ အရှေ့စု၊ ညောင်လေးပင်ရွာနဲ့ ကွေ့ကြီးရွာ အနီးတဝိုက်က စစ်ရှောင်တဲတွေအပြင် ညောင်လေးပင်နဲ့ ကွေ့ကြီးရွာက နေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးသွားတာဖြစ်တယ်လို့ သိရပါတယ်။