တိုက်ခိုက်ခံရတဲ့စစ်အုပ်စုက လက်နက်ကြီးနဲ့ပြန်ပစ်လို့ ဒေသခံတဦးသေဆုံး
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်အတွင်းမှာ ဒီဇင်ဘာ ၂၇ ရက်မှာ စစ်ကောင်စီဘက်ကပစ်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး ဒေသခံအမျိုးသား ၁ ဦးသေဆုံးခဲ့တယ်လို့ ရေတာရှည် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဆီက သိရပါတယ်။