ပြည်သူ့စစ်အဖွဲ့မိုင်းဆွဲခံရပြီး ခေါင်းဆောင်နဲ့ အဖွဲ့ဝင် ၂ ဦးသေဆုံး (ရုပ်/သံ)
ဒီဇင်ဘာ ၁၂ ရက် ယနေ့မနက်ပိုင်း ၇ နာရီ ၁၅ မိနစ်ဝန်းကျင်မှာ မြင်းချင်းကျေးရွာကနေ အင်အား ၂၀ နဲ့ ထွက်လာတဲ့ ပြည်သူ့စစ်ခေါင်းဆောင်နဲ့ စစ်သားတွေကို ရွာရဲ့အနောက်တောင်ဘက် မီတာ ၅၀၀ အကွာမှာ မိုင်းဆွဲတဲ့အပြင် ၅ မိနစ်ခန့် လက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။