ကျားဘီလူးစစ်ကြောင်းကို BNRA တပ်က တိုက်ခိုက်၊ ၈ ဦးသေပြီး သေနတ် ၁ လက်နဲ့ ကျည်ဆံတချို့ရ
အောက်တိုဘာ ၃၀ ရက်က ပုလဲမြို့နယ်၊ စည်ပင်ကျေးရွာနဲ့ ဘူးလဲကျေးရွာအကြားမှာ ညနေ ၃ နာရီခွဲအချိန် စောင့်ကြိုတိုက်ခဲ့သလို နိုဝင်ဘာ ၁ ရက်မှာလည်း မြောက်ပိတောက်ကုန်းအနောက်ဘက် မြောက်ယမားဆည်အနီးမှာ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်အချိန် စနိုက်ပါနဲ့ စောင့်ကြိုပစ်ခတ်ခဲ့တာလို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - BNRAပြောရေးဆိုခွင့်ရှိသူ ကိုဆာန်က ပြောပါတယ်။