သတင်းတို

မုံရွာမြို့လယ်နာရီစင်မှာ ၁၉ ဇူလိုင်မမေ့နိုင်စာတန်းချိတ်ဆွဲ၊ ကားတာယာကွင်း မီးရှို့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်ကောင်စီရဲ့ လုံခြုံရေးတွေ တင်းကျပ်ထားတဲ့ကြားက မြို့လယ်ကောင်က နာရီစင်မှာ “၁၉ ဇူလိုင် မမေ့နိုင်” ဆိုတဲ့ စာတန်းကိုချိတ်ဆွဲခဲ့ပြီး ကားတာယာတွေကို မီးရှို့ခဲ့တယ်လို့ မုံရွာလူငယ်အစည်းအရုံးက ပြောပါတယ်။

ကနီမှာ အာဇာနည်နေ့အထိမ်းအမှတ် ကလေးငယ်တွေကို သံချဆေးတိုက်ကျွေး

"မနေ့ကနဲ့ဒီနေ့မှာ ကျနော်တို့ Team က ကျန်းမာရေး CDM ဆရာ၊ ဆရာမတွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး သံချဆေးတိုက်ကျွေးခဲ့တာပါ။ တိုက်ကျွေးရတဲ့နေရာက ခရီးကဝေးတယ်"

မုံရွာမှာ လုံခြုံရေးတင်းကျပ်တဲ့ကြားက အာဇာနည်နေ့အထိမ်းအမှတ် သပိတ်ထွက်

“မုံရွာ ဘုရားနီလမ်းမှာ သပိတ်ဖြိုခံရလို့ ကျဆုံးသွားတဲ့သူတချို့ပုံနဲ့ ရန်ကုန်မှာ ကျဆုံးသွားရတဲ့ ပြည်သူ တချို့ပုံတွေနဲ့ သပိတ်ထွက်ခဲ့တယ်"

ရေလယ်ကျွန်းက ရေဘေးသင့်ပြည်သူတွေကို မိုးကာတာပေါ်လင်တွေ ထောက်ပံ့

" ပြည်သူတွေက စစ်ရှောင်နေရင်းနဲ့ ရေဘေးပါထပ်ကြုံနေရတယ်။ မိုးကာတွေလိုတာသိရလို့ ကူညီပေးတာပါ။ သူတို့မှာ စားဖို့ရောနေဖို့အတွက်ပါ ခက်ခဲနေကြတာ တွေ့ရတယ်။ ကလေးတွေကိုလည်း မုန့်တွေဝေပေးခဲ့တယ်။ တတ်နိုင်တဲ့ဘက်က ကူညီပေးရတာပါလို့"

စစ်ကောင်စီတပ်နဲ့ သတင်းပေးတွေပူးပေါင်းပြီး ကောလင်းမြို့ပေါ်က ဒေသခံတွေကို ဖမ်းဆီးနေ

"တချို့ ယောက်ျားကိုလာဖမ်းပေမယ့် ယောက်ျားမရှိလို့ မိန်းမကို ဖမ်းတာမျိူးကော၊ မိန်းမကို လာဖမ်းပေမယ့် မိန်းမ မရှိလို့ ယောက်ျားကိုဖမ်းသွားတာမျိုးလည်း ရှိတယ်"

ကျောက်ကြီးမှာ တိုက်ပွဲဖြစ်၊ စစ်ကောင်စီက ရွာလုံးကျွတ် မီးရှို့

“နောင်ကုန်းရွာကို စစ်တပ်ဝင်စီးပြီး မီးရှို့တာ တရွာလုံးနီးပါးကုန်တယ်၊ စစ်ကြောင်းက ရွာကို ဝိုင်းပြီးလာတာ၊ ရဲဘော်တွေနဲ့ တိုက်ပွဲဖြစ်ပြီး သူတို့(စကစ)ဘက်က အင်အားများတော့ နောက်နည်းနည်း ဆုတ်ပေးလိုက်ချိန် ရွာထဲဝင်နိုင်သွားတယ်။ ဝင်နိုင်တော့ မီးရှို့ပါလေရော၊ အခုထိ ပြန်မထွက်သေးဘူး”

ရေဦးကို စစ်ကြောင်းထိုးနေလို့ ဒေသခံ ၃,၀၀၀ ခန့် နေအိမ်စွန့်ခွာ ထွက်ပြေးနေရ

"လက်နက်ကြီးပစ်မှ ထပြေးကြရတာ မဟုတ်ဘူးပေါ့ဗျာ။ ရေဦးကနေ စစ်ကြောင်းထွက်လာမှတော့ အိမ်ထဲထိုင်နေလို့မှ မရတာ။ လက်နက်ကြီးမထုလည်း ရှောင်ရမှာဘဲ။ ခြေလျင်စစ်ကြောင်းထွက်လာလို့မို့ ထွက်ပြေးကြရတာ။ ထွက်ပြေးနေကြတဲ့ပြည်သူတွေဘက်ကို ရမ်းပြီးလက်နက်ကြီးလှမ်းထုတာ" လို့ ရေဦးအခြေ ပြု People's Defense Comrade ပြန်ကြား ရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ပြော ပါတယ်။

အရာတော်၊ ဆင်တလည်ရွာကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်၊ ပြည်သူ ၄ ဦးဒဏ်ရာရ

"လောလောဆယ် အသက် ၈၀ ကျော်အဖွားရယ်၊ ယောကျာ်းလေး ကလေးငယ် ၁ ဦး ရယ်ကို ကျနော်တို့ ဆေးကုပေးနေတယ်။ ကျန်တဲ့ ၂ ဦးကတော့ မသိရသေးဘူး" လို့ စစ်ရှောင်ကူညီနေသူတဦးက ပြောပါတယ်။

ဖမ်းဆီးထောင်ချခံထားရတဲ့ ဝေါမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် သေဆုံး

"သူကို စကစက ထောင်ချထားပြီးတော့ ရောဂါဖြစ်လို့ ဆေးရုံတက်ကုသနေရာကနေ ညက ဆုံးသွားတယ်။ သူဆေးရုံတက်နေရချိန် သူမိသားစုက သွားတွေ့ခွင့်ရတယ်လို့တော့ သိရတယ်။"လို့ ဦးမောင်ဒီ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

တကန်သာရွာ လေကြောင်းတိုက်ခိုက်မှု ၁ ဦးဒဏ်ရာရပြီး အိမ် ၉ လုံးမီးလောင်၊ လေယာဉ်ထပ်ဝဲလို့  ရွာထဲမဝင်ရဲသေး

“နေမကောင်းလို့မပြေးလွှားနိုင်တဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသားတဦး ဦးခေါင်းထိမှန်ဒဏ်ရာရတယ်။ နေအိမ်တွေလည်း ထိမှန်ပေါက်ကွဲပြီး မီးလောင်တာ” လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ချောင်းဦးမြို့ပေါ်လမ်းမမှာ ပိုက်ဆံတောင်းရမ်းနေတဲ့စစ်တပ် တိုက်ခိုက်ခံရလို့  ၅ ဦးသေ

"ကျနော်တို့ ပွိုင့်ထဲဝင်တာနဲ့ကို ဆွဲလိုက်တာဖြစ်လို့ ၅ ကောင်က နေရာမှာတင်လဲကျသေသွားတယ်။ ကျန် ၅ ကောင်က ဒဏ်ရာအနည်းငယ်ရပြီးတော့ သေတဲ့ကောင်တွေကို ဆွဲယူပြီးစခန်း ထဲဝင်သွားကြတယ်"လို့ Farmers Revolution Force (FRF) မုံရွာခရိုင် တပ်ရင်း(၈)မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

လမ်းဘေးရေမြောင်းထဲ ရေဆင်းကူးတဲ့ကျောင်းသား ၂ ဦး ရေနစ်သေဆုံး

"ကလေးတွေက ကျောင်းပြေးပြီး ရေဆင်းကူးတာနေမယ်။ ရေနစ်နေတာကို လမ်းသွားလမ်းလာတွေက တွေ့ရာကနေ ဝိုင်းဆယ်ကြတာ။ သူတို့ရေနစ်တဲ့နေရာ ဆည်မြောင်းဘေးမှာ ဘတ်ဟိုးတွေနဲ့ မြေတူးထားတဲ့ မြောင်းလိုဖြစ်နေတဲ့နေရာမှာ ဖြစ်တာ" လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ရေလယ်ကျွန်းမှာ မြစ်ရေကြီးလာလို့ စစ်ရှောင်တွေပြောင်းရွေ့နေကြရပြီး ဝါးနဲ့မိုးကာ အကူအညီ လိုအပ်နေ

"မြေနိမ့်ပိုင်းက ရေဝင်လာတဲ့ တဲတွေအရင်ရွေ့နေရတယ်။ လှေပေါ် ပစ္စည်းတွေတင်ပြီး တဘက်ကမ်းကိုပြန်ရွေ့ရတာပါ။ လှေမရှိတဲ့သူတွေက ပိုခက်ခဲကြတယ်။ ကျွန်းပေါ်မှာ ခုံမြင့်တဲ့နေရာကသိပ်မရှိတော့ဘူး။ တဲပြန်ထိုးဖို့ဝါးနဲ့မိုးကာ မရှိလို့ အခက်အခဲတွေ့ နေရတယ်" လို့ စစ်ရှောင်ရွာသားတဦးက ပြောပါတယ်။

မကွေးစစ်ဆေးရုံကို ရဟတ်ယာဉ်နဲ့လာပို့တဲ့ ဒဏ်ရာရစစ်သားတွေ များပြားနေပြီး သေဆုံးသူတွေလည်းရှိ

“ဒီ ယောနယ်နဲ့ ပခုက္ကူ၊ပေါက်ဘက်က ဒဏ်ရာပြင်းထန်စစ်သားတွေလို့ သိရတယ်။ ဘယ်တိုက်ပွဲတွေလည်းတော့ မသိဘူး။ ရဟတ်ယာဉ်နဲ့ လေတပ်မှလာချတယ်။ လေတပ်ထဲကို Ambulance ၃၊ ၄ စီးခေါ်တယ်။ ပြီးရင် ၁၆၊ ၁၀၀ (စစ်ဆေးရုံ)ထဲ ပို့တယ်။ ပြီးခဲ့တဲ့ရက်ပိုင်းမှာဘဲ ၃၊ ၄ ရက်ဆက်တိုက်ရှိနေပြီ” လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ မကွေးတပ်သတင်းရင်းမြစ်တဦးက မြေလတ်အသံကို ပြောပါတယ်။

နတ်မောက်က စစ်ကောင်စီသတင်းပေးဆိုသူ ဖမ်းဆီးရှင်းလင်းခံရ

"ကျနော်တို့က သူ့ကို ရှာနေတာတော့ ကြာပြီ။ မတွေ့ဘူး။ ခုကလည်း ကျနော်တို့အလုပ်ကိစ္စတခုနဲ့သွားနေချိန် သူကလည်း သူအဖော်တွေနဲ့လာချိန် လမ်းမှာဆုံလို့ ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းပြီး ရှင်းပစ်လိုက်တာဖြစ်တယ်"လို့ နတ်မောက် ဂဠုန် PDF တာဝန်ခံ ဗိုလ်အောင်ဒင်က ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10