သတင်းတို

သာစည်မှာ ပကဖနဲ့ PDF စခန်းတခု စီးနင်းခံရလို့ ရဲဘော် ၁ ဦးသေဆုံး၊ လက်နက်ခဲယမ်း ကျပ်သိန်း ၃၀၀ ကျော်ဖိုးဆုံးရှုံး

"စခန်းမှာရှိတဲ့ ရဲဘော်တွေ ထမင်းစားနေချိန်မှာ တိုက်ခိုက်ခံရတာ။ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့သေးတယ်။ စကစအင်အားများတော့ စခန်းကိုစွန့်ခွာပြီး ပြန်ဆုတ်ခဲ့ရတယ်။ စကစက လက်နက်လည်း သာတာကိုး။ ရဲဘော်မောင်ညိုကတော့ ကျည်ထိလို့ ဖမ်းခံရတာ။ သူ့ကိုသတ်ပြီး မီးရှို့သွားတယ်" လို့ ရွာငံကျေးရွာပြည်သူ့ ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိလို့ ကလေး ၁ ဦးအပါ ၂ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ

"မနေ့က ပစ်ခတ်မှုမှာ ၃ ကြိမ်ပေါ့၊ လက်နက်ကြီးပစ်တာ။ ရွာထဲ ၃ လုံးကျပေါက်ကွဲတာ။ ရွာဘုန်းကြီးကျောင်းနားက နေအိမ်တွေထိတာ။ နေအိမ်တွေဆို ကြည့်လို့တောင် မကောင်းဘူး ဖြစ်ကုန်တယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

မြင်းခြံမှာ စစ်ကောင်စီတပ်သား ၁ ဦး ဆေးခွင့်ယူပြီးအနားယူနေချိန် ပစ်ခတ်ရှင်းလင်းခံရ

"သူ့ကို နေအိမ်မှာဘဲရှင်းလင်းခဲ့တာ။ သူ စစ်မှုထမ်းခဲ့တဲ့ တပ်နာမည်နဲ့ ရာထူးအတိအကျကိုတော့ မသိရသေးဘူး။ သူက အိမ်မှာမောင်နှမ ၂ ယောက်တည်း နေကြတာ"လို့ မြင်းခြံခရိုင်အမှတ် (၅) တပ်ရင်း၊ တပ်ခွဲ ၂ မှ တပ်ခွဲမှူး ကိုနွေမိုက်က ပြောပါတယ်။

ကန့်ဘလူတောင်ဘက်ခြမ်းကို စစ်ကြောင်းဝင်နေလို့ ဒေသခံ ၅၀၀၀ ကျော်ထွက်ပြေးနေရ

"မနက်က သူတို့လာတယ်လို့ သတင်းရလို့ မနက်အစောကြီး မိုးတွေကရွာနေချိန် ဒေသခံတွေက ရွာလုံးကျွတ် ပြေးရတာ။ စိုရွှဲနေတဲ့ကြားကနေ အသက်လုပြေးနေရတယ်။ ခုတော့ စကစ စစ်ကြောင်းက သရက်ခေါင်းရွာထဲရှိနေတယ်"

ကန့်ဘလူမှာ ပျူစောထီးဆိုသူ ၂ ဦး မိုင်းထိလို့ ဒဏ်ရာရ

"ထိတဲ့ ၂ ယောက်က ပျူစောထီး။ အဲ့ဒီရွာကလည်း စစ်တပ်ကို ထောက်ခံအားပေးသူများတဲ့ရွာလို့ သိထားရတယ်။ စစ်တပ်က အဝင်အထွက်လည်းရှိတယ်"

ရထားလမ်းဘေးမှာရှိတဲ့ ထန်းကြီးရွာက နေအိမ်တွေကို စစ်တပ်က မီးရှို့

“ခက်ခနဲ့ ထန်းကြီးရွာကြားမှာရှိတဲ့ ရထားလမ်းကို သူတို့ပြင်လာမှာမို့ ထန်းကြီးကို ကင်းယူထားမှ အဲ့ဒီရထားလမ်းကို ပြင်လို့ရမှာလေ။ သူတို့က ထောက်ပို့လမ်းကြောင်းများအောင် လုပ်တယ်ထင်ပါတယ်။ သူတို့ ထောက်ပို့လမ်းကြောင်းများများရဖို့အတွက် အခုလိုပြန်ပြီးပြင်နေတယ်လို့တော့ ထင်တယ်”

မိတ္ထီလာဗဟိုဈေးမှာ စစ်ကောင်စီက တန်းစီသက်သာဈေးဆိုင်တွေ စတင်ရောင်းချ

အဲဒီဈေးဆိုင်တွေမှာ စစ်ကောင်စီက လူတဦးလျှင် ဧည့်မထဆန် တပြည် ၂၅၀၀ ကျပ်နဲ့ ၂ ပြည်ဝယ်ယူနိုင်သလို စားသုံးဆီ တပိဿာကို ၄၆၀၀ ကျပ်နဲ့ ဝယ်ယူနိုင်မှာဖြစ်ပြီး အခြား စားသောက်ကုန်တွေကိုလည်း သတ်မှတ်အရေအတွက်အလိုက် ကန့်သတ်ရောင်းချပေးတာဖြစ်တယ်လို့ ဆိုပါတယ်။

မြိုင်မြို့စစ်ဆေးရေးဂိတ်က ဒုရဲအုပ် ၁ ဦး စနိုက်ဘာနဲ့ ပစ်ခတ်ခံရပြီး သေဆုံး

"အဲ့ဒီနယ်ထိန်းခေါင်းဆောင် ကျည်ထိမှန်ပြီး လဲကျသွားတာမြင်ရတယ်။ အခု ပြန်စုံစမ်းကြည့်တာမှာ သူသေသွားတယ်လို့ သိရတယ်။ သင်္ဂြိုဟ်မှာကတော့ မြိုင်သုဿန်မှာလား၊ မြို့ထဲမှာပဲသင်္ဂြိုဟ် မလားမသိသေးဘူး” လို့ မြိုင်ပကဖတာဝန်ခံ ဗိုလ်လက်ယာ က ပြောပါတယ်။

လှတောရွာက ပကဖ ရဲဘော်တဦး ပစ်ခတ်ခံရပြီး သေဆုံး

“မနက်က စခန်းကနေ ရဲဘော်တွေက အဲဒီဘက်ကို သေနတ် ၄ ချက်ပစ်ဖောက်လိုက်တယ်။ သူတို့ဘက်က ပြန်လည်ပစ်တာမရှိတော့ အဲဒီနေရာမှာ မရှိတော့ဘူးဆိုပြီးသွားတာ။ ဘုရားဝန်းရှေ့မှာရှိတဲ့ တံတားပေါ်အရောက်မှာတော့ အပစ်ခံလိုက်ရတယ်” လို့ လှတောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောပါတယ်။

ပေါက်နယ်မှာ PDF တွေက မြေပဲနှုတ်ပြီး တပ်ဖွဲ့အတွက် အပိုဝင်ငွေရှာဖွေ

ပေါက်မြို့နယ်မြောက်ပိုင်း၊ ကျေးရွာတချို့က တောင်သူတွေရဲ့မြေပဲခင်းတွေမှာ သြဂုတ်လ ၂၇ ရက်ကစလို့ PDF ရဲဘော်၊ ရဲမေတွေစုပေါင်းပြီး တပ်ဖွဲ့အတွက် အပိုဝင်ငွေရရှိအောင် မြေပဲနှုတ်တာ မြေပဲခြွေတာတွေ လုပ်ကိုင်နေကြတာလို့ ဆိုပါတယ်။

MG6 ခေါင်းဆောင် ဗိုလ်ကျော်လင်းထွန်းရဲ့နာရေးနဲ့ အထိမ်းအမှတ်အုတ်ဂူတည်ဆောက်

"ကိုယ့်ဆရာရဲ့ Dead Body တောင် သေချာမမြင်လိုက်ရဘူး။ ဒီကြားထဲမှာ အုတ်ဂူကလည်းလုပ်ဖို့ အဆင်မပြေဘူး။ ငွေရေးကြေးရေးပိုင်းရော တခြားအခက်အခဲတွေရောပေါ့။ ပန်းရံဆရာကလည်း လန့်တယ်။ ခေါင်းဆောင်တယောက်ကိုတောင် အဲ့လိုလုပ်ထားမှတော့ သာမန်ပြည်သူဆိုလည်း အဲ့လိုလုပ်သွားနိုင်တယ်ဆိုတဲ့ အတွေးမျိုးနဲ့ပေါ့" လို့ MG6 ပြောက်ကျားတပ်မှ ရဲဘော်တဦးက ပြောပါတယ်။

ပြည်မြို့နယ်မှာ အမျိုးသားတဦး ကြိုးဆွဲချသေဆုံး၊ ၈ လအတွင်း ကြိုးဆွဲချ သေဆုံးသူ ၉ ဦးထက် မနည်းရှိ

"သူက လေဖြတ်ထားတာ ၂ နှစ်လောက်ရှိပြီ။ မိသားစုက အတတ်နိုင်ဆုံးပြည့်ပြည့်စုံစုံထားကြတယ်။ လေဖြတ်ထားတော့လည်း သူစိတ်ကခန့်မှန်းရခက်တယ်။ သူအိမ်နောက် တဲထဲကအလယ်ခေါင်တိုင် ယောက်တန်းမှာ ကြိုးဆွဲချသွားတာ" လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

စဉ့်ကူးက ကြာဥယျာဥ်ရွာကို စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်လို့ ကလေး ၁ ဦးအပါ ၂ ဦးဒဏ်ရာရ

"ပထမ ၁ စီးက ၁ လုံးချတယ်။ ဒုတိယ ၂ စီးက ၁ လုံးချတယ်။ အဲ့ဒီဗုံးသီး ၂ လုံးက မကွဲဘူး။ တတိယ ၁ စီးက ၃ လုံးတွဲချတဲ့အခါ အိမ် ၂ အိမ် ခြံဝန်းထဲကို ကျရောက်ပေါက်ကွဲလို့ ၂ ယောက် ဒဏ်ရာရတာ"လို့ စဉ့်ကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ဦးအောင်ထိုက် က ပြောပါတယ်။

ကျောက်ကြီးမှာ စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် ကလေး ၁ ဦးအပါ ၄ ဦးဒဏ်ရာရ

"စီမံချက်နဲ့ မပစ်မနေရများ လုပ်နေလားမသိဘူး။ အမျိုးသမီးတွေချည်ပဲ ထိခိုက်ကြတယ်။ ပြီးခဲ့တဲ့ရက်ကလည်း ကြိုးကြီးရွာက ထိသေးတယ်"လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

မင်းကင်းမြို့ ကံရွာက ပျူစောထီး‌တွေတိုက်ခိုက်ခံရပြီး ၇ ဦးထက်မနည်းသေဆုံး လက်နက်ခဲယမ်းများသိမ်းဆည်းနိုင်ခဲ့

"မနက်အစောကြီး ရွာထဲကို ပစ်ပြီး၀င်တိုက်တာ။ တချို့လက်နက်ကိုင် ပျူတွေက ထွက်ပြေးသွားတယ်။ သေတာကတော့ ၁၀ နီးပါးလောက်ရှိတယ်။ ဒဏ်ရာရတွေလည်း မနည်းဘူး"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10