သတင်းတို

RPG လက်နက်စမ်းသပ်တဲ့အနေနဲ့ တံတားလုံခြုံရေးတပ်ဖွဲ့ကို ပစ်ခတ်ခဲ့ရာ ၁ ဦးသေ

"ကျနော်တို့မှာက လက်နက်အသစ်တွေရလာရင် စမ်းသပ်တဲ့အခါ အလကား မဖြစ်အောင် စကစ အဖွဲ့တွေရှိတဲ့ နေရာကို သွားသွားပစ်လေ့ရှိတယ်။ မနေ့ကသွားပစ်ပြီးတော့ စကစဘက်က ချက်ချင်းတောင် ပြန်မပစ်နိုင်ဘူး"

မပခတိုင်းမှူးနေရာကို ဗိုလ်မှူးချုပ် စိုးလှိုင်ကို အစားထိုး၊ တိုင်းမှူးဟောင်း ဗိုလ်ချုပ် ကိုကိုမောင် အစအနပျောက်နေ

ဇူလိုင်လ ဒုတိယပတ်အတွင်းက ယခင် မပခတိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်အပါအဝင် စစ်တပ်အကြီးတန်းအရာရှိတွေ ဖမ်းဆီးထိန်းသိမ်းစစ်ဆေးခံခဲ့ရပြီးနောက် တိုင်းမှူးအသစ် စစ်ဗိုလ်ချုပ်တဦး အစား ထိုးရောက်ရှိလာတာပါ။

ဟန်လင်းမြို့ဟောင်းထဲက စစ်ကောင်စီတပ်ကို PDF က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

“ ဟန်လင်းထဲမှာက စစ်**တွေက လူမနေတဲ့ပြည်သူ့အိမ်တွေ တက်နေပြီးစခန်းလုပ်ကြတာ။ ဖရဲသီးသတင်းနဲ့ချရတာ ထိထိမိမိရှိပါတယ်“

ပဲခူးမှာ ရေမြောင်းထဲပြုတ်ကျတာနဲ့ ကြိုးဆွဲချတာကြောင့် အမျိုးသား ၂ ဦး သေဆုံး

"ကြိုးဆွဲချသေဆုံးသူက သူငှားနေတဲ့အခန်းမှာ တဦးတည်းရှိနေချိန် လုပ်လိုက်တာ။ မိသားစုပြဿနာရှိလို့ ဖြစ်နိုင်ပါတယ်။ ရေမြောင်းထဲ ပြုတ်ကျသေတဲ့သူကတော နဂိုက စိတ်ကျန်းမာရေးမကောင်းသူ အရက်လည်း သောက်တတ်သူလို့တော့ သိရတယ် "

ညောင်လေးပင်မှာ စစ်ကောင်စီအဖွဲ့ မိုင်းထိပြီး ၅ ဦးသေဆုံး

"မိုင်းထိလို့ စကစတပ်သားတွေ သေဆုံးတာမှာ ကားတွေနဲ့ပို့တဲ့ကိစ္စတွေကို ရွာကလူတွေ ဝိုင်းလုပ်ပေးလိုက်ရတာရှိတယ်။ အဲ့နားဝန်းကျင်မှာက တပ်ဘက်ကကော KNUဘက်ကကော မိုင်းထောင်ထားတာတွေရှိတော့ ဘယ်သူမိုင်းနဲ့ထိတယ်ဆိုတာတော့ မသိရဘူး"

ရေစကြို ရုံးပေါင်းစုံထဲ အစည်းအဝေးလုပ်နေချိန် ၄၀ မမနဲ့ ၂ ချက် ပစ်ခံရ

"ရုံးပေါင်းစုံထဲမှာ **တွေ အစည်းအဝေးထိုင်နေတယ်လို့ သတင်းပေးတာကြောင့် ကျနော်တို့ သွားပစ်ခဲ့တာ။ ပစ်လိုက်တာကတော့ သူတို့အစည်းအဝေးထိုင်တဲ့နေရာကို ပစ်လိုက်တာ။ ဒါပေမဲ့ လွဲချော်မှုဖြစ်ပြီး အစည်းအဝေးထိုင်တဲ့နေရာကိုမကျဘဲ သူတို့ စုပေါင်းရုံး(ခ) စီမံရုံးရဲ့ဘေးနားကိုကျပြီး ခွေး ၂ ယောက်ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိတယ်လို့ ဖရဲသီးဆီက အတိအကျသိရပါတယ်။ "

ရွှေစျေးထိန်းဖို့ မန္တလေးမြို့ရွှေဆိုင်ပိုင်ရှင်တွေကို စစ်တပ်က ဖမ်းထား

"ဖမ်းထားတယ်လို့ ပြောရမှာပေါ့။ နေရတာတော့ အေးအေးဆေးဆေးနေရပါတယ်။ မနက် ၁၁ လောက်ဆို အိမ်ပြန်ခွင့်ပေးပြီး ညကျရင်ပြန်ဝင်ပေါ့။ အကျယ်ချုပ်ချထားသလိုပါပဲ"

ရွှေကျင်မြို့နယ်အတွင်း စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရလို့ သေဆုံးမှုများဟုဆို

" တိုက်ပွဲမဖြစ်ခင်တရက် မဒေါက်အောက်ဘက်ခြမ်းကို စကစအဖွဲ့တွေရောက်လာကတည်းက သတင်းရလို့စောင့်နေတာ။ မနေ့က တိုက်ပွဲက ၃ နာရီလောက်ကြာတယ်။ သူတို့ဘက်က လေယာဉ်သုံး တိုက်ခိုက်လာလို့ ပြန်ဆုတ်လာရတယ်"

ရွှေဘိုကို ပြန်လာတဲ့စစ်အုပ်စု လမ်းတလျှောက်တိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးမှုရှိဟုဆို

"စိုင်နိုင်ကြီး၊ စိုင်နိုင်လေးရွာနားမှာ ပွို့င်ဆွဲလို့ ထိတွေ့စဖြစ်တာ။ အဲဒီမှာ သူတို့က ရှေ့ဆက်တိုးလာတော့ ဘုန်းဘွဲ့ရွာကို ရောက်လာတာမှာ ကျနော်တို့က လက်နက်ကြီးငယ်နဲ့ဆက်တိုက်လိုက်ပစ်တာ တဂဏန်းရွာ ရောက်တဲ့အထိပဲ။ သေဆုံးထိခိုက်သူတွေခဲ့တယ်"

သတင်းပေါက်ကြားမှုနဲ့ ဟန်လင်းကျေးရွာသားတွေကို စစ်ကောင်စီက ခြိမ်းခြောက်

"သူတို့ဝင်တိုက်ခံလိုက်ရတော့ သတင်းပေါက်လို့ဆိုပြီး ရွာမှာနေတဲ့သူတွေကိုမဲတာ။ ငါကိုင်တုတ်ပြီး အကုန်သတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်။ ရှေ့မှာ ရွာထဲကအခြေအနေကိုပြောလို့ဆိုပြီး တယောက်သတ်ထားတော့ အကုန်ကြောက်နေရတာ။"

စစ်ကောင်စီပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး၊ ရဲချုပ်နဲ့ အကျဉ်းဦးစီးညွှန်ချုပ်နေရာတွေ အပြောင်းအလဲလုပ်

“ နီလင်းအောင်က မင်းအောင်လှိုင်က သေဆိုသေ၊ရှင်ဆိုရှင် ဆိုတဲ့ကောင်မျိုးပေါ့။ သူ(မင်းအောင်လှိုင်) တိုင်းမှူး ဘဝထဲက သူ့Staff အဖြစ်နဲ့တွဲလာတာ။ သူ့တပည့်ဆိုတော့ တိုင်းမှူးအထိလည်း သူပဲ ဆွဲတင်လာတာ”

တရက်တည်း ၁၄ ဦးသတ်ခံလိုက်ရတဲ့ စုန်းချောင်းရွာဖြစ်စဥ်

ဒလံသတင်းပေးမှုအရ ဇူလိုင်၂၁ရက် မနက် ၂နာရီလောက်မှာ စုန်းချောင်းရွာထဲ တိတ်တဆိတ်ဝင်လာပြီး အသက် ၁၆ နဲ့ ၁၇ကြား အသက်မပြည့်သေးတဲ့ လူငယ်၄ဦးအပါအဝင် ၁၄ဦးကို သတ်ထားခဲ့တာပါ။

စစ်အုပ်စုရဲ့ပစ်ခတ်မှုကြောင့် PPDF ရဲဘော်တဦးထိမှန်သေဆုံးပြီး လက်နက်အချို့ဆုံးရှုံး

"ရဲဘော် ၄ ဦး မနက်ထမင်းစားနေတုန်း ၄၀ မမနဲ့ ပစ်တာကိုခံရတာ တဦးကပွဲချင်းပြီးကျပြီး တဦးက ဒဏ်ရာရသွားတာ။ ကျန်ရဲဘော် ၂ ယောက်ကလည်း ထွက်ပြေးရင်း လက်နက်တွေကျကျန်ခဲ့တာ"

မြိုင်မှာ စစ်တပ်က ဒေသခံ ၂ ဦးကို ဖမ်းဆီးပြီး၊ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူ

“သူတို့ဝင်တဲ့အိမ်တွေဆို မှတ်ပုံတင်တို့ အိမ်ထောင်စုဇယားတို့ အကုန်ပါသွားတာပေါ့။ ရိက္ခာအနေနဲ့က အိမ်တွေမှာရှိတဲ့ ဆန်၊ဆီ၊ ဆား စျေးဆိုင်တွေကဆို အချိုရည်ဗူးတွေယူသွားတယ်။ ကန်ကလေးရွာက အိမ်တွေကလည်းများတော့ ရုတ်တရက်ထွက်ပြေးရတော့ ဖုန်းတွေ၊ ပစ္စည်းတွေတော့ ပါသွားတာပေါ့” လို့ နွေဦးတော်လှန်ရေး - မြိုင်မြို့မှ ကို Zooey က မြေလတ်အသံကို ပြောပါတယ်။

တပ်အတွင်းဖဲရိုက်တဲ့ PDF ရဲဘော်ရဲမေတွေကို ချုပ်ရက် ၁ ရက် ပြစ်ဒဏ်ပေး

"ကျနော်က အစည်းအဝေးတက်နေတဲ့အချိန်မှာ သူတို့က ကစားနေတာပါ။ တာဝန်ချိန်မဟုတ်လည်းတပ်ဖွဲ့အတွင်း ဖဲရိုက်ခွင့်မရှိပါဘူး ဒါကြောင့်ပစ်ဒဏ်ပေးရတာပါ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10