သတင်းတို

စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ ၆ လအရွယ် ကလေးအပါ ၄ ဦးဒဏ်ရာရ

"မနေ့ကပစ်တဲ့ လက်နက်ကြီးကျလို့ ၆ လ(အရွယ်) ကလေးဆို အခြေနေတော်တော်ဆိုးတယ်။ စကစ ဘက်က ဟောင်ဝင်ဇာ ၁၂၀၊ ၈၁၊ ၆၀ တွေက နေ့တိုင်းကိုပစ်နေတာ။ တရွာမဟုတ်တရွာကို ပစ်နေတာ"

ပဲခူးအရှေ့ခြမ်းမှာ စစ်ဘေးရှောင်ပြည်သူ ၂ သိန်းကျော်ရှိလာ

"နေ့စဉ်နီးပါး တိုက်ပွဲတွေဖြစ်နေတော့ စစ်ရှောင်တွေပိုပိုများလာတာပေါ့။ စစ်ကောင်စီက ပစ်လိုက်တဲ့လက်နက်ကြီးတွေ ပြည်သူတွေကို ထိတာမနည်းဘူး။ ခုဆိုရင် စစ်ရှောင်တွေ ၂ သိန်းကျော်ထက်မနည်းရှိနေပါတယ်"

ဂန့်ဂေါမှာမိုး ၃ ရက်ဆက်ရွာပြီး မြေပြိုလို့ ချောင်းကူးတံတားကျွံကျကာ ဒေသခံတွေသွားလာရ ခက်ခဲနေ

"ဒီတံတားက နေ့တိုင်း စျေးသည်တွေ၊ ကုန်ရောင်းကုန်ဝယ်နဲ့ကျောင်းသားတွေ သွားလာနေကြတာပါ။ လမ်းလျှောက်လို့ဆိုင်ကယ်တွန်းလို့ ရပေမယ့် အရဲစွန့်သွားနေရတယ်။ မြေသားတွေက တအိအိနဲ့ပြိုကျနေတော့ သွားရတာခက်ခဲနေပါတယ် "

ပြည်မှာ အသက် ၃၀ ကျော်အရွယ် အမျိုးသား ၁ ဦး ကြိုးဆွဲချသေဆုံး

"အိမ်မှာက သေဆုံးသူရယ်။ သူ့မိန်းမအမေရယ်ပဲ နေတာ။ သူမိန်းမက ပြည်မှာ အလုပ်လုပ်နေတာ။ သူ့ မိန်းမအမေက အပြင်တစ်ချက်သွားတဲ့အချိန်မှာ သေကြောင်းကြံလိုက်တာ"

စဉ့်ကူးမြို့နယ် ရွာသာယာကျေးရွာတိုက်ခိုက်ခံရမှု စစ်ကောင်စီဘက် သေဆုံးသူများပြား

"မနေ့က ဒဏ်ရာရတဲ့ စစ်သား ၅ ယောက်လောက်သေတယ်။ ပျူစောထီးထဲဝင်ထားတဲ့ ရွာသားက ၂ ယောက် သေတယ်။ စစ်သားသေတဲ့ သတင်းကိုတော့ အချင်းချင်းတောင် ပေးမသိကြဘူး”

ဆားလင်းကြီးမှာ စစ်တပ်နဲ့ PDF တိုက်ပွဲဖြစ်

“သူတို့က လမ်းကြောတလျှောက်လုံးကို လက်နက်ကြီးတွေနဲ့ ပစ်နေတာ။ ကျနော်တို့ကတော့ ကျနော်တို့ပွိုင့် ရောက်တဲ့အခါမှ သူတို့ကိုပစ်တာ။ သူတို့ RPG နဲ့ပစ်လိုက်တော့ အစလေးတွေ ကျနော်တို့ရဲဘော်တဦးနဲ့ အခြားအဖွဲ့က ရဲဘော်တဦးကို ထိသွားတယ်”

ရွှေဘိုမြို့နယ်၊ ယင်းမာရွာကို စစ်ကောင်စီမီးရှို့

"ရွာအနားကို ကပ်မရသေးတော့ အထိအခိုက်မသိရသေးပါဘူး။ **တွေက ရွာထဲမှာပဲငြိမ်နေတယ် "

ရာထူးကဖယ်ရှားခံရတဲ့ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ၅ ဦး ထိန်းသိမ်းစစ်ဆေးခံနေရ (ရုပ်/သံ)

စစ်ဆေးခံနေရသူတွေဟာ ကချင်ပြည်နယ် နယ်လုံဝန်ကြီးဟောင်း ဗိုလ်မှူးကြီး အောင်ကြည်လင်း၊ မန္တလေးတိုင်း နယ်လုံဝန်ကြီးဟောင်း ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ ကယားပြည်နယ် နယ်လုံဝန်ကြီးဟောင်း ဗိုလ်မှူးကြီး မြင့်ဝေ၊ ကရင်ပြည်နယ် နယ်လုံဝန်ကြီးဟောင်း ဗိုလ်မှူးကြီး မျိုးမင်းနောင်နဲ့ ချင်းပြည်နယ် နယ်လုံဝန်ကြီးဟောင်း ဗိုလ်မှူးကြီး ဟန်ဝင်းအောင် တို့ဖြစ်ပြီး သူတို့ကို စက်တင်ဘာလ ၁ ရက်နေ့ ရက်စွဲနဲ့ ရာထူးကဖယ်ရှားကြောင်းထုတ်ပြန်ပြီးတဲ့နောက် ခေါ်ယူစစ်ဆေးနေတာလို့ ဆိုပါတယ်။

မီးလောင်ပျက်စီး ဆီသယ်ယာဉ်ကို လုံခြုံရေးယူနေတဲ့ ရဲ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

"သူက ယူနီဖောင်းဝတ်၊ လက်နက်အပြည့်အစုံနဲ့ ရှိနေချိန် ဆိုင်ကယ်နဲ့အနားကပ်ပြီး ခေါင်းကိုတေ့ပစ်ခဲ့တာ၊ တချက်ပဲ။ ပစ်ခတ်တဲ့အချိန် ကျန်တဲ့ရဲတွေလည်းရှိနေတယ်"

မိုးရွာသွန်းမှုများပြီး PDF စခန်းတခု သိန်း ၃၀ ဖိုးခန့်ဆုံးရှုံး ရိက္ခာတွေမျောပါသွားလို့ စားဖို့ခက်ခဲနေ

အရာတော်မြို့နယ်ထဲမှာ ယမန်နေ့ ဩဂုတ် ၃ ရက် နေ့လယ် ၁၂ နာရီလောက်က စတင်မိုးရွာပြီး စခန်းအထဲကိုရေဝင် ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့ရာ ရိက္ခာသိုလှောင်ထားတဲ့ ဂိုထောင်ရုံ၊ သီးနှံစိုက်ပျိုးထားတဲ့ စိုက်ပျိုးခင်းတွေနဲ့ ယမ်းအိတ်တွေဆုံးရှုံးခဲ့လို့ ကာလတန်ဖိုး သိန်း ၃၀ လောက်ဆုံးရှုံးတယ်လို့ Snipe Rangers Force ရဲဘော်ဆလိုင်းက ပြောပါတယ်။

မြောင်နဲ့ ရေစကြို ရေလယ်ကျွန်းဒေသ ဒေသခံကာကွယ်ရေးအဖွဲ့များ မဟာမိတ်အင်အားစုကို ဖွဲ့စည်း

"မဟာမိတ်အဖွဲ့ထဲ ပါဝင်တဲ့အဖွဲ့အစည်းတွေကိုတော့ ကျနော်တို့အနေနဲ့ လျှိုဝှက်စွာ လုပ်ကိုင် ဆောင်ရွက်သွားမှာဖြစ်လို့ အဖွဲ့ဝင်နာမည်တွေ၊ အဖွဲ့ဝင်အရေအတွက်ကို မထုတ်ပြန်ဖို့သဘောတူခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က အဖွဲ့ဝင်အင်အားကို ပြောလိုက်တဲ့အချိန်မှာ စကစတွေက အင်အားကို ခန့်မှန်းမိမှာပေါ့။ အဲ့အချိန် မှာ စကစတွေက သာလွန်အင်အားနဲ့ စစ်ကြောင်းထိုးလာမှာ စိုးလို့ပါ"

ဝက်လက်ရှိ စစ်ရှောင်တွေက ဆေးကုပေးဖို့ အကူညီတောင်းခံလို့ အခမဲ့ဆေးကုသပေး

"စစ်ရှောင်တွေ ကျန်းမာရေးမကောင်းကြလို့ အကူညီပေးဖို့တောင်းဆိုတာနဲ့ ကုသပေးခဲ့တာပါ။ ဖျားနာကြတဲ့သူနဲ့ သွေးတိုးရောဂါတွေအဖြစ်များတယ်။ စိတ်ဖိစီးတာလည်းပါမယ်"

ပေါင်းတည် စွယ်တော်ပွဲကို စစ်ကောင်စီက လုံခြုံရေးတာဝန်မယူရဲလို့ အကျဉ်းချုံးသာ ကျင်းပမည်

"စွယ်တော်ပွဲကလုပ်မှာကမှန်တယ်။ စစ်ကောင်စီကလိုလားတယ်။ ဒါပေမယ့်သူတို့က လုံခြုံရေးတာဝန်မယူနိုင်လို့ လှည့်လည်ပွဲမလုပ်ဘဲ အကျဉ်းချုံးပြီး ပူဇော်ပွဲပဲ ဘုရားထဲလုပ်မှာ"

စားဝတ်နေရေးခက်ခဲလာတဲ့အတွက် တိုက်ပွဲငြိမ်ချိန် လမ်းပြန်ဖွင့်ပေးဖို့ တမူးပြည်သူတွေ မျှော်လင့်နေ

“အခု ကြက်ဥတလုံးကို ၁၂၀၀ ပေးစားနေရတယ်၊ ခရမ်းချဉ်သီးတလုံးကို ၆၀၀၊ အာလူးတလုံးကို ၇၀၀၊ ပိဿာနဲ့ မရောင်းတော့ဘဲနဲ့ အလုံးအရေတွက်နဲ့ ရောင်းနေကြတာ၊ ဓာတ်ဆီ တဂါလံကို ၃၆၀၀၀၊ ခမ်းပတ်တိုက်ပွဲဖြစ်ပြီးနောက်မှာ ဈေးက ၃ ဆ တက်သွားတာ၊ ကြက်ဥတောင် လူတိုင်းမစားနိုင်ဘူး၊ မြို့ခံလူတွေလည်း လမ်းပြန်ပွင့်လာမှာပါဆိုပြီး တောင့်ခံထားကြတာ။”

မြိုင်မြို့အဝင်ဂိတ် အနီးကပ်ပစ်ခတ်ခံရလို့ တဦးသေဆုံး (ရုပ်/သံ)

“အရင်ကအများကြီး ထွက်စစ်တယ်။ အခုက ခဏခဏ လာလာပစ်ခံရတော့ ဂိတ်ရှေ့ ကိုနည်းနည်းပဲထွက်တော့တယ်။ ကျနော်တို့ ဒီမနက်သွားပစ်တဲ့အချိန် အဲ့ဒီဂိတ်မှာ အင်အားက ၈ ယောက်လောက်ပဲရှိတယ်။ ၂ ယောက်ကထွက်စစ်နေတာ ၁ ယောက်ကလဲကျသွားတယ်။ ”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10