သတင်းတို

ပဲခူးရိုးမက PDF တွေရဲ့သတင်းကို စုံစမ်းနေတဲ့ မီးသွေးကားမောင်းသူ၂ ဦးကို ရှင်းလင်း

"စစ်ကောင်စီနဲ့ပေါင်းပြီး သတင်းပေးဒလန်လုပ်နေလို့ ဒီကောင်လေးတွေကို အကြိမ်ကြိမ်သတိပေးထားတာ။ ပြီးတော့ သူတို့ ၂ ဦးက မင်းလှ ခလရ ၁ က တပ်ကြပ်ကြီးခင်မောင်ကြည်ရဲ့ တပည့်အရင်းတွေဖြစ်နေလို့ ရှင်းလင်းလိုက်ရတာ" လို့ တပ်ရင်း ၃၈၀၂ ရဲ့သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

Drone စစ်ဆင်ရေးလုပ်ရင်း ဗုံးသီးပေါက်ကွဲခဲ့လို့ ရဲဘော်၃ဦး ဒဏ်ရာရ (ရုပ်/သံ)

အာဇာနည်နေ့အတွက် သီးသန့်စီစဥ်ထားတဲ့ ပြင်းအားမြင့်ဗုံးတွေဖြစ်တဲ့အတွက် ဒရုန်းလွှတ်တင်ချိန် အနားမှာရှိတဲ့ ရဲဘော် ၃ဦးစလုံး ခန္ဓာကိုယ်အနှံ့ ဗုံးစထိမှန်ကာ ဒဏ်ရာရခဲ့ပြီး ရဲဘော်တဦးကတော့ လည်ပင်းမှာ တလက်မခန့် ဗုံးစဖောက်ထွက်သွားပြီး ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။

ချောင်းဦးဒေသခံ ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးသတ်ခဲ့

ဇူလိုင်လ ၁၄ ရက်မှာ မသဲကြိုးကျေးရွာက ဦးသက်ဇော် ၄၀ နှစ်နဲ့ ၁၅ ရက်မှာ ကျားပိုင်ကျေးရွာက ကိုသွယ်မင်း ၃၈ နှစ်တို့ကို ချောင်းဦး-ပခုက္ကူလမ်းကွေ့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးပြီး သတ်ခဲ့တာလို့ ဆိုပါတယ်။

စဉ့်ကူးမှာ စခန်းမှူးနဲ့ စစ်ဗိုလ်က ဖဲဝိုင်းလုပ်တဲ့ဒလန်ကိုဖမ်းပြီး ကျပ်သိန်း ၁၀၀ တောင်းကာ ပြန်လွှတ်

"ထုံးကြီးစခန်း မှူးသောင်းထိုက်ဦးက တပြားမှ မရလိုက်တော့ ဒေါသတွေဖြစ်ပြီး စခန်းထဲပတ်ဆဲတာ။ သူတို့တွေ အချင်းချင်းဖြစ်နေတာ" လို့ ထုံးကြီးကျေးရွာက အမျိုးသားတဦးက ပြောပါတယ်။

အောင်လံမှာ Express ကားနဲ့ သုံးဘီးတိုက်မိလို့ အမျိုးသား ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ

“ကားက ရန်ကုန်ဘက်ကို မောင်းတာပေါ့။ လမ်းမှာ သုံးဘီးတစီးကို ရှောင်ရာကနေ ရပ်ထားတဲ့ သုံးဘီးကိုတိုက်မိလို့ သုံးဘီးမောင်သူက ပွဲချင်းပြီးသေသွားတာ။ သုံးဘီးပေါ်ထိုင်နေတဲ့ နောက်တယောက်ကတော့ ဦးခေါင်းကွဲသွားတယ်” လို့ အောင်လံမြို့ခံတဦးက ပြောပါတယ်။

တောင်ငူထောင်က နိုင်ကျဉ်းတွေထွက်ပြေးမှု ထောင်ပိုင်အပါအဝင် ၇ ဦး ထောင်ချခံရပြီး ပြောင်းရွေ့ခံရသူတွေလည်းရှိ

"ထောင်သား ၁၀ ဦးထွက်ပြေးပြီး မကြာဘူး သူတို့ကို တာဝန်ရှိတယ်ဆိုပြီး ဖမ်းဆီးလိုက်တယ်။ ပြီးခဲ့တဲ့ ရက်ကတော့ ထောင်ချလိုက်တယ်။ ကျန်တဲ့ ဝန်ထမ်းတွေကိုလည်း တာဝန်ပေါ့လျော့မှုနဲ့ နယ်ပြောင်းမယ်လို့ သိရတယ်" လို့ တောင်ငူထောင်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

စစ်ကောင်စီဗိုလ်မှူးရဲ့ သစ်သယ်ကားတွေ ပစ်ခတ်ခံရလို့ ယာဉ်မောင်း ၂ ဦး သေဆုံးပြီး ကားမီးရိူ့ခံရ

"ဖမ်းဆီးခံရတဲ့သစ်တွေ သယ်ရမယ်ဆိုပြီး ဗိုလ်မှူး ကျော်သူရ ခေါ်သွားတာမှာ ပစ်သတ်ခံလိုက်ရတာ။ စိန်ကန့်လန့်အုပ်ချုပ်ရေးအဖွဲ့က တောင်ပေါ်မတက်ဖို့ပြောတာကို နားမထောင်ပဲ ဇွတ်တက်လို့ ခုလိုဖြစ်သွားတာ" လို့ မင်းလှဒေသခံတဦးက မြေလတ်အသံကိုပြောပါတယ်။

ခင်ဦးနယ်မှာ စစ်တပ်ရဲ့လက်နက်ကြီးမှန်လို့  အမျိုးသမီးနဲ့ ကလေးငယ်အပါ ၃ ဦး သေဆုံး

"အခုကမြေပြင်စစ်ကြောင်းမှာ စစ်တပ်ကအရေးနိမ့်တဲ့အတွက် စစ်ကြောင်းကိုအသင့်တင့်ပဲထိုးပြီးတော့ အဝေးကနေပဲ လက်နက်ကြီးနဲ့ ကျေးရွာတွေကိုလှမ်းပစ်နေတာ" လို့ စစ်ရှောင် ကူညီထောက်ပံ့ရေးလုပ်နေတဲ့ Khin Oo Support Organization-KSO အဖွဲ့တာဝန်ခံ ဗိုလ်လင်းရောင်က ပြောပါတယ်။

ရဲဘော်တွေ မစုံလင်ပေမယ့် ရေစကြိုနဲ့ ကနီမှာ အာဇာနည်နေ့ကျင်းပခဲ့ (ရုပ်/သံ)

ရေစကြိုမြို့နယ် တနေရာမှာတော့ ရဲဘော်တချို့ မှာ တိုက်ပွဲသွားနေရတာကြောင့် စခန်းမှာကျန်ရှိတဲ့ ရဲဘော်တွေနဲ့ ပြည်သူတွေပူးပေါင်းပြီးတော့ ကျဆုံးခဲ့ရတဲ့ အာဇာနည်ခေါင်းဆောင်ကြီးများနဲ့တကွ နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော်အပေါင်းတို့ကို အလေးပြုခဲ့ကြတယ်လို့ Urban Under ground Revolution Force-YSO အဖွဲ့ တာဝန်ခံ Kချစ်က ပြောပါတယ်။

ဝါဆိုသင်္ကန်းကပ်ပြီးအပြန် စက်လှေမှောက်လို့ ကလေး ၂ ဦးအပါ အမျိုးသမီး ၄ ဦးသေဆုံး

"ကျနော်တို့ သိရသလာက်က ကျွဲဖြူချောင်းဆရာတော်ထံကို နှစ်တိုင်း ဝါဆိုသင်္ကန်းလာကပ်နေကြလို့ သိရတယ်။ ခုလည်းအပြန်မှာဘယ်လိုဖြစ်ပြီး လှေမှောက်လဲဆိုတာတော့မသိရဘူး။ ချောင်းကလည်းအကြီးတော့ မဟုတ်ဘူး။ မိုးတွင်းဆိုတော့ ရေတော့များတယ်" လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ကန့်ဒေါင့် ကပစ ၂၃စခန်း တိုက်ခိုက်ခံရပြီး နှစ်ဖက်ဒဏ်ရာရသူများရှိ (ရုပ်/သံ)

"ကပစ တပ်ရင်း ၂၃ က စစ်သားတွေဘက်က လက်နက်ကြီးနဲ့ပြန်ပစ်လို့ ပြည်သူနေအိမ်ခေါင်မိုးပေါ်ကျပြီး အိမ်တလုံးမီးလောင်ဆုံးရှုံးခဲ့တယ်။" လို့ ဗျူဟာမှူး သခင်ဒေါင်းညိုကပြောပါတယ်။

RPG ပြောင်းကွဲသွားလို့ စစ်တပ်စခန်းကို မသိမ်းနိုင်ခဲ့ဟုဆို

"စခန်းထဲက ဗဟိုတိုက်အဆောက်အဦးကို RPG နဲ့ကျနော်တို့စပစ်တော့ ပြိုကျသွားတယ်။ စခန်းထဲဝင်ဖို့ ရှေ့က စက်ကလေးနဲ့ပစ်နေတဲ့ ဘန်ကာတခုကို နောက်တချက်ပစ်ဖို့လုပ်တဲ့အချိန် RPG ပြောင်းကွဲသွားတာ ထပ်ပစ်မရတော့ စခန်းသိမ်းဖို့ ဆက်မတက်နိုင်ဘဲ၊ ပြန်ဆုတ်ခဲ့ရတယ်"လို့ Myingyan Black Tiger-MBTတာဝန်ခံ ဗိုလ်မိုက်ခဲက မြေလတ်အသံကို ပြောပါတယ်။

ကျောက်တံခါး၊ နံဇကျေးရွာက နေအိမ် ၂၀ ထက်မနည်းကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

"စကစ ဘက်က သာလွန်အင်အားနဲ့ နံဇရွာကိုရောက်လာပြီး နေအိမ်တွေကို အ​ကြောင်းမဲ့ မီးရှို့တာ။ လက်ရှိအထိ ရွာထဲမှာ တပ်စွဲထားတယ်လို့ သိရတယ်။ စကစ အဖွဲ့တွေဝင်လာတော့ ရွာသားတွေကတော့ ထွက်ပြေးရတာပေါ့" ဒေသခံတဦးက ပြောပါတယ်။

ဟန်လင်းရှိ စစ်ကောင်စီစခန်း စီးနင်းခံရပြီး ၅ ဦးသေ ၃ ဦးအရှင်ဖမ်းမိ (ရုပ်/သံ)

“ကျနော်တို့ဘက်က ကျားထိုးတက်မယ့်အချိန်ကျမှ ငါးကြင်းမြီး(MA 15)က ဆက်တိုက် ကောင်တာပြန်တယ်။ ၆၀ မမက အစကတော့ အလုံး ၃၀ လောက် ကောင်တာပြန်တယ်။ နောက်ပိုင်းမပြန်တော့ဘူး။ သူတို့ဘက်က စခန်းထဲမှာလည်း တော်တော်များများ ကျသွားနိုင်တယ်။ သူတို့ဘက်က ငါးကြင်းမြီး တလက်ပဲ ကောင်တာပြန်နိုင်တယ်။”လို့ မန္တလေးခရိုင် တပ်ရင်း ၃ တာဝန်ရှိသူတဦးက ပြောပါတယ်။

တိုက်ပွဲတွေဖြစ်လာနိုင်လို့ မန္တလေး-ရွှေဘိုကားလမ်းကို လတ်တလောအသုံးမပြုကြဖို့ PDFအဖွဲ့တွေ ထုတ်ပြန်

"ရွှေဘိုမြို့အရှေ့ခြမ်း၊ ကျောက်မြောင်းမြို့နယ်နဲ့ ရွှေဘိုတောင်ဘက်ခြမ်းမြို့အထွက်၊မြို့တွင်း၊ ဝက်လက်နယ်ဘက်ရောမှာစစ်ကြောင်းတွေရှိနေတယ်။ သူတို့(စစ်တပ်)ကဘသတင်းတခုခုရလို့ထင်တယ်။ အင်အားများတယ်။ အဲ့တာကြောင့် လမ်းကိုအသုံးမပြုဖို့ထုတ်ပြန်ထားတာပါ "လို့ ရွှေဘိုမြို့နယ်က ကာကွယ်ရေးရဲဘော်တဦးက မြေလတ်အသံကို ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10