သတင်းတို

မကွေးလေတပ် ရှော့တိုက်ဒုံး ၅ လုံးနဲ့ပစ်ခတ်ခံရ၊ ဆီဂိုထောင်ထိမှန်ပြီး တပ်သားတချို့ထိခိုက်သေဆုံးဟုဆို

“ ၅ လုံးပစ်တာမှာ ၄ လုံး လေတပ်ထဲမှာကွဲတယ်လို့ သိရတယ်။ ၁ လုံး error တက်တယ်။ အဓိကပစ်တာက ပြေးလမ်းပစ်တယ်၊ ဆီဂိုထောင်ပစ်တယ်၊ ကင်းတဲဘက်ကိုပစ်တယ်”

မြင်းမူနယ်၊ မဲနောရွာက အိမ်ခြေ ၁၀၀ နီးပါးကို စစ်တပ်ကမီးရှို့

“အခုလာတဲ့စစ်ကြောင်းထဲမှာ ပျူတွေများတယ်။ ပျူမိန်းမတွေလည်း ပါတယ်။ သူတို့ (စစ်ကောင်စီ)တွေက ထိတွေ့ပစ်ခတ်မှုမရှိဘဲ ဗြုန်းစားကြီးဝင်ရောက်လာတော့ ပြည်သူတွေက ဘာမှယူချိန်မရလိုက်ဘူး။ အဝတ်တထည်ကိုယ်တခုနဲ့ပဲ ထွက်ပြေးရတယ်”

စစ်ကိုင်းတိုင်းရှိ မြို့နယ် ၃ ခုက ရွာတွေကို စစ်တပ်က ဆက်တိုက် မီးရှို့၊ ဒေသခံတချို့ကိုပါ ဖမ်းဆီးသတ်ဖြတ်

"ညောင်ပင်ရွာက စိတ်မနှံ့တဲ့အမျိုးသမီးတယောက်နဲ့ အမျိုးသားတယောက် အသတ်ခံထားရတယ်။ အဲ့ဒီရွာမှာ လေးယောက်အသတ်ခံရတယ်လို့ ကြားတယ်။ ဘေးရွာတွေရောဆို အသတ်ခံရတဲ့သူတွေတော်တော်များတယ်။ အတိအကျမသိရဘူး။ အသတ်ခံရတဲ့သူအများစုက စိတ်မနှံ့တဲ့သူတွေ"

ကျောက်ကြီး-နတ်သံကွင်းလမ်းပေါ်မှာ ပစ်ခတ်ခံရလို့ ပြည်သူ ၂ ဦးသေ ၂ ဦးဒဏ်ရာရ

"တံတားပျက်နေတော့ ဆိုင်ကယ်လေးတွေ သွားလာလို့ရအောင် ပျဥ်ပြားတံတားလေး လုပ်ထားကြတာ။ သံတွေဘာတွေတောင်မရိုက်ထားဘဲ ဆိုင်ကယ်တစီးလောက်သွားလို့ရအောင် ဒေသခံတွေက လုပ်ထားကြတာ။ မနေ့က အဲ့နားမှာ ဆိုင်ကယ်ကယ်ရီသမားတွေကော ဒေသခံတွေကော တံတားကူးနေချိန် ပစ်ခံရတာ"

ပခုက္ကူနယ်တွင် စစ်ရှောင်နဲ့ဒေသခံတွေ ဖျားနာရောဂါအဖြစ်များပြီး ဆေးဝါးအကူအညီလိုအပ်နေ

"ရာသီပေါ်ဖျားနာတာတွေနဲ့ သွေးလွန်တုပ်ကွေးတွေ အဖြစ်များနေကြတယ်။ တပ်ရင်းမှာရှိတဲ့ ဆေးဝါးနဲ့တော့ အဆင်ပြေအောင်ကုပေးနေပါတယ်။ ယားနာတွေပေါက်တာနဲ့ ကိုယ်ဆောင်မိခင်တွေလည်း ရှိတယ်။ ဆေးဝါးပစ္စည်းတွေက လုံလောက်တာမျိုး မရှိသေးပါဘူး"

ခင်ဦးနယ်မှာ ၁ ရက်တည်း ရွာ ၂ ရွာကို စစ်ကောင်စီက တိုက်ခိုက်လို့ လူနဲ့တိရစ္ဆာန်တွေသေဆုံးဒဏ်ရာရ

"ရွာမဝင်ခင် ဘေးကင်းအောင်လို့ လက်နက်ကြီးနဲ့ အရင်ပစ်တယ်။ ရဲနဲ့ပျူတွေ ရွာထဲဝင်လာတယ်။ စာသင်ကျောင်းမှာနေတဲ့ စစ်ရှောင်တွေရဲ့ အိမ်တွေက ဆန်၊ အဝတ်အထည်၊ တခြားစားစရာတွေခိုးသွားကြတယ် "

ရဲ ၁ ဦးကိုရှင်းလင်းပြီးနောက် စစ်တပ်နဲ့ရဲ ပြည်သူနဲ့ပူးပေါင်းဖို့ ကမ္မမြို့မှာ PDF က ဗီနိုင်းစိုက်ထူသတိပေး

" သူတို့ (စစ်အုပ်စု)က PDFတွေနဲ့ PDFပတ်သက်မှုရှိတဲ့ လူ့အဖွဲ့အစည်းတွေကို သူတို့ဆီခိုလှုံဖို့ သိမ်းသွင်းတဲ့ သဘာဝမကျတဲ့စာကို လုံးဝဆန့်ကျင်ပြီး သူတို့စကစကို ကျနော်တို့ PDF တွေဆီ ပြန်လည်ခိုလှုံရန် သတိပေး၊ အသိပေးခဲ့တဲ့ ရည်ရွယ်ချက်နဲ့သူတို့ဆိုင်းဘုတ်ကိုဖြုတ်ချပြီး ကျနော်တို့သတိပေးစာကို ပြန်ကပ်ခဲ့တာပါဗျ "

ပဲခူးရိုးပေါ်ရှိ မြို့ချောင်း-စိန်ကန့်လန့် လမ်းပိုင်းမှာ PDF တပ်ဖွဲ့ဝင်တွေနယ်မြေရှင်းလင်းရေးပြုလုပ်

"ကျနော်တို့ PDF တွေနယ်မြေစိုးမိုးထားတဲ့နေရာမှာ စစ်တပ်ဘက်ကသစ်ခိုးထုတ်နေတာသိလို့ လုံခြုံရေးအရ စစ်ဆေးနေတာပါ။ ပြည်သူတွေပူပေါင်းပါဝင်တဲ့အနေနဲ့ စစ်တပ်နဲ့ဝေးဝေးနေကြပါ။ အတတ်နိုင်ဆုံး ဒီလမ်းကိုမလာကြဖို့ ပြောချင်ပါတယ်" လို့ သာယာဝတီခရိုင် PDF တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

ဓမ္မစင်္ကြာနဲ့ အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဖတ်ပြိုင်ပွဲတွေ လုပ်ဆောင်နိုင်တာဟာ နိုင်ငံတဝှမ်း အေးချမ်းတည်ငြိမ်တဲ့လက္ခဏာလို့ စစ်ကောင်စီပြည်ထဲရေးဝန်ကြီးပြော

“ဓမ္မစင်္ကြာနဲ့အနတ္တလက္ခဏသုတ်အလွတ်ရွတ်ဆိုပြိုင်ပွဲများကို တိုင်း၊ပြည်နယ်များရှိ တပ်ဖွဲ့၊ ဦးစီးဌာနများမှာလည်း ပြုလုပ်နိုင်ခဲ့တဲ့အတွက် နိုင်ငံတဝှမ်းလုံးကို ဓမ္မစင်္ကြာနဲ့အနတ္တလက္ခဏသုတ်ရွတ်ဆိုသံများဖြင့် လွှမ်းခြုံထားနိုင်ခဲ့ကြောင်း၊ အေးချမ်းတည်ငြိမ်တဲ့အရိပ်လက္ခဏာဖြစ်တယ်လို့လည်းဆိုရမှာဖြစ်ကြောင်း၊ ဓမ္မစင်္ကြာနဲ့အနတ္တလက္ခဏသုတ်တွေဟာ ထူးခြားလေးနက်တဲ့စွမ်းအင်တွေရှိပြီး ကောင်းကျိုးချမ်းသာတွေပေးစွမ်းနိုင်မှာဖြစ်ကြောင်း” စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်က ထည့်သွင်းပြောဆိုခဲ့တာပါ။

DBTF က နယ်မြေရှင်းလင်းရေးလုပ်ချိန် ပျူစောထီးတွေရဲ့ ရိက္ခာပစ္စည်းတွေ သိမ်းဆည်းရမိ

“ကြိုတင်သတင်းကြားထားတာလည်း ရှိတယ်ပေါ့၊ နယ်မြေရှင်းလင်းရေးလုပ်ရင်း ကုန်တင်အမြန်ယာဉ်တစီးပေါ်မှာ မိတာ၊ လုပ်သားတွေကိုတော့ စစ်ကောင်စီထောက်တိုင် ပျူစောထီးတွေကို နောက်တခါ သယ်ယူပို့ဆောင်မပေးဖို့လည်း သတိပေးခဲ့တယ်။”လို့ Dragon Brothers Task Force - DBTF မှ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

မုံရွာမှာ ကင်းပတ်နေတဲ့ စစ်ကား ၁ စီး ပစ်ခံရလို့ ၂ ဦးသေဆုံးဟုဆို

“ပစ်ခတ်အချိန်က အများကြီးမရဘူး။ ကားကမီးပိတ်ပြီးတော့ မောင်းလာတာ။ လျှပ်တပြတ်ပစ်ရတာ။ စက္ကန့် ၄၀ လောက်ပဲကြာတယ်။ (ဇူလိုင် ၁၅)က စကျင်းသုဿာန်မှာ မသာချတဲ့ကား ၂ စီးနဲ့ ၂ ဦးလာချသွားတယ်။ ဒဏ်ရာရရှိတဲ့သူတွေလည်း ရှိတယ်လို့သိရတယ်” လို့ တပ်ရင်းမှူး ဗိုလ်နတ်ဆိုးဒဿက ပြောပါတယ်။

YDF တပ်ဖွဲ့မှာ ရဲဘော်အင်းအားများလာလို့ရိက္ခာမလုံလောက်တဲ့အတွက် စိုက်ခင်းတွေတိုးချဲ့စိုက်ပျိုးနေ

"တောထဲမှာ ဟင်းသားကရှားတယ်။ စျေးဝယ်ဖို့ ငွေမတတ်နိုင်သလို လမ်းခရီးကလုံခြုံမှုမရှိသေးပါဘူး။ ရဲဘော်စားဖို့အတွက် ရည်ရွယ်ပြီး စိုက်ထားတာပါ။ စိုက်ခင်းမလုပ်ခင်က စားဖို့အတော်ခက်တယ်။ ရိက္ခာက လိုအပ်နေတာဖြစ်လို့ နောက်ထပ်လည်းတိုးချဲ့ပြီး စိုက်နေရတယ်" YDF တာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီရိက္ခာကားတွေကို လုံခြုံရေးယူပေးတဲ့ စစ်အုပ်စု မိုင်းဆွဲခံရလို့ ၁ ဦးသေဆုံး

“သူတို့က တပ်ဖြန့်ပြီးပုံစံနဲ့ တက်လာတာ၊ ကျနော်တို့က ဒရုန်းနဲ့ဝေဟင်က သတင်းထောက်လှမ်းတာမျိုးတွေလုပ်တယ်၊ **၇ ကောင်လောက်က ကျနော်တို့ပွိုင့်နားကို ကပ်လာတာမှာ မိုင်းခွဲလိုက်တာ၊ ၁ ဦးသေပြီး ၃ ကောင်ဒဏ်ရာရတယ်” လို့ Pakokku People Defense Force-PPDF အဖွဲ့တာဝန်ခံက ပြောပါတယ်။

ရွှေဘိုမြို့မစျေးမှာ မိုင်း ၂ လုံးပေါက်၊ ပြည်သူ ၁၀ ဦးခန့်ဒဏ်ရာရ

"မိုင်းပေါက်တဲ့အချိန်က စျေးမှာလူစည်ကားချိန်ဖြစ်နေတော့ ထိခိုက်သူတွေများသွားတဲ့သဘောရှိမယ်။ စျေးမဖွင့်ခင်ကတည်းက ထောင်ထားတာလား။ စျေးဖွင့်ပြီးမှ လာချသွားတာလားတော့ မသိရဘူး" လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ပဲခူးမှာ ဓားပြတိုက်ခံရလို့ ကျပ်သိန်း ၁၀၀ ကျော်တန်ဖိုးရှိ ရွှေတွေပါသွား

"သားအမိ ၂ ဦးတည်းရှိနေချိန် အနုကြမ်းစီး (ဓားပြတိုက်)သူတွေက အိမ်ထဲရောက်လာပြီး ပစ္စည်းတွေ ထုတ်ခိုင်းတယ်။ အိမ်ရှင်က ထုတ်ပေးဖို့ကြာနေတော့ သူတို့ဟာသူတို့ မွှေနှောက်ယူသွားတယ်။ အကြောင်းသိတဲ့သူတွေ ဖြစ်နိုင်တယ်။ ရွှေတွေ ဘယ်မှာထားတယ်ဆိုတာက အစ သိနေတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10