သပိတ်ကျင်းက စစ်ကောင်စီအထိုင်စခန်း တိုက်ခိုက်ခံရလို့ သေဆုံးမှုရှိ
“လက်နက်ကြီးလက်နက်ငယ်တွေနဲ့ အချိန် ၂ နာရီလောက်တိုက်ခိုက်ကြတာ အပြန်အလှန်ပဲ ပစ်ကြတယ်။ ထိခိုက်သေဆုံးသူတွေရဲ့သတင်းတွေနဲ့ ပတ်သက်ပြီး နယ်မြေခံတွေဆီကတဆင့် ပြန်လည်ကြားရတာ" လို့ Northern Tigers Group (NTG) အဖွဲ့တာဝန်ခံက ပြောပါတယ်။