သတင်းတို

ဦးပိုင်အမြတ်ငွေ ထုတ်မပေးနိုင်သေးလို့ တပ်တွင်းဝေဖန်မှုတွေရှိနေ

“ပြီးခဲ့တဲ့လ လဝက်လောက်က လကုန်မှာထုတ်ပေးမယ်ဆိုပြီး လကုန်တော့မရဘူး။ ခုလလည်း မသေချာဘူး။ နောက်လထဲလို့တော့ထပ်ပြောတာဘဲ သိပ်မသေချာဘူး။ ဒီလိုဘဲ ရမယ်ဆိုတော့ မျှော်ရတာပေါ့။ မျှော်ပြီးမရတော့ ပွစိပွစိဖြစ်ကြတာထုံးစံလိုဖြစ်နေပြီ။ ထည့်ခိုင်းတုန်းကတော့ အတိအကျဖြတ်တာ။ ပြန်ထုတ်ပေးရင်သာ ဟိုရွှေ့ ဒီရွှေ့လုပ်တာ” လို့ လုံခြုံရေးအရ တပ်အမည်မဖော်လိုတဲ့ မကွေးမြို့အခြေစိုက်တပ်ရင်းတခုရဲ့ တပ်မိသားစုဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

ခင်ဦးနဲ့ ရွှေဘိုနယ်အစပ်ကို စစ်ကြောင်းထပ်ထိုး၊ ဒေသခံ ၁ သောင်းကျော်ထွက်ပြေးနေရ

"ရွာထဲကိုလက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်ဝင်တော့ ပြေးရတာပေါ့။ ညအိပ်မယ်ထင်တယ်။ ရွာကသူဌေးရွာဆိုတော့ စားစရာ၊သောက်စရာ ပေါတယ် "

တိုင်းရင်းဆေးရုံက စစ်သားတွေ Droneနဲ့ တိုက်ခိုက်ခံရလို့ ၆ ဦးထိခိုက်ဒဏ်ရာရ

"အဲ့ဒီတိုင်းရင်းဆေးရုံ ဆောက်လုပ်ပြီးကတည်းက သူတို့တွေတပ်စွဲထားတာ။ အဲ့ဒီဆေးရုံမှာ ဘယ်လူနာကိုမှ ဆေးမကုပေးရသေးဘူး။ ဒီမနက် Drone နဲ့သွားပစ်တော့ ကနဦးသိရသလောက်က ဒဏ်ရာရတာတွေပဲ သိရသေးတယ်။ သေဆုံးတာတွေတော့ မသိရသေးဘူး။”

မီတာခ အဓမ္မကောက်တဲ့ ကျောက်ဆည်က ကြံ့ခိုင်ရေးပါတီဝင်တဦး ရှင်းလင်းခံရ

"သူက မီတာရုံးကိုသွားတာလည်း ဖြစ်နိုင်ပါတယ်။ ရွာမှာ စစ်**အားကိုးနဲ့ မီတာကြေးကောက်တယ်။ မပေးရင် မီတာဖြုတ်တယ်။ မိုက်နဲ့အော်ပြီးတော့ လာမဆောင်ရင် ဖမ်းခိုင်းမယ်ထိ ပြောတဲ့ကောင်ပါ"

စစ်တပ်ရဲ့ဖမ်းဆီးရိုက်နှက်ခြောက်လှန့်မှုတွေကြောင့် မသွားလာရဲဖြစ်နေလို့ အုတ်ဖိုစစ်ရှောင်တွေ အခက်တွေ့နေ

" ဆည်ထဲ ငါးရှာဖားရှာတော့လည်း သေနတ်ဖောက်ခြောက်လှန့်တယ်။ ရိုက်နှက်ခံရတာလည်းရှိတော့ ဆည်လည်းမသွားရဲကြဘူး။ ဒီနားရွာက ကုန်စုံဆိုင်တွေမှာ စျေးဝယ်တော့လည်း စစ်ဆေးမေးမြန်းတော့ မသွားရဲဘူး ဖြစ်နေတယ်။ မထင်ရင်မထင်သလို ရိုက်တယ်။ ရှိတာပဲ ဝမ်းဝရုံမျှတစားနေရတယ်"

NUGရဲ့ မုံရွာခရိုင်ပြည်ထဲရေးဝန်ကြီးဌာနမှ အမျိုးသား ၁ ဦးအပါ ၂ ဦးကို စစ်တပ်ကပစ်သတ်

“ကင်းပုန်းဝပ်နေတာနဲ့ သွားတွေ့တာ၊ တယောက်ကိုကျ အဲ့နားလေးမှာ ပစ်သတ်ခဲ့တယ်။ တယောက်ကိုကျ တခြားနေရာဘက်ထိ ခေါ်သွားပြီးမှ ပစ်သတ်ခဲ့တာ၊ အလောင်းကတော့ ၂ ယောက်လုံးပြန်ရတယ်”

ပေါင်းတည်မှာ စစ်တပ်က ကျောင်းထိုင်ဘုန်းကြီးနဲ့ ရွာသားတွေကိုဖမ်းပြီး နေအိမ်နဲ့စပါးတွေကို မီးရှို့

"လူမရှိတဲ့အိမ်ကို ဖျက်ဝင်ပြီး အိမ်ထဲကပစ္စည်းတွေရယ် စပါးတွေကိုမီးရှို့တယ်၊ ကျန်တာဖျက်ဆီးတယ်။ ဆိုလာပြားတွေပါ ဖျက်ဆီးသွားတာ။ ရွာထဲကဝက်တကောင်ကိုလည်း ပေါက်ပြားနဲ့ထုသတ်ပြီး ထမ်းသွားတယ်"

လက်ပံတန်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရှေ့ ဗုံးကွဲပြီးနောက် ဒေသခံပြည်သူ ၇ ဦးကို စစ်ကောင်စီဖမ်းဆီး

" ညပိုင်းဗုံးပေါက်သံကြားလို့ မိတ္တူဆိုင်ကကောင်လေး ထွက်ကြည့်တာကို ရဲတွေကမြင်ပြီး မသင်္ကာလို့ ဝင်ဖမ်းတာပြောတယ်။ အိမ်ရှင်ရော သားနဲ့သမက်တွေပါ ၆ ဦးဖမ်းသွားတယ်။ ရိပ်သာလမ်းကအမျိုးသား ၁ ဦးကိုလည်း ဖမ်းသွားတယ်”

ပေါက်မြို့ကို ရိက္ခာပို့ဖို့ထွက်လာတဲ့ စစ်ကောင်စီကား ဒရုန်းနဲ့ ပစ်ခတ်ခံရ

“သူတို့(စစ်ကောင်စီ)က ပေါက်ကို ဆန်ရိက္ခာတွေပို့ဖို့ရှိတယ်လို့ ကြားတယ်။ သူတို့လာမယ့်လမ်းတွေမှာလည်း ကင်းပုန်းဝပ်ပြီး စောင့်နေတဲ့သူတွေပါရှိတယ်။ ကျနော်တို့ဘက်က ဒရုန်းနဲ့ပစ်ခတ်ခဲ့တော့ သူတို့ဘက်က ထိခိုက်တာတွေရှိတယ်လို့ အတည်ပြုနိုင်တယ်။ လူဦးရေအတိအကျတော့ စုံစမ်းနေတုန်းပါ”

မြေပြင်ထိတွေ့တိုက်ပွဲမှာ စစ်ကောင်စီတပ်အထိနာလို့ လေကြောင်းပစ်ကူရ

“နေရာပေါင်းစုံကနေ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက သူတို့(စစ်ကောင်စီ)ကို ညှပ်တိုက်တာ။ သူတို့ဘက်က တော်တော်အထိနာသွားတယ်။ လက်နက်ကြီးထုပြီး ထွက်ဖို့ပြင်ပေမဲ့ ထွက်ဖို့အခွင့်မသာဘူး။ ထပ်ပြီးထွက်လာရင်လည်း သူတို့ဘက်က အသေအပျောက်များမယ်။ အဲ့အတွက် လေကြောင်းပစ်ကူခေါ်ပြီး တိုက်ပွဲဖြစ်တဲ့ နေရာပတ်လည်ကို ၁၅ မိနစ်လောက်လာပစ်သွားတာ”

ယင်းမာပင်ခရိုင် ပညာရေးမှူး နေအိမ်နားမှာ သေနတ်နဲ့ ပစ်သတ်ခံရ

"သူက မုံရွာပညာရေးရုံးကနေ ညနေ အိမ်ပြန်လာချိန်မှာ ပစ်သတ်ခံရတာလို့ သိရတယ်။ သူက မုံရွာကနေ ယင်းမာပင်ကို အပြောင်းကျထားတယ်လို့ သိရတယ်။ ဘယ်အဖွဲ့က ဘာကြောင့်လုပ်တယ်ဆိုတာတော့ မသိရဘူး"

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီအဖွဲ့ တိုက်ခိုက်ခံရပြီး ၅ ဦးထက်မနည်း ထိခိုက်နိုင်

"သူတို့ဘက်က စစ်ကြောင်းမလာခင်ကတည်းက လက်နက်ကြီးတွေနဲ့ အရင်ပစ်တာ။ နောက်မှာ စစ်ကြောင်းက လိုက်ဝင်လာတော့ ဒီဘက်က ကြိုစောင့်နေတဲ့ အဖွဲ့တွေနဲ့တိုက်ပွဲဖြစ်တာ။ သူတို့လာတော့ အပိုင်စောင့်ပစ်ရတဲ့ သဘောရှိတယ်။ ရေရှည်ကျတော့ စကစ ဘက်က ပစ်အားသာတော့ ပြန်ဆုတ်လာကြရတယ်"

ရှိမ်းမကားစျေးကို စစ်ကောင်စီတပ်သားတွေက အရက်မူးပြီး မီးရှို့ဖျက်ဆီး

"စျေးဆိုင်ခန်းဆိုတာကလေ ဆိုင်ခန်းနဲ့လူနေတွဲပြီးနေကြတဲ့သူတွေလည်း ရှိတယ်။ ညကရှိနေတဲ့အိမ်တွေကလည်း အကုန် အသံတိတ်ကြောက်လန့်နေရတာပေါ့။ သူတို့ပထမအကြိမ်ရှို့ပြီးမှ လာရှို့မှာစိုးလို့ နေရာပြောင်းအိပ်ရတဲ့သူတွေလည်းရှိတယ်"

ရွာပေါင်း ၁၀ ရွာက လူထုအင်အား ၃၀၀၀ ကျော်ပါဝင်ခဲ့တဲ့ နိုင်ငံရေးအသိပညာပေးပွဲနဲ့ တော်လှန်ရုပ်ရှင်ပြသပွဲ

“တချို့ရွာတွေမှာဆို တော်လှန်ရေးလုပ်တယ်။ ဒါပေမယ့် လူထုသပိတ်တိုက်ပွဲတွေနဲ့ စိမ်းနေသေးတာတွေရှိတယ်၊ ဒါကြောင့် အသိပညာပေးတာတွေ တော်လှန်ရုပ်ရှင်ပြတာတွေ လုပ်ပေးတယ်။ တချို့ဆို သမ္မတဘယ်သူလဲ မသိသေးတဲ့သူတွေ အများကြီးရှိတယ်။ အဲ့လိုရွာတွေရှိတဲ့အတွက် အခြေခံကအစ ဆွဲခေါ်ရတယ်၊ ဟောပြောရတယ်။”

တပ်ဖွဲ့ယူနီဖောင်းကိုယ်တိုင်ချုပ်နိုင်ဖို့ ABSDF Column - 3 တပ်ဖွဲ့ဝင်တွေ စက်ချုပ်ပညာသင်ယူနေ

"လက်ရှိက မဟာမိတ်ဆီမှာ ပညာသင်ယူနေကြပါတယ် ကျွန်တော်တို့ရဲဘော်တွေရဲ့ယူနီဖောင်းတွေကို စက်ချုပ်ဌာနဖွင့်ပြီး ချုပ်သွားမှာ။ အဓိက က ယူနီဖောင်းတွေ ဝယ်မဝတ်ရတဲ့အခါ အကုန်အကျနည်းလာဖို့ပါပဲ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10