တပ်သတင်းပေးဆိုသူ ရပ်ကျေးစိုက်ဘဏ်ဥက္ကဌ သေနတ်နဲ့ပစ်သတ်ခံရ
အသတ်ခံရသူမှာ ပေါက်ခေါင်းမြို့နယ် လှည်းကူးအုပ်စု၊ ကျောက်ပြင်သာရွာမှာနေထိုင်တဲ့ ရပ်ကျေးစိုက်ဘဏ်ဥက္ကဌ ကိုဝင်းနိုင် ဖြစ်ပြီး နိုဝင်ဘာလ ၈ ရက် မနေ့ညနေ ၃ နာရီခွဲလောက်က သူရဲ့ နေအိမ်ခြံဝင်းအတွင်းမှာ သေနတ်နဲ့ ၅ ချက် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။