သတင်းတို

စစ်ကောင်စီတပ်သား ၇ ဦးသေခဲ့တဲ့ မင်းတုန်းဂိတ် အနီးကပ်တိုက်ပွဲ (ရုပ်/သံ)

“ရန်သူက ဘန်ကာတွေထဲမှာ အခိုင်အမာ နေရာယူထားတာကို ဝင်လုံးပြီး ပစ်ရတာမလို့ ပစ်အားပိုင်းမှာ ကျနော်တို့ ဖိသုံးရတာမျိုး ရှိခဲ့ပါတယ်။ နောက်တခုက မြို့တွင်းလမ်းမကြီးပေါ်မှာ ဖြစ်တဲ့ပွဲမို့ မြို့ပြတိုက်ပွဲဆန်ပါတယ်။ ထူးခြားချက်ကတော့ ၁ နာရီကြာ တိုက်ပွဲတွင်းမှာ မြို့ပြနဲ့ အနီးဆုံး ရန်သူစခန်းဖြစ်ပေမယ့် ရန်သူဘက်က စစ်ကူ မလာတာပါ။ ဒါက သူတို့မှာ လူအင်အား နည်းပါးနေတယ်ဆိုတာကို ကျနော်တို့ သုံးသပ်မိပါတယ်။"

စစ်တပ်က သတ်ပြီးစွန့်ပစ်ခဲ့တဲ့ အလောင်း ၃ လောင်း မြောက်ယမားချောင်းထဲမှာတွေ့

" လယ်ငေါက်ရွာကနေဖမ်းဆီးလာတဲ့ ပြည်သူ ၃ ဦးကို စစ်တပ်ကသတ်ပြီး ရေထဲပစ်ချတာလို့ သိရတယ်။ အပြစ်မဲ့ပြည်သူတွေပါ။ အလောင်းတွေကို ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ တပ်ခွဲ ၁ Brother Defence Force က ဒီမနက် ၁၀ နာရီဝန်းကျင်လောက်မှာ သဂြိုဟ်ပေးခဲ့တယ်။ ရဲဘော်တွေ ခုမှပြန်လာတုန်းပဲ ရှိသေးတယ်"

ရွှေဘိုနယ်၊ ဂွေးကုန်းရွာကို စစ်ကောင်စီ ဒုတိယအကြိမ် မီးရှို့ပြန်

“သူတို့က မနေ့ညကတည်းက တောမှာအိပ်တယ်။ ဒီနေ့မနက်မှ ရွာထဲကိုဝင်လာတာ။ အခုချိန်ထိ နေအိမ်ဘယ်လောက် မီးထဲပါသွားလဲဆိုတာ မသိသေးဘူး။ ဖမ်းဆီးခံရတဲ့ ပြည်သူတွေ ရှိမရှိဆိုတာလည်း စုံစမ်းနေတုန်းပါ"

ကျောက်တံခါးမှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက တိုက်လေယာဥ်နဲ့ဗုံးကြဲ၊ မိုင်းနင်းမိလို့ KNLA အဖွဲ့ဝင် ၁ ဦး ဒဏ်ရာရ

"မနက်ပိုင်း တိုက်ပွဲဖြစ်တယ်။ တနာရီနီးပါးဖြစ်ပြီးတော့ စကစဘက်က ပြန်ဆုတ်သွားတယ်။ သူတို့ပြန်ဆုတ်တော့ ကျနော်တို့ဘက်ကလည်း နယ်မြေလိုက်ရှင်းတာ။ သိပ်မကြာဘူး စကစဘက်က တိုက်လေယာဥ် ၂ စီးနဲ့ ဗုံးကြဲတာ ပစ်ခတ်တာတွေ လုပ်သွားတယ်"

ဘေးတွဲဆိုင်ကယ်မောင်းတဲ့ အမျိုးသားတဦး သေနတ်ပစ်ခံရပြီး သေဆုံး

"သူကကယ်ရီဆွဲ သွားတာ။ အဲ့အချိန်မှာ ပစ်သတ်ခံလိုက်ရတာ။ ကျည်ဆံက ၂ ချက်တွေ့ရတယ်။ ရင်ဘတ် ၁ ချက်၊ လည်ဂုတ် ၁ ချက်"

ထန်းတပင်မြို့နယ်မှာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ပြည်သူ ၂ ဦးသေဆုံး

"စကစ လက်နက်ကြီးပစ်တဲ့ ရွာနဲ့ လက်နက်ကြီးပစ်ခံရတဲ့ ရွာက စစ်တောင်းမြစ်အရှေ့နဲ့အနောက်ပဲ ခြားတယ်။ ဒီမနက်က ၈၁ မမ ၃ လုံး လှမ်းပစ်တာ။ ပစ်တဲ့ စကစ အဖွဲ့က လှုပ်ရှားစစ်ကြောင်း အင်အား ၁၀၀ လောက်ရှိမယ်"

ဂန့်ဂေါမှာ ချင်းအမျိုးသားတဦးကို စစ်ကောင်စီဖမ်းဆီး

“မနက်က အနောက်ဂန့်ဂေါကို စဝင်တာ။ သူတို့သွားနေကျ စွယ်တောဘုရားဘက်ကို သွားတဲ့လမ်းမှာ အဲ့ဒီကောင်လေး ၃ ယောက် အဖမ်းခံရတာပဲ။ ၂ ယောက်ကတော့ ဘာအထောက်အထားမှ မတွေ့လို့ ဆိုပြီး လွှတ်လိုက်တယ်။ ကျန်တယောက်ကတော့ အထောက်အထားတွေ့လို့ဆိုပြီး ဖမ်းသွားတယ်။ နာမည်ကိုတော့ မပြောပြတော့ဘူး”

ရွှေဘိုမှာ စစ်အုပ်စု မိုင်းဆွဲခံရလို့ ၆ ဦးသေဆုံး (ရုပ်/သံ)

"ရော့ကတ်နဲ့ ၆၀ မမ စုစု​ပေါင်း အလုံး ၅၀ လောက်ပစ်တာ။ ပစ်ခတ်မှုက ၁ နာရီခွဲလောက်ကြာတယ်။ ပစ်နေတဲ့ အချိန်မှာပဲ စကစအင်အား ၁၅ ဦးလောက်က ကျနော်တို့ရှိနိုင်တယ်လို့ ယူဆတဲ့ တဂဏန်းဘက်ကို ထွက်လာရာမှာ မိုင်းဆွဲခဲ့တာ။"

စစ်သင်္ဘောတွေ ရွှေကူဆိပ်ကမ်းကနေ ဗန်းမော်မြို့ကို ဒီနေ့ ဆန်တက်နေ

"အထိခိုက်ကိုတော့ မသိရဘူး။ ကျွန်တော်တို့က ကမ်းပေါ်ကနေ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ဝိုင်း ပစ်ခဲ့ကြတယ်။ အပစ်ခံရပြီး သင်္ဘောတွေအကုန်ဆိပ်ကမ်းပြန်ကပ်ပြီး ဒီနေ့မနက်မှ ဆန်တာ"

နေပြည်တော်နဲ့ ၄၅ မိုင်အကွာက စခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီတပ်သား ၅၀ နီးပါးသေဆုံး

“နေပြည်တော်ကောင်စီနယ်မြေကို ထိုးဖောက်ဖို့အတွက် ထိုးဖောက်ဖို့ဆိုတာထက် နေပြည်တော်မှာ တိုက်ပွဲဖော်ဆောင်နိုင်ဖို့ ရည်ရွယ်ပြီး ပူးပေါင်းစခန်းသိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့တာပါ၊ အခု တကြိမ်က ဒုတိယတကြိမ် စခန်းသိမ်းတိုက်ပွဲပါ။”

ယင်းမာပင်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်လို့ ကလေးငယ် ၁ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရ

"ဒီကောင်တွေ အမြဲလိုလို လုပ်နေကျပုံစံပါပဲ။ စစ်ကြောင်းထိုးတာမျိုးမဟုတ်လည်း လက်နက်ကြီးတွေနဲ့ ရွာတွေကိုလျှောက်ပစ်တာ။ ပေကုန်းရွာက ကလေးတဦးနဲ့ အခြားပြည်သူတွေလည်း ထိတယ်လို့ကြားတယ်။ ၀မ်ပေါင်ထဲမှာ တပ်စွဲထားတဲ့ကောင်တွေ"

ကလေးမြို့နယ်က ရွာတရွာမှာ စစ်တပ်က ရဟတ်ယာဉ်နဲ့ပစ်လို့ ပြည်သူ၂ဦးထိမှန်

“မနက်က ဒဏ်ရာရသွားတဲ့ ဦးလေးတွေကိုလည်း တော်လှန်ရေးနယ်မြေဘက်က ဆေးခန်းမှာ ဆေးကုပေးနေပါပြီ။ လယ်ထွန်နေရင်းထိသွားတဲ့ ဦးလေးက စိုးရိမ်ရတယ်လို့တော့ ပြောတယ်။”

ချင်းတွင်းမြစ်ထဲ စစ်ကောင်စီ ရေယာဉ်တွေ တိုက်ခိုက်ခံရလို့ ၃ဦးသေဆုံး

"ကျနော်တို့ အဖွဲ့က စနိုက်ပါသမားပြောပြတာက သူပစ်တဲ့အထဲမှာ စစ်သား ၃ ဦးသေတယ်။ သူနဲ့ ရဲဘော်တွေ မြင်ရတာပါ။ ဒေသခံတွေပြန်ပြောချက်အရ အဲ့ဒီဖလပ်အပေါ်မှာ ၅ လောင်းတင်သွားတယ်"

အုတ်တွင်းမှာ ဒရုန်းဗုံးကျလို့ မိန်းကလေးငယ် ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးဒဏ်ရာရ

"စကစ အဖွဲ့တွေမှာ Jammerတွေ ပါလာတယ်။ အဲ့ဒါကြောင့် ဒရုန်းဗုံးသီးတွေက စကစဘက်ကို မကျဘဲ ရွာအစွန်နားဘက်ကျပြီး ရွာက မိန်းကလေးငယ် ၁ ဦးနဲ့အမျိုးသမီး ၁ ဦးဒဏ်ရာရသွားတယ်။"

မင်းရွာရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေဝင်တိုက်၊ စစ်တပ်ကလေကြောင်းနဲ့ ပစ်ကူရ

"တပ်ဘက်က အကျအဆုံးကို အတိအကျမသိရသေးဘူးဗျ။ ၄ ဦးနဲ့ ၅ဦးကြား ကျဆုံးနိုင်တယ်လို့ပဲ ဝင်တိုက်တဲ့ရဲဘော်တွေက ပြောတယ်။ လေကြောင်းတိုက်ခိုက်မှုက လူမထိဘူး။ ရွာထဲကနေအိမ်တွေတော့ပျက်စီးတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10