အုတ်ဖို ခမရ ၆ တပ်မှာ တပ်သားက သေနတ်ကျည်ရှင်းစဉ် မှားယွင်းပစ်ခတ်မိလို့ ဗိုလ်ကြီးတဦး ကျည်ထိမှန်သေဆုံး
"တပ်ခွဲမှူးက တပ်သားကိုသေနတ်တွေ ကျည်ရှင်းခိုင်းတာ။ ကျည်ရှင်းပြီးချထားတဲ့ သေနတ်နဲ့ ကျည်ရှိနေတဲ့ သေနတ်မှားပြီးတော့ ကျည်မရှိဘူးအထင်နဲ့ စမ်းသပ်ပစ်တဲ့အချိန်မှာ တပ်ခွဲမှူးကို ပစ်မိသွားတာ။ တပ်ခွဲမှူးရဲ့ လည်ပင်းကိုမှန်တာပါ။ ခုတော့ တပ်သားလည်းအချုပ်ထဲမှာပါ။ စစ်ဆေးနေတုန်းပါ" လို့ ခမရ ၆ နဲ့ နီးစပ်တဲ့ တပ်တွင်းသတင်းရင်းမြစ်က မြေလတ်အသံကို ပြောပါတယ်။