ပင်လည်ဘူးမြို့ကို KIA/PDF ပူးပေါင်းအဖွဲ့ သိမ်းပိုက်ရရှိ
၁၀၂၇ စစ်ဆင်ရေးနဲ့အတူ စစ်ကိုင်းတိုင်းအထက်ပိုင်းက ကောလင်း၊ ၀န်းသို၊ ပင်လည်ဘူး၊ ချပ်သင်း၊ ကသာ၊ ထီးချိုင့်၊ ကန့်ဘလူ၊ ဇီးကုန်း၊ ကျွန်းလှစတဲ့ မြို့တွေမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး ကောလင်းမြို့နဲ့ တမူးမြို့နယ်ထဲက ခမ်းပတ်မြို့ကို ဒေသကာကွယ်ရေးတပ်တွေက သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်ပါတယ်။