သတင်းတို

စစ်ကောင်စီ ခြေလျင်စစ်ကြောင်း တရက်တည်း အကြိမ်ကြိမ်မိုင်းဆွဲခံရလို့ ၇ ဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရ (ရုပ်/သံ)

"စစ်ခွေးယာဉ်တန်း ၄၈ စီးမထွက်ခင်မှာ ရှေ့ပြေးပွိုင့် အင်အား ၈၀ လောက်နဲ့ ထွက်လာတာမှာ ပေါက်မြို့အထွက်မှာ တိုက်မိုင်းထိပြီး ခွေး ၂ ကောင်သေပြီး ၁ ကောင်ထိခိုက်ဒဏ်ရာရတယ်။ အတွင်းသတင်းပေး ပြောချက်အရ အားလုံးပေါင်း ဒီတိုက်ခိုက်မှုမှာ ၇ ကောင်အထက်သေပြီး ၁၃ ကောင်ဒဏ်ရာရတယ်။ ဒီကောင်တွေက အိမ်တွင်းမှုကျောင်းထဲကနေ လက်နက်ကြီးနဲ့ ၃ ချက်ပစ်တယ်၊ ကုန်းတော၊ တောင်စု မြောက်စုတွေဘက်ကို ကျတယ်၊ ပြည်သူတွေကော ရဲဘော်တွေကော အထိအခိုက်ဒဏ်ရာမရှိဘူး"

ပဲခူးမြစ်ရေ ပြန်ကျလို့ ကယ်ဆယ်ရေးစခန်းအားလုံးပိတ်သိမ်း၊ ရေဘေးသင့်ပြည်သူတွေ နေအိမ်ပြန်

"ရှေ့ရက်တွေကလည်း ပြန်ကြသူတွေရှိတယ်။ မနေ့ကတော့ ရေက စိုးရိမ်ရေမှတ်အောက် ၆၀ စင်တီမီတာလောက် ကျသွားပြီဆိုတော့ ရေမရှိတော့ဘူးလေ။ အဲ့ဒါကြောင့် ကယ်ဆယ်ရေးစခန်းအားလုံးပိတ်လိုက်ပြီ "

ယင်းမာပင်ခရိုင် PDF အမှတ် ၁၂ တပ်ရင်းက ဒေသခံပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်ပေးနေ

" လူနာတွေမှာက ရာသီတုပ်ကွေးနဲ့ အာရုံကြောရောင်တဲ့ရောဂါ အဖြစ်များတယ်။ လိုအပ်တဲ့ဆေးဝါးပစ္စည်းတွေကိုတော့ တပ်ရင်းဝယ်ပေးတာရှိသလို နီးစပ်ရာမိတ်ဆွေတွေကို အလှူခံရတာလည်းရှိပါတယ်။ လတ်တလောမှာ တပ်ရင်းအနေနဲ့ လက်နက်ကြီးနဲ့ကျည်ကို အားစိုက်ဝယ်နေရတာမို့ သိပ်မထောက်ပံ့ပေးနိုင်ဘူးလို့ "

မြင်းမူမှာ စစ်ရှောင်အမျိုးသား ၄ ဦး ကျည်ထိမှန်သေဆုံးပြီး ၂ ဦးဒဏ်ရာရ

"သေဆုံးသူတွေက အရပ်သားတွေပါ။ စကစ ပစ်ခတ်တဲ့ကျည်ထိပြီးတော့ သေသွားတာ။ အခုတော့ သေဆုံးသူတွေကို သင်္ဂြိုဟ်လိုက်ပါပြီ။ သေဆုံး၊ ဒဏ်ရာရတဲ့သူတွေကတော့ အသက် ၃၀ ကျော် အရွယ်တွေပါ"

ဘုတလင်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၅ ဦးသေဆုံးပြီး ကာကွယ်ရေးရဲဘော် ၁ ဦးလည်း သေဆုံး

“တခြားတပ်ရင်းကလူတွေလည်း လက်နက်ကြီးထိတာရှိတယ်။ ကျည်တော့မထိဘူး၊ ကျနော်တို့တပ်ရင်းက ကျနော်အပါအဝင် ၂ ယောက် လက်နက်ကြီးရှပ်ထိလို့ ပြန်ဆုတ်နေချိန် ကိုယ့်ဘက်က လက်နက်ကြီးပစ်တဲ့သမားတွေဆီကို ရန်သူဘက်က ၆၀ မမ ကောင်တာပြန်တာ၊ အဲ့ ၆၀ က လက်နက်ကြီးပွိုင့်ကို ကျပြီး ရဲဘော်တယောက်ကျတယ်၊ ၂ ယောက်က နည်းနည်းပြင်းထန်တယ်။”

ချောင်းဦးမြို့မှာ စစ်ကောင်စီတပ်ရိက္ခာကားယာဥ်တန်း စနိုက်ပါနဲ့ပစ်ခတ်ခံရလို့ ၁ စီးမီးလောင်

"ပထမတချက်ပစ်တဲ့အခါ ကားကထိုးရပ်သွားတယ်။ ဒုတိယတချက်က ဆီတိုင်ဂီကိုသေချာချိန်ပြီးပစ်လိုက်တာ မီးလောင်သွားတယ်။ တစီးလုံးလောင်သွားတာ။ နောက်ဆုံးတချက်ကတော့ အဟန့်အတား အဖြစ်ပစ်ခတ်ပြီးတော့ ပြန်ဆုတ်လာခဲ့တယ်။ ကားမောင်းတဲ့ကောင်သေလား၊ ရှင်လားတော့မသိရဘူး"

ပြည်မြို့မှာ အမျိုးသားလူငယ်တဦး ကြိုးဆွဲချသေဆုံး

"နေအိမ်ရဲ့ထုတ်တန်းမှာ ကြိုးဆွဲချခဲ့တာပါ။ ကြိုးဆွဲချတဲ့ အကြောင်းအရင်းကိုတော့ မသိရပါဘူး။ သူအိမ်နဲ့ အဆင်မပြေဖြစ်တယ်လို့ပဲ သိရတာ။ အသေးစိတ်တော့ မသိရဘူး။"

မုံရွာမြို့ပေါ်က တိုင်းရဲရုံးနဲ့ ထွေအုပ်ရုံးကို PDF က ဒရုန်းနဲ့ဗုံးကြဲ၊ မြောင်ရဲစခန်းလည်း တိုက်ခိုက်ခံရ

တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ အောက်ခြေက စစ်သည်တွေကို ပစ်မှတ်မထားတော့ဘဲ အရေးပါတဲ့ အဓိက ပစ်မှတ်တွေကိုသာ တိုက်ခိုက်သွားမှာဖြစ်တဲ့အခါ အခု မုံရွာမြို့ပေါ်က အစိုးရရုံးကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေါင်းတမန်လေကြောင်းစစ်ဆေးရေးတာ၀န်ခံက မြေလတ်အသံကို ပြောပါတယ်။

စစ်ကောင်စီက ၆၀ မမနဲ့ပစ်လို့ အမျိုးသမီး ၂ ဦးထိမှန်ပြီး အိမ်မွေးတိရိစ္ဆာန်တွေ သေဆုံး

“လက်နက်ကြီး ၃ ချက်နဲ့ပစ်တာမှာ ဒုတိယအချက်မှာ ထိသွားတာ ။အရင်ကဆို ကျနော်တို့ဘက်ကို နေ့တိုင်းညတိုင်းပစ်နေတာ ။ မပစ်ဘဲနားလိုက်တာ ၂ လကျော်ပြီး အခုမှတခါပြန်ပစ်တာ။ မနေ့က ကျနော်တို့ကြားတယ်။ အဲ့ဒီတောင်ပေါ်မှာ သူတို့လူအင်အား ထပ်ဖြည့်မယ်လို့ကြားတယ်။ အဲ့အတွက် ရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်တာနေမှာ”

ကလေးမှာ မိုင်းကွဲလို့ အမျိုးသားတဦး ထိမှန်သေဆုံး

“မနက်အစောကြီး မိုင်းကွဲတာ၊ ထိတဲ့သူက ကလေး ၃ ယောက်အဖေ၊ လက်ဖက်ရည်ဆိုင် သန့်ရှင်းရေး ဝန်ထမ်းလို့လည်း သိရတယ်။ လူက ခါးပြတ်ပြီး ရုပ်ပျက်ဆင်းပျက်ကြီး ဖြစ်သွားတာ။”

ဒိုက်ဦးနယ်ကို စစ်အုပ်စုကစစ်ကြောင်းထိုးကာ ဒေသခံ ၃ ဦးကိုဖမ်းဆီးထား

"မနေ့ညနေက ရောက်လာပြီး မွှေတယ်။ ဒီမနက်ပိုင်းအထိလည်း နေအိမ်တွေရှာဖွေပြီး စစ်ဆေးနေတယ်။ ပြီးတော့ ရွာနားတွေမှာ ကင်းပုန်းဝပ်နေကြတယ်"

သရက်မြို့ စက်လှေဂိတ်မှူးရဲ့ ပဲ့ထောင်စက်လှေ ၁ စီးဆိုက်ကပ်ထားစဉ် ပျောက်ဆုံး

“ နှစ်ပေါင်း ၄၀ ကျော်ပြီ ဒီအလုပ်လုပ်လာတာ တခါမှမပျောက်ဖူးဘူး။ ကြိုးပြတ်သွားတာလည်းမဟုတ်ဘူး။ တစီးတည်းရပ်ထားတာလည်း မဟုတ်ဘူး။ အလယ်မှာ ရပ်ထားတာကို ပျောက်သွားတာ။ ဒီမနက်တော့ လိုက်တော့ရှာသေးတယ် ခုထိဘာမှမထူးသေးဘူး"

ချောင်းရေကြီးပြီး ပျက်စီးသွားတဲ့ ကြိုးတံတားကို ငွေကြေးမတတ်နိုင်လို့ ယာယီပြုပြင်သွားလာနေရ (ရုပ်/သံ)

ချောင်းကူးတံတား ပျက်စီးနေတဲ့အတွက် ရွာပေါင်း ၈ ရွာက ပြည်သူတွေဟာ ဂန့်ဂေါမြို့နဲ့ ဆေးရုံ၊ဆေးခန်းရော အထက်တန်းကျောင်းကို သွားလာရတာခက်ခဲနေသလို ကြပန်းလုပ်သားနဲ့ စျေးရောင်းစျေးဝယ်တွေပါ သွားလာရေးခက်ခဲနေတာကြောင့် ငွေကြေးအဆင်မပြေပေမယ့် သြဂုတ်လ ၁၃ ရက်နေ့က ယာယီပြင်ဆင်ခဲ့တာလို့ ဆိုပါတယ်။

လက်နက်နဲ့ လစာသွားယူတဲ့ စစ်ကောင်စီကား တိုက်ခိုက်ခံရပြီး ၂ ဦးသေ

“အင်းတော်အတွက် သင်္ဘောနဲ့ပါလာတဲ့ စားနပ်ရိက္ခာနဲ့ လခပိုက်ဆံတွေကို ၁၂ ဘီးကားနဲ့ ကသာမှာသွားထုတ်တာ။ ၁၃ ရက်နေ့ သွားပြီး ၁၄ ရက်နေ့ ညတွင်းချင်း ပြန်ဆင်းတာမှာ ညတွင်းချင်း အတိုက်ခံရတာ။ လတ်တလော အလောင်း ၂လောင်း အလံအုပ်ထားတယ်" လို့ ဒေသသတင်းရင်းမြစ် Indaw Revolution - IR အဖွဲ့ဝင်တဦးက ပြောပါတယ်။

ယခုလ ဒုတိယအပတ်အတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့် ဂန့်ဂေါနယ်မှာ ဒေသခံ ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့လို့ သြဂုတ်လ ဒုတိယအပတ်အတွင်း ဒေသခံ ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရခဲ့တယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဆီက သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10