ဆဲဗင်းဂျူလိုင်မှာ လူထုအင်အား ၁၀၀၀ နီးပါးကို ကဗျာသရုပ်ဖော် အော်ပရာကပြခဲ့
“ပြည်သူတွေက အရင်က သိပ်မသိခဲ့ကြဘူး၊ အခု ပြဇာတ်ကိုကြည့်ပြီး ဒီတော်လှန်ရေးအစက ကျောင်းသားတွေကပဲ စတင်ခဲ့ပါလားဆိုပြီး တော်တော်လေးသိသွားကြတယ်။ သူတို့ကိုယ်တိုင် ပြဇာတ်ကိုကြည့်ပြီး အသံထွက်လာတာတွေ ကြားရတယ်” လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီအဖွဲ့ဝင် မချောစုစံက မြေလတ်အသံကို ပြောပါတယ်။