သတင်းတို

ရွာမီးငြိမ်းဖို့သွားတဲ့ ရဲဘော် ၅ ဦးအပါ ၁၀ ဦး ကို စစ်ကောင်စီက မီးရှို့သတ်သွား

"စစ်ကောင်စီတပ်သား‌တွေ ထွက်ပြီဆိုပြီး ဖမ်းဆီးခံထားရတဲ့ ပြည်သူ‌တွေက ပြောတာ။ ဆိုက်ဝါးလွှတ်လိုက်တာလို့ ကျနော်တို့က ထင်တာပဲ။ ကျနော်တို့က မီးငြိမ်းဖို့ ရွာထဲပတ်တာ။ စစ်**တွေက ဝင်လာတာသိရဲ့သားနဲ့ ကျနော်တို့ကို မပစ်သေးဘူး။ ကျနော်တို့ကတဖြည်းဖြည်းတိုးရင်းနဲ့ အိမ်တွေထဲ ဝင်သွားတာ။ သူတို့က ပြည်သူတွေ ဖမ်းထားပြီးတော့ မရှိဘူးလို့ ပြောခိုင်းထားပုံ ထင်ပါတယ်။ ကျနော်တို့ကို ဝိုင်းထားတာ။ သူတို့ဘက်က သေနတ်တွေနဲ့ ကောက်ချိန်တဲ့အချိန်မှာ ခုန်ချရတယ်။ မှန်တဲ့သူတွေလည်း မှန်တယ်။ ကျနော်တို့က အကုန်ပြေးရတာ။ ၁၀ ယောက်ကတော့ အကျအဆုံး ရှိတယ်"

စိုက်ပျိုးစရိတ် မြင့်တက်နေလို့ မတ်ပဲတောင်သူအများစု တွက်ခြေမကိုက်

"ဒီနှစ် ရာသီဥတု မဆိုးဘူး၊ မျိုးပဲစျေးကလည်း မျိုးအလိုက် စျေးကွာတယ်။ ဒီဘက်နယ်တွေက စာပါးစပ်၊ ပဲကန်ဇွန်း၊ ပဲချဥ်ပေါင်၊ မျိုးတွေ နီးစပ်ရာ ဝယ်ကြဲကျတယ်။ ပဲစျေးကတော့ ခြောက်သိန်းဝန်းကျင်လောက် ရှိတယ်။ ကိုယ်ရောင်းတဲ့ပဲကလည်း သန့်ရမှာပေါ့။ တဧကို ဆယ်လေးငါးတင်းမှ ပဲမထွက်ရင် တောင်သူ အရှုံးပေါ်တာပဲ။ ကုန်ကျစရိတ်တွေကလည်း အကျဘက်မှာ တခုမှမရှိသလောက်ပါပဲ။ ရှုံးလည်း ဒီလုပ်ငန်းပဲရှိတော့ ဒီအလုပ်ပဲ လုပ်နေရတာ"

ချပ်ကြီးပျူစခန်း သိမ်းပိုက်ခံရအပြီး စစ်ကောင်စီက ရဟတ်ယာဥ်နဲ့ ၂ ကြိမ် တိုက်ခိုက်

"ပျူစခန်းကို တိုက်ဖို့ သေချာ ပလန်ချပြီးမှ ဝင်တိုက်ခဲ့တာ။ သူတို့က လက်ရှိ ရှိနေသူအားလုံးက ပျူတွေပဲ။ တိုက်ပွဲဖြစ်ပွားတာကတော့ ၁ နာရီကျော် တိုက်ပွဲဖြစ်ခဲ့တယ်။ တိုက်ပွဲဖြစ်ပြီး စခန်းသိမ်းပြီးနောက် ပြန်ဆုတ်မှ စကစ ဘက်ကနေ Mi 35 နှစ်စင်းနဲ့ ၂ ကြိမ် လာပစ်ခဲ့တယ်။ နမခ က ၁ စီးနဲ့ ကလေး လေတပ်ဘက်က ၁ စီးနဲ့ ပစ်တာ။ တို့ဘက်က ဆုတ်နိုင်မယ်ထင်တဲ့ လမ်းကြောင်းကို လိုက်ပစ်ပေမယ့် တလွဲစီပါဘဲ"

မြင်းမူက စစ်ကောင်စီစစ်ကြောင်း မိုင်းခွဲခံရပြီး ၃ ဦးခန့် သေဆုံးဟုဆို

“အဲဒီစခတွေက မြင်းမူမြို့နယ်ထဲမှာရှိတဲ့ ရွာသားတွေကို သတ်ဖြတ်တာတွေ၊ မုဒိမ်းကျင့်တာတွေလုပ်ပြီး စစ်ကြောင်းထွက်လာတာပါ။ ကျနော်တို့ကလည်း စစ်ကြောင်းထိုးလာတဲ့ *တွေကို အထူးထုတ် မိုင်းဘီးလူးကြီးတလုံးနဲ့ ဖောက်ခွဲခဲ့တာ။ သူတို့ဘက်က သေဆုံးသွားတဲ့သူ ဒဏ်ရာရသွားတဲ့သူတွေကို ထမ်းလာတာကို ကျနော်တို့မျက်စိနဲ့ မြင်တွေ့ခဲ့ပါတယ်”

စာမေးပွဲမေးခွန်း သယ်လာတဲ့ကား မိုင်းဆွဲခံရပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး

"မေးခွန်းသယ်လာတဲ့ စစ်ကောင်စီ တပ်သားတွေ ပါလာတဲ့ Super Custom ၁ စီး Eurofect ကား ၁ စီး နဲ့ CRV ကား ၁ စီး ၃ စီးကို ရေစကြိုမြို့အပြင်ဘက် ဘက်စုံကွေ့အနားရောက်တဲ့အချိန် ပဒေသာမိုင်း ၃ လုံးတွဲ ၂ တွဲ ၆ လုံး နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်"

ဘုတလင်က စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရပြီး လက်နက်တွေပါ သိမ်းဆည်းခံရ

"စစ်သား ၃ ယောက် မနက်အစောပိုင်း အိမ်စီးကားအဖြူနဲ့ ဂိတ်ကို ရောက်လာတာကို တိုက်ခိုက်ခဲ့တာပါ။ စစ်သားတွေ တချက်မှ ပြန်ပစ်ချိန်တောင် မရဘူး။ ပစ်ခတ်ချိန် ၅ မိနစ်အတွင်း နေရာမှာပဲ ပွဲချင်းပြီး သေကုန်တာပါ"

ဝက်လက်က စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့ ထိခိုက်ဒဏ်ရာရသူတွေရှိ

"သူတို့က ဘင်တဲကုန်း ဘုန်းကြီးကျောင်းထဲရောက်တာနဲ့ ကျနော်တို့က စပစ်တာ ဘင်တဲကုန်းရွာ အထွက်မှာ လက်နက်ကြီးထိတာ အဲဒီမှာ စစ်တပ်က လက်နက်မျိုးစုံ ပစ်ခတ်ပြီး ဆောင်ပခက်တွေနဲ့ သခွတ္တောရွာကို ထမ်းသွားတာ ၅ ဦး၊ အဲဒီကနေ ၃ ဖာလုံလောက်ပဲ ဝေးတဲ့ ဝက်လက်ဆေးရုံကို နာရေးကားနဲ့ သယ်သွားတာ"

စစ်ကိုင်းမှာ ပကဖခေါင်းဆောင်နဲ့ လူသားဒိုင်းအဖြစ် ဖမ်းခံထားရတဲ့ ပြည်သူ ၁၅ ဦးသတ်ခံရ

“ဓါးစာခံ ဖမ်းဆီးခံရတာက ၁၆ ဦးပါ။ လောလောဆယ်တော့ အလောင်း ၁၅ လောင်းပဲ တွေ့ပါတယ်။ တွေ့ တာက မြင်းမူနယ်ထဲက ညောင်ရမ်းရွာနားမှာ တွေ့တာ။ အမျိုးသမီး ၃ ဦးနဲ့အမျိုးသား ၁၂ ဦးရဲ့ အလောင်းတွေပါ။ ဓါးစာခံခေါ်သွားတဲ့အထဲက ၁ ဦးနဲ့ လမ်းပြခေါ်သွားတဲ့ အမျိုးသား ၃ ဦး ပေါင်း ၄ ဦးက ပျောက်နေဆဲပါ။ အလောင်းတွေကို ညနေ ၆ နာရီလောက်က သဂြိုဟ်ပြီးစီးခဲ့တယ်"

စစ်သားနဲ့ပျူတွေကို PDF က တနေ့တည်း ၄ ကြိမ်တိုက်ခိုက်ရာ ၁ ဦးသေဆုံးဟုဆို

“ဒီနေ့မနက် ၇ နာရီဝန်းကျင်မှာ ကင်းပုန်းထွက်လာတဲ့ တွင်းမပျူစောထီးအဖွဲ့ကို တွင်းမရွာထိပ်မှာတကြိမ်၊ မိုင်းဆွဲခဲ့ပြီး စက်မှု ၂ ကနေ ကား ၅ စီးနဲ့ မနက် ၉ နာရီလောက်က ထွက်လာတဲ့ကားကို စက်မှု ၂ နဲ့ ကိုင်းတောမကြားမှာ တကြိမ်၊ ကိုင်းတောမကနေ ၁၀ နာရီ ၁၅ မိနစ်မှာ ထပ်ထွက်လာတာကို ကိုင်းတောမနဲ့ သရက်ကန်ရွာကြားမှာ တကြိမ်၊ တွင်းမပျူစခန်းနဲ့ ကမ္မပျူစခန်းအကြားမှာ တကြိမ် စုစုပေါင်း ၄ ကြိမ် မိုင်းဆွဲခဲ့တယ်”

မန္တလေးမှာ လူငယ် ၁ ဦး ဆိုင်ကယ်မောင်းနေချိန် သေနတ်နဲ့ ပစ်ခံရလို့ သေဆုံး

"ပထမ သိရတာက ယာဥ်တိုက်မှုဖြစ်လို့ လူငယ် ၁ ဦး လမ်းဘေးလဲကျ သေဆုံးတယ်ဆိုပြီး သိရတယ်။ နောက်မှ မဟုတ်ဘဲ သေနတ်ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်ဆိုတာ သိရတာ။ သေသွားတာကတော့ လူငယ်ပိုင်းပဲ။ သူအချက်အလက်ကတော့ နည်းနည်းပဲ သိရတယ်။ သူက လက်ရှိကျောင်းတက်နေသူလို့လည်း ပြန်ကြားမိတယ်။ သူဘာလုပ်လဲဆိုတာတော့ ​​မသိရဘူး"

ကနီမှာ စစ်ရှောင်ကလေးတွေအတွက် စာသင်ကျောင်းဆောက်လုပ်ဖို့ အကူညီတွေလိုအပ်

“တဲက သုံးလုံးရှိတယ်။ တဲဆိုတော့ ဝါးတိုင်လေးတွေကို ၆ တိုင် ၈ တိုင်စိုက်ပြီး ဆောက်ထားတယ်။ တတဲ နဲ့ တတဲက နီးတော့ စာသင်တဲ့အခါ အဆင်မပြေဘူး။ အဆောက်အဦးတွေကလည်း အဆင်မပြေဘူး။ ကလေးတွေကလည်း တောထဲတောင်ထဲမှာ နေရတော့ ကျန်းမာရေးချို့တဲ့တာ အနည်းငယ် ရှိတယ်။ ကလေးတွေအတွက် အိမ်သာတောင် တလုံးပဲ ရှိတယ်။ နွေပြီးလို့ မိုးရောက်လာရင် ကလေးတွေကို ဘယ်လိုမှ စာသင်ကြားလို့ မရတော့ဘူး”

ယင်းမာပင်မှာ စစ်တပ်က စစ်ကြောင်းထိုးမီးရှို့ပြီး ရွာသား ၃ ဦးကိုပါ မီးရှို့သတ်ခဲ့

“ကုန်းရွာက နေအိမ် ၈၀၀ ခန့်ရှိတာ။ စစ်ကောင်စီတပ်သားတွေက မီးရှို့တယ်။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညနေပိုင်း ၇ နာရီထိုးမှာ ရှို့ပြီး မတ်လ ၁ ရက် မနက်ပိုင်းမှာ ထပ်ရှို့တယ်။ အိမ်ခြေ ၈၀၀ ‌ခန့်ရှိတာ အိမ် ၇၀ လောက်ပဲ ကျန်တယ်”

CDM ကျန်းမာရေးမှူး ဆရာမနေအိမ်အပါအဝင် ရဲဘော်တွေရဲ့ နေအိမ်တွေ ဖျက်ဆီးခံရ

“ဓားစာခံတွေကို နာမည်စာရင်းတွေ စီပြောပြီး အိမ်တွေ လိုက်ပြခိုင်းတယ်။ ပစ္စည်းတွေ ဘာမှ ယူမသွားဘဲနဲ့ အကုန်လုံး ရိုက်ခွဲသွားတယ်။ အသေးဆုံး ရေနွေးကြမ်းပန်းကန်ကစလို့ ရေကန်လို အမာပစ္စည်းကအစ တူတွေနဲ့ ရအောင် ဖျက်ဆီးသွားတာ။ အဲ့နေ့က သူတို့ရွာထဲဝင်ချိန် ရမ်းပစ်လို့ ပြည်သူတဦး ကျည်ထိသွားတယ်။ လူနာအတွက်ပဲ လုံးပမ်းနေရလို့ အိမ်ဖျက်ခံရချိန် ဘာမှကို မခံစားရဘူး။”

စစ်ကြောင်းထိုးဖို့လာတဲ့ စစ်ကားမှောက်ပြီး ဗိုလ်မှူးအပါ ၅ ဦး သေဆုံးဟုဆို

"ခုလာတဲ့ အဖွဲ့တွေက မင်းလှက ခလရ ၁၊ သာယာဝတီ ခလရ ၃၅၊ အုတ်ဖိုက ခလရ ၆ က အဖွဲ့တွေ။ သူတို့ တပ်ရင်း ၃ ရင်းပေါင်းပြီး ပဲခူးရိုးမကို PDF တွေ ရှိတဲ့နေရာကို စစ်ကြောင်းထိုးဖို့ တက်လာတာ။ တောင်တွေပေါ် ပတ်တက်နေချိန် သူတို့ဟာ သူတို့မှောက်တာ။ ထိခိုက်သေဆုံးတာတွေ များတယ်"

အချုပ်ကားပေါ်မှ ထွက်ပြေးသွားသူများထဲက ၃ ဦး ပြန်ဖမ်းခံရပြီး ပစ်ဖမ်းရာက ၁ ဦး သေဆုံး

"ပျဉ်းမနားတရားရုံးကနေ ရုံးထုတ်ပြီးအပြန်မှာ ဖြစ်တာလို့ သိရတယ်။ အချုပ်သားတွေက မလုပ်လောက်ဘူးထင်ပြီး လုံခြုံရေးပေါ့တာလည်း ပါမယ်။ ရဲအင်အားအနည်းစုလောက်ပဲ ပါတယ်။ အချုပ်သားတွေက စုပြီး လုံခြုံရေးလိုက်ပါလာတဲ့ ရဲဆီက သေနတ်လုပြီး ပစ်ခတ်တယ်။ ပြီးတော့ ထွက်ပြေးကြတာ သေနတ်ပါ ပါသွားတယ်။ အချုပ်သားတွေက လူညီသွားတော့ ရဲတွေ ခံလိုက်ရတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10