သတင်းတို

မြိုင်မှာ စစ်အုပ်စုက လက်နက်ကြီးနဲ့ပစ်လို့ တိရိစ္ဆာန်အချို့သေပြီး၊ ဒေသခံတွေ ထွက်ပြေးနေရ

“ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်သားတွေက တိုက်ပွဲမဖြစ်ပဲ ၆၀ မမ လက်နက်ကြီးနဲ့ ၈ ချက်ပစ်ခတ်တာ၊ အသံကြားလို့ ပြည်သူကတော့ တိမ်းရှောင်နိုင်ပြီး တိရစ္ဆာန်တွေ ထိသွားတယ်။ ပစ်ခတ်ခဲ့တာကြောင့် နွား ၂ ကောင်သေပြီး ၁ ကောင် ဒဏ်ရာရတယ်” လို့ ပြောပါတယ်။

တိုက်ပွဲနားချိန်တွေမှာ ထိန်းချုပ်နယ်မြေအတွင်း ဆေးခန်းဖွင့်ကုသပေးနေ

“ဒီနေ့ဆို မနက်ထဲကဖွင့်တာ ခုချိန်ထိ မပိတ်ရသေးဘူး။ တပ်ရင်းရုံးမှာ တခုပဲဖွင့်ထားပြီး ရွာတွေကိုပတ်ပြီး ကုပေးတယ်။ ကျတော်တို့က စစ်တပ်တခုလို ဖွဲ့စည်းထားတော့ ပြည်သူတွေက အထဲကိုလာမပြရဲဘူး။ အဲ့တော့ ရွာတွေပတ်ကုပေးတယ်။" လို့ Pakokku Generation Z အဖွဲ့ တပ်ရင်းမှူးက ပြောပါတယ်။

ယင်းမာပင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရပြီး ၃ ဦးခန့် သေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်စခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖေဖော်ဝါရီလ ၁၃ ရက်မှာ တိုက်ခိုက်ခဲ့ရာ ၃ ဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ Chindwin Toe Na Yar P.D.F ခေါင်းဆောင် ဗိုလ်မြကြီးက ပြောပါတယ်။

စဥ့်ကူးမှာ အမျိုးသား ၃ ဦး ပစ်သတ်ခံရ

မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကူးမြို့နယ်၊ ရွာသစ်ကြီးကျေးရွာနဲ့ ငပြင်းအင်းကျေးရွာတွေက အမျိုးသား ၃ ဦး ပစ်သတ်ခံလိုက်ရတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မနက်ပိုင်းတွေမှာ အမျိုးသား ၃ ဦးကို လက်နက်ကိုင်အဖွဲ့တွေက နေအိမ်တွေကနေ ဖမ်းဆီးပြီး လမ်းပိုင်းမှာ ပစ်သတ်လိုက်တာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

V-Dayနေ့မှာ ချစ်ရသူတွေကိုလွမ်းတဲ့စိတ် ဖြေသိမ့်နိုင်ဖို့ ရဲဘော်တွေကို အားကစားပွဲကျင်းပပေး

အိမ်ကိုစွန့်ခွာလာခဲ့တဲ့ ရဲဘော်လေးတွေမှာ တချို့ဆို ဆယ်ကျော်သက်ကျောင်းသားအရွယ်လေးတွေပါပြီး ဒီလိုနေ့မှာ သူတို့ချစ်ရသူတွေကို လွမ်းတဲ့စိတ် ဖြေသိမ့်နိုင်ဖို့ အားကစားပွဲလေး ကျင်းပပေးခဲ့တာလို့ မုံရွာခရိုင် ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force ) တပ်ရင်း၂၊၃၊ ၄ရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

ကနီမှာ စစ်ကောင်စီရိက္ခာစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရလို့ သေဆုံးမှုရှိ

"ကနီမြို့နဲ့ အလယ်ကျွန်းရွာကြားမှာ တိုက်မိုင်း ၂ လုံးမိသွားလို့ စစ်သားနဲ့ပျူ ၅ ဦးလောက်သေတာမြင်ရတယ်။ ဘယ်က စစ်တပ်ဆိုတာတော့မသိဘူး။ ကျနော်တို့တပ်စိတ်တစိတ်တည်းနဲ့ တိုက်ခိုက်ခဲ့တာပါ၊ တိုက်ခိုက်ပြီးတော့ စစ်ကြောင်းက အလယ်ကျွန်းရွာကိုပဲဆက်သွားတယ်"လို့ ကျောက်လုံးကြီးတပ်က တပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

သစ်ခိုးထုတ်တာကို PDF က တားလို့ PDF စခန်းကိုလိုက်ပြခဲ့တဲ့ရာအိမ်မှူး ပစ်သတ်ခံရ

'သူက ဒလန်ထက်ဆိုးတယ် သစ္စာဖောက်ပေါ့။ အရင်က မင်းလှ PDF စခန်းကို အဝင်အထွက်ရှိတယ်။ PDF စခန်းကို သူလိုက်ပြလို့ စခန်းအစီးခံရတုန်းက ကျသွားတဲ့ ရဲဘော်ရိုးမက သူနဲ့ညီအစ်ကိုဝမ်းကွဲတော်တယ်၊ အဲ့တာကြောင့်လည်း သူ့ကို ဝင်၊ထွက်ခွင့်ပေးထားတာ။ သူသစ်ခိုးထုတ်တာတွေအရမ်းများလာလို့ PDF ကတားတာ၊ အဲ့ဒါကိုမကျေနပ်လို့ စစ်ကောင်စီနဲ့သွားပေါင်းပြီး PDF စခန်းကိုလိုက်ပြတာ။ အဲ့ဒီ စခန်းသိမ်းခံရပြီးနောက်ပိုင်းမှ သူ့ကိုရာအိမ်မှူးခန့်ပြီး သစ်ခိုးထုတ်ခွင့်ပေးထားတာ'' လို့ ပြောပါတယ်။

ကျောင်းလုံခြုံရေးစောင့်တဲ့ စစ်သားနဲ့ပျူတွေ မိုင်းဆွဲခံရလို့ ၄ ဦးဒဏ်ရာရ

"သူတို့က ကျောင်းစောင့်တဲ့အဖွဲ့တွေပေါ့။ မနက်ဆို ၆ ခွဲ ၇ နာရီလောက်ကတည်းကလာတယ်။ ကျောင်းတက်ရင် ပြန်တယ်။ ပျူနဲ့ စကစ တ​ပ်သားတွေပါ။ သူတို့က ကျောင်းရှေ့ ပလက်ဖောင်း လမ်းထောင်တွေမှာရှိတာ။ ဒီမနက်က မီးပွိုင့်နဲ့ နီးတဲ့နေရာက အဖွဲ့တွေကို ဆွဲလိုက်တာ။ မြို့ထဲဖြစ်နေတော့ ယမ်းအသင့်တင့်ရှိတဲ့ မိုင်းကိုပဲ အသုံးပြုခဲ့တာပါ။ မဟုတ်ရင် မဆိုင်တဲ့ ပြည်သူတွေကိုပါ ထိသွားနိုင်တယ်"လို့ ပြောပါတယ်။

PDF တွေထောင်ထားတဲ့မိုင်း နင်းမိပြီး ပျူစောထီးခေါင်းဆောင် ၁ ဦးသေဆုံး

“သူ့ဇာတိကတော့ ကြောင်ရှားတောသားပေါ့၊ သူက ညောင်ကိုင်းပျူရွာမှာနေတာ၊ အိမ်ထောင်ကျတာက ညောင်ကိုင်းပျူရွာမှာ အိမ်ထောင်ကျတာ၊ ကြောင်ရှာတော ပျူခေါင်းဆောင်ပေါ့၊ မနက် ၇ နာရီ ၄၅ မိနစ်မှာ သူညောင်ကိုင်းကနေ ဇီးဖြူကုန်းကိုအသွား ဂျိုးမြေဇင်းမှာ ကျနော်တို့မဟာမိတ်တွေ ထောင်ထားတဲ့ နင်းမိုင်းမိပြီးသေသွားတာ” လို့ ပြောပါတယ်။

လူမှုကူညီအသင်းကား ပစ်ခတ်ခံရလို့ ယာဥ်မောင်းဖြစ်သူဒဏ်ရာရ

"အသင်းပိုင်ယာဥ် ပစ်ခံရတာကဟုတ်ပါတယ်။ အသင်းကားက လူနာပို့ပြီးပြန်လာချိန် ပစ်ခတ်မှုဖြစ်နေတဲ့ နေရာကိုရောက်ပြီး မှားယွင်းပစ်ခံရတာဖြစ်ပါတယ်။ ဖြစ်တဲ့အချိန်က မှောင်လဲမှောင်နေတာဆိုတော့ ဘယ်သူဘယ်ဝါပစ်တယ်ဆိုတာ သေချာပြောလို့မရပါဘူး။ ကျနော်တို့ဘက်က ဒီလမ်းကြောင်းပေါ်သွားလာနေတာဖြစ်လို့ အသင်းအတွက်လဲ အန္တရာယ်ရှိပါတယ်။ ဒဏ်ရာရတာက ယာဥ်မောင်း ၁ ဦးတည်းပါ" လို့ ပြောပါတယ်။

လဝကရုံးထဲတပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံး

"စကစ ၃ ကောင်က ကျနော်မျက်စိရှေ့မှာတင် သေဆုံးခဲ့တာ။ နောက်ထပ် ၂ ကောင်ကတော့ ရုံးထဲကို ပြေးဝင်သွားတယ်။ ဒီကောင်တွေရုံးထဲကအထွက်မှာဘဲ တိုက်ခိုက်လိုက်တာ။ သူတို့ဖက်က ပြန်မပစ်နိုင်ခဲ့ဘူး။ ပြီးတော့ စကစတွေက ရုံးထဲမှာတပ်စွဲနေတာကြာပြီ"လို့ ဆိုပါတယ်။

ရွှေဘိုမှာ စစ်ကောင်စီက ဘုန်းကြီးနဲ့ ရွာသား ၂ ဦးကိုသတ်ပြီး နေအိမ်တွေပါမီးရှို့ခဲ့

"တင့်တယ်ရွာက နေအိမ် ၂၀၀ လောက်နဲ့ စပါးတင်း ၁ သိန်းလောက်ကို မီးရှို့သွားတာဗျ။ စပါးဖိုး သိန်း ၂ သောင်းလောက်ရှိမယ်။ ဘုန်းကြီးတပါး၊ အမျိုးသမီးတဦးနဲ့ အမျိုးသားတဦးကိုလည်း သတ်သွားတယ်။ မီးလောင်ထားတော့ အသက်ကခန့်မှန်းရခက်တယ်"လို့ ဒေသခံတဦးကပြောပါတယ်။

ဒလန်အိမ်မှာ တပ်စွဲထားတဲ့စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးဟုဆို

"ကျနော်တို့တိုက်ခိုက်တဲ့အချိန်မှာ စကစတွေရဲ့ ဘန်ကာထဲကို ကျသွားတာ။ အဲဒီအချိန်မှာဘဲ နေရာမှာတင် ၂ကောင်ပွဲချင်းပြီးသေတာ။ ၁ ကောင်ကတော့ ဆေးရုံကိုပို့လိုက်တယ်။ အခုလို သေဆုံး၊ဒဏ်ရာရတာကို ဒရုန်းကင်မရာကနေမြင်ခဲ့ပြီး အတည်ပြုနိုင်ခဲ့တာ"လို့ ဆိုပါတယ်။

ရေစကြိုမှာ စစ်ကောင်စီတပ်တွေ လက်နက်ကြီးနဲ့ပစ်ခတ်ခံရ

"နာရီဝက်လောက်တိုက်ခိုက်ခဲ့တာပါ။ အဝေးပစ်ပုခုံးထမ်းလောင်ချာတွေ၊ ရှေ့ထွက် အဝေးပစ်လောင်ချာတွေ အားပြုတိုက်ခိုက်ခဲ့ပါတယ်။ နှစ်ဦးကတော့ အပြင်းအထန်ဒဏ်ရာရသွားလို့ ပခုက္ကူဆေးရုံကိုပို့ထားပြီး သေပြီလို့လည်းသတင်းရပါတယ်" လို့ MBT အဖွဲ့တာဝန်ရှိသူ ဗိုလ်မိုက်ခဲက ပြောပါတယ်။

မကွေးနဲ့စစ်ကိုင်းတိုင်းထဲ ခွင့်နဲ့သွားမယ့်စစ်သားတွေ အပြင်မှာတည်းခွင့်မရ၊ နီးစပ်ရာစစ်တပ်မှာ တည်းဖို့ အမိန့်ထုတ်ထား

"ဒီကောင်(စကစ)တွေရဲ့အခြေအနေက စစ်ကိုင်းနဲ့မကွေးထဲကိုတော့ မိဘသေလို့တောင်ပြန်လာဖို့စိတ်မကူးနဲ့။ မြို့နယ်အလိုက် PDF တွေက ဘယ်နယ်က ဘယ်သူ့အိမ်က စစ်ကောင်စီတပ်ထဲက Inservice (တာဝန်ထမ်းဆောင်ဆဲ) နဲ့ပတ်သက်နေတယ်ဆိုတာ အချက်အလက်တွေရှိပြီးသား။ ကျနော့်နယ်ထဲမှာကို ဒီကောင်တွေမိသားစုဝင်တွေသေရင် ဗီဒီယိုကောခေါ်ပြပြီးနာရေးလုပ်နေရတာတွေရှိတယ်။ အဲ့လိုအသတ်ခံရမှာကြောင့်လည်း စစ်တပ်တွေမှာတည်းဖို့ ညွှန်ကြားတာ" လို့ CDM ရဲလည်းဖြစ်တဲ့ ​မြင်းမူ Truth Fighter PDF ခေါင်းဆောင်တဦးက မြေလတ်အသံကို ပြောပါတယ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10