သတင်းတို

မိုင်းနင်းမိလို့ ခြေထောက် ၂ ဖက်လုံးပြတ်သွားတဲ့ အသက် ၁၁ နှစ်အရွယ်ကလေးကို အညာပစ်တိုင်းထောင်အဖွဲ့က သွားရောက်လှူဒါန်း

“ဒေသခံတွေက ဆက်သွယ်လာတာရယ်၊ ကလေးကိုလှူမဲ့သူတွေမရှိတာတွေရယ်ကြောင့် သွားလှူခဲ့တာပါ။ အခုလိုမိုင်းနင်းမိလို့ ဒဏ်ရာရသူတွေကို လှူဒါန်းတာ ၂ ကြိမ်ရှိပါပြီ။ ပထမက မိုင်းနင်းမိလို့ အရေပြားပျက်သွားတဲ့ ရဲဘော်ပါ။ အခုက မောင်ရှင်းသန့်မောင်ပါ။ နောက်ထပ်လည်း အဆင်ပြေရင် ပြေသလို လှူဒါန်းဖို့ရှိပါတယ်”

အရာတော်သားတွေကို နိမ့်ချရေးထားတဲ့ဝါဒဖြန့်စာတွေ စစ်အုပ်စုက လိုက်ကြဲ

"သူတို့စာက ၂ ရွက်၊ စာမှာဘယ်အဖွဲ့အစည်းက ရေးတယ်ဆိုတာ တိတိကျကျမပါဘူး။ ကျနော်တို့ အရာတော်သားတွေကို နိမ့်ချတဲ့ စာတွေရေးထားတာ စစ်တပ်က သူ့ဟာသူရေးပြီးဖြန့်နေတာ၊ ဘယ်သူမှမယုံဘူး"

ရေနံချောင်းမှာ ကျောင်းဆရာမတဦးကိုသတ်ပြီး ပစ္စည်းတွေ ဓားပြတိုက်သွား

“သူ့မှာ သား၊သမီး ၂ ယောက် ရှိတယ်။ ဂျုပ်ပင်ရွာ မူပြပဲ။ နေတာက သူတယောက်ထဲနေတာ။ ၅ ရက်နေ့ညပိုင်းမှာ ဓားပြဝင်တိုက်ပြီး လူကိုပါ သတ်သွားတာ။ မနေ့မနက်ပိုင်းမှ ဖြစ်တာကို သိတာ”

PDF နဲ့ဆက်စပ်တယ်ဆိုပြီး နေအိမ်နဲ့အဆာက်အဦးတချို့ကို စစ်ကောင်စီချိတ်ပိတ်

"၅ ရက်နေ့ ညနေပိုင်းမှာ စကစ အဖွဲ့တွေ လာပိတ်သွားတာ။ ကိုအာကြီးကျတော့ အိမ်မှာဗုံးလုပ်ရင်းကွဲလို့ အိမ်ကိုချိတ်ပိတ်သွားတာ။ ကိုသန့်မွန်ထက်အောင် ကြတော့ လူက အမှတ် ၈ မှာ နေတာ။ အပိတ်ခံရတာက သူ့ဂိုထောင် ဟိုတလောက PDF တွေဖမ်းခံရချိန် သူပိုင် အဆောက်အဦးမှာ လက်ခံနေစရာပေးတယ်ဆိုပြီး ချိတ်ပိတ်သွားတာ"

မန္တလေးမှာ တရက်တည်း ရဲနှစ်ယောက် ပစ်သတ်ခံရ

"မြင်းခြံက ရဲတယောက်က စခန်းကနေ သူတို့မြို့နယ်ရဲရုံးကို စာသွားပို့တယ်လို့ သိရတယ်။ အဲဒီအချိန်မှာ ပစ်သတ်ခံရတာ။ ပုသိမ်ကြီးက ရဲကတော့ ဓာတ်အားခွဲရုံတာဝန်ကျနေရာကနေ ကွမ်းထွက်ဝယ်ချိန် ပစ်သတ်ခံရတာ"

၃ ရက်အတွင်း ကန့်ဘလူခရိုင်က နေအိမ် ၁၇၀ ကျော်ကို စစ်ကောင်စီက မီးရှို့သွား

“ရွာသားတွေက အခုထိ ရွာထဲမဝင်ရသေးဘူး။ တချို့အိမ်တွေကလည်း မီးမငြိမ်းသေးတော့ မီးတွေပြန်ငြိမ်းနေရတယ်။ ရွာသားတွေက ကိုယ့်ယာတောထဲမှာပဲ အဆင်ပြေသလို တဲတွေထိုးပြီး နေနေကြတယ်။ စားဖို့သောက်ဖို့ကကျတော့ တယောက်စီကနေ တယောက်ဝေမျှစားနေရတယ်”

မီးဘေးသင့်ပြည်သူ ၃၀၀၀ ကျော်အတွက် အိမ်အလုံးရေ ၆၀၀ လှူတန်းပြီးစီး

“တအိမ်ကို ၂ ခန်းပါလို့ လူ ၅ ယောက်ကတော့ ကျယ်ကျယ်ဝန်းဝန်း နေလို့ရတယ်။ မိသားစုဦးရေကိုကြည့်ပြီး ၃ ခန်းမှလောက်တယ်ဆို ၁ ခန်းကတော့ သူတို့စိုက်ပေါ့။ ကျတော်တို့ကတော့ အခန်း၂ ခန်းနဲ့ အိမ်တလုံး အခမဲ့ဆောက်ပေးတယ်။”

စစ်ကောင်စီဘက်က ပစ်ခတ်တဲ့လက်နက်ကြီးထိလို့ ဒေသခံ ၅ ဦးဒဏ်ရာရပြီး ၁၀၀၀ ကျော် ထွက်ပြေးနေရ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ KNU တပ်မဟာ ၃ ထိန်းချုပ်နယ်မြေ ပေတူး၊ စပ်လဲကျေးရွာအတွင်းကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ဒေသခံ ၅ ဦး ဒဏ်ရာရပြီး ၁၀၀၀ ကျော် ထွက်ပြေးနေရတယ်

မိုင်းရှင်းလာတဲ့ပျူ‌စောထီးအုပ်စု မိုင်းဆွဲခံရပြီး ၄ ဦးသေဆုံးဟုဆို

"ပျူစောထီး ၁၅ ဦးလောက်‌ ခြေလျင်မိုင်းရှင်းထွက်လာတာကို ဂျိုးမြေဇင်း လမ်းပိုင်းတနေရာမှာ ပဒေသာမိုင်း ၃ လုံးနဲ့ ၃ ကြိမ် တိုက်ခိုက်လိုက်တာ၊ နေရာတင် ပျူ ၄ ကောင် သေတယ်"

မိုင်းလာဖျက်တဲ့စစ်သားတွေ တိုက်ခိုက်ခံရလို့ ၃ ဦးသေကာ ပါလာတဲ့ နွား ၇ ကောင်လည်း သိမ်းခံလိုက်ရ

"သူတို့က မိုင်းကွင်းထဲမှာ နွားတွေကို အရင်ဖြတ်ခိုင်းတာ၊ အဲဒီမှာ တိုက်ခိုက်ရင်း ကျနော်တို့က နွား ၇ ကောင်ကို သိမ်းနိုင်ခဲ့တာ။ အပြန်အလှန်ပစ်ခတ်ရင်းနဲ့ နွား ၃ ကောင်သေပြီး၊ စစ်သား ၃ ဦးလည်း သေတယ်။ နွား ၄ ကောင်ကိုတော့ အရှင်ရလိုက်တယ်" လို့ DRPA သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

နယ်မြေရှင်းလင်းရေးဝင်ချိန် နှိပ်စက်အသတ်ခံထားရတဲ့ PDF တဦးအပါ အလောင်း ၃ လောင်းတွေ့

“၂ ယောက်က ပြည်သူ၊ ၁ ယောက်က PDF၊ လူတွေပိတ်မိနေလို့သွားခေါ်တာကို သူပါအသတ်ခံလိုက်ရတာ။ ဝေဟင်ပစ်တဲ့နေ့က နှိပ်စက်ခံရပြီးမှ ပစ်သတ်ထားခဲ့တာ"

ပြည်မြို့မှာ အမျိုးသားတဦး ကြိုးဆွဲချ သေဆုံး

"ဘယ်လိုဖြစ်ပြီး အခုလိုလုပ်တာလဲတော့ မစဥ်းစားတတ်ဘူး။ သူက အိမ်ထောင်နဲ့က အဆင်မပြေလို့ ကွဲနေတာလို့ သိရတယ်။ ကျန်တာ ဘာစိတ်ညစ်စရာရှိလည်းတော့ မသိဘူး။ ဘာပဲဖြစ်ဖြစ် အခုလို လုပ်ဖို့တော့ မသင့်ဘူး"

ရေစကြိုမြို့နယ်ထဲမှာ ပြည်သူ့အခြေပြုကျောင်းဆင်းပွဲနဲ့ ကျောင်းတွင်းသင်္ကြန်ပွဲ ကျင်းပ

“အခုလို စာသင်နှစ်တနှစ်ပြီးမြောက်သွားလို့ ကျောင်းသားကျောင်းသူတွေကို ပျော်ရွှင်စွာနဲ့ ပညာသင်ယူချင်စိတ်ဖြစ်လာအောင်၊ နောက်ပြီး ကျောင်းပြင်ပရောက်နေတဲ့ ကလေးတွေအနေနဲ့ ပညာသင်ယူချင်စိတ် ဖြစ်လာအောင်ဆိုတဲ့ အချက်နဲ့ ကျောင်းတွင်းမှာ ပညာသင်ယူရင် အခုလိုအခွင့်အရေးတွေ ရှိနိုင်တယ်ဆိုတာတွေ သိဖို့ပါ”

ရွှေကျင်က NLD အမတ်ရဲ့သား အိမ်ကို စစ်ကောင်စီရောင်းစား

"အခုနှစ် ဧပြီလ ၃ ရက်နေ့ကမှ ကျမသားအိမ်ကို ဝယ်တဲ့သူက အိမ်သာလာပြင်တာကို သိတဲ့လူကမေးရင်း ဝယ်လိုက်ပြီလို့ သိရတာ။ သိန်း ၁၂၀ နဲ့ ရောင်းတာကို သိန်း ၈၀ ပေးပြီးပြီ။ သိန်း ၄၀ ကျန်တယ်လို့ သိရတယ်။ အိမ်ထဲက ပရိဘောဂတွေကိုရော ရောင်းစားတာပါ။ ဗိုလ်မှူးအေးချမ်းအောင် ခွင့်ပြုတာလို့ သိရတယ်"

ထောက်ပို့ ၁ ဦး ဖမ်းဆီးသတ်ဖြတ်ခံရပြီး သုံးမရတဲ့လက်နက်တွေ သိမ်းဆည်းခံရ

"သူက ရွာထဲကနေ သူ့ယာထဲမှာ သိုးတွေဝင်ဖျက်နေတယ်လို့ သတင်းရလို့ မောင်းထုတ်ဖို့ဆိုပြီး သွားတာ။ အဲဒီမှာ စကစ စစ်ကြောင်းနဲ့တိုးလို့ သူယာခင်းဘက်ကို ထွက်ပြေးရာမှာ သူအခင်းထဲမှာ စကစတွေက ကြိုရောက်နေပြီး ဖမ်းဆီးခံလိုက်ရတာ။ သူက တခါတလေတော့ CHU အတွက် ထောက်ပို့လုပ်ပေးတာ ရှိတယ်။ သူ့ကို ဖမ်းမိပြီး မကြာဘူး စကစဘက်က ပစ်သတ်လိုက်တာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10