မိုင်းထိလို့ ဆေးရုံတက်ကုနေရတဲ့ PDF ၁ ဦး စစ်ကောင်စီတပ်ရဲ့ဖမ်းဆီးခြင်းခံရ
"သူက အလုပ်ကိစ္စနဲ့ ခြေလျင်သွားချိန်မှာ မိုင်းထိပြီး ဘယ်ခြေထောက်ပြတ်ဒဏ်ရာရလို့ ဆေးရုံတက်ကုနေတာ။ စကစဘက်က ဘယ်လိုသတင်းရပြီး လာဖမ်းသွားလဲဆိုတာ မသိရဘူး။ သူကိုက ကံဆိုးတာပါ။ အများပြည်သူ သွားနေတဲ့လမ်းမှာ ရွာသားတွေအများကြီး သွားလာနေကြတာ။ သူပဲ စကစ ထောင်ထားတဲ့ မိုင်းထိသွားတာ။"