စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ကလေး ၂ ဦးသေဆုံး၊ ဘုန်းကြီး ၁ ပါးပျံလွန်ပြီး နေအိမ် ၇ လုံးမီးလောင်
စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိမှန်လို့ တောကြောင်ပေါက်ကျေးရွာက သက်တော် ၆၀ အရွယ် သံဃာတပါး ပျံလွန်တော်မူခဲ့သလို ဝါးပင်စုရွာက အသက် ၁၀ နှစ်ခန့်နဲ့ ၆ နှစ်ခန့် အရွယ် မိန်းကလေး ၂ ဦး သေဆုံးသွားတယ်လို့ ဆိုပါတယ်။