ခင်ဦးနယ်ကို စစ်တပ်ကဆက်တိုက်စစ်ကြောင်းထိုး အင်အားမမျှလို့ ကာကွယ်ရေးတပ်တွေ ဆုတ်ပေးထားရ
"သူတို့ကစစ်မြှူနေတဲ့ သဘောပေါ့ဗျာ။ ကင်းထောက်ဒရုန်းတွေ၊ လက်နက်ကြီးတွေ၊ စနိုက်ပါတွေနဲ့ ကင်းပုန်းချပြီး ဆက်တိုက်စစ်ကြောင်းထိုးနေတယ်။ ပိုပြီးတော့လည်း တိကျလာတယ်။ ဗုံးတွေချရင် ရွာထဲကို တည့်တည့်ပစ်ချနိုင်သလို PDF စခန်းတွေကိုလည်း ကင်းထောက်နိုင်လာတယ်"