Nan Khan

စစ်ရှောင်စခန်းမှာမွေးတဲ့ ကလေးကို ‌ပစ်‌တိုင်းထောင်လေးများအဖွဲ့က အလှူငွေနဲ့ကလေးပစ္စည်းများ လှူဒါန်း

"ကလေးအတွက် ၅သောင်း နဲ့ အမေအတွက် ၅သာင်းလှူပေးခဲ့တယ်။ ကလေးကယောက်ျားလေးပါ။ ဒီ စစ်ရှောင်စခန်းမှာမွေးတာ ကလေး ၃ယောက်ရှိပါပြီ။ ၃ ယောက်စလုံးကလည်း ယောက်ျားလေးတွေပါပဲ"

တပ်ရိက္ခာကားကို မိုင်းဆွဲဖို့လာချိန် စစ်တပ်ကင်းပုန်းနဲ့ ပစ်ခတ်မှုဖြစ်လို့ PDF ၁ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရ

“စစ်ကား ၃ စီးက မြိုင်ကိုအသွားမှာ မိုင်းတခါမိတယ်။ ပြန်လာမယ့်အခေါက်မှာ မိုင်းထပ်ထောင်ပြီး အမိအရဖြတ်မယ်ဆိုပြီး လမ်းမကြီးဆီကို တဖြည်းဖြည်းကပ်ရင်းကနေ ကင်းပုန်းနဲ့တွေ့ပြီး ပစ်ခတ်မှုဖြစ်တာ”

တပွင်ရွာရဲစခန်းကို PDF တွေကစီးနင်းမီးရှို့၊ စေတုတ္တရာနယ်မှာ စစ်ရေးတင်းမာနေလို့ ဒေသခံရာနဲ့ချီနေရာပြောင်းရွှေ့

“တိုက်ပွဲတွေဆက်ဖြစ်နိုင်တယ်လို့တွက်ပြီး စေတုတ္တရာနယ်အထက်ပိုင်းကရွာတချို့ စေတုတ္တရာမြို့ပေါ်နဲ့ မြို့နားက ညောင်အိုင်ရွာဘက်ကို ကြိုပြီးစစ်ရှောင်လာတာတွေရှိတယ်။ စစ်ရေးတင်းမာနေတဲ့သဘောပေါ့။ တချို့လည်းအိမ်ငှားနေကြ။ တချို့လည်း အမျိုးတွေဆီကပ်နေကြပေါ့”

ကနီမှာ ဆရာတွေနဲ့ ကျောင်းသားတွေ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြ

"ဒီမနက် ဆန္ဒထုတ်ဖော်တာကတော့ အင်အားကတော့ ၂၀၀ လောက်ရှိပါတယ်။ ကလေးတွေကို သိသင့်တာတွေ သိရအောင်နဲ့ ပညာတတ်မြောက်အောင် သင်တာကလည်း တော်လှန်ရေးဆိုတာသိဖို့ ရည်ရွယ်ချက်နဲ့ပါ”

စစ်ကောင်စီတပ်စွဲထားတဲ့ရွာ အလစ်ဝင်တိုက်ခံရလို့ ၃ ဦးသေဆုံးနိုင်

"အပြန်အလှန်ပစ်ခတ်မှုက ၅ မိနစ်လောက်ပဲကြာတယ်။ ပစ်ခတ်မှုဖြစ်တော့ သူတို့ဘက်က ၅ ယောက် ထိတယ်လို့ အတွင်းသတင်းကသိရတယ်။ သေဆုံးတာက ကျနော်တို့နဲ့ ပစ်ခတ်မှုဖြစ်တော့ ကျနော်တို့ ရှေ့မှာတင် ၂ ယောက်လဲသွားတယ်။ ကျနော်တို့ စခန်းပြန်ရောက်တဲ့ အချိန်မှာ နောက်ထပ် သတင်းတခုဝင်လာတယ်။ စုစုပေါင်းသေတာ ၃ ယောက်ဆိုတာ သိရတယ်။"

မြိုင်၊ ကန်နီရွာက ပျူစောထီးတပ်ဖွဲ့ကို PDF က ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်၊ ၂ ဦးသေဆုံးဟု ဆို

“ပျူရွာက ကြီးတယ်၊ ကျနော်တို့က တမိုင်ခွဲလောက်အကွာကနေ သွားပစ်တာ။ ပျူ ၂ ယောက်သေတယ်လို့ သိရတယ်။ အခုကန်နီမှာက စစ်**အစစ်က ၇ ကောင်ပဲရှိတယ်လို့ကြားတယ်။ ကျန်တာက နယ်ခံပျူတွေပဲ”

ဖက်ဒရယ်ပြည်ထောင်စုရတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ MSPDF ပြော (ရုပ်/သံ)

စစ်ကိုင်းခရိုင်တပ်ရင်း (၄) MSPDF တပ်ဖွဲ့ဟာ ဖက်ဒရယ်ပြည်ထောင်စုရတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ ဇွန်လ ၁၉ ရက် ဒီနေ့မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်မြောက်မွေးနေ့မှာ ပြောဆိုထားခဲ့ပါတယ်

စစ်ကိုင်းမှာ စစ်တပ်က နေအိမ်တွေကို မီးရှို့ပြီး ဓားစာခံဖမ်းလာတဲ့အမျိုးသား ၁ ဦးကိုလည်း သတ်သွား

“သူတို့ (စစ်ကောင်စီ) လမ်းပြဓားစားခံအဖြစ်ဖမ်းလာတဲ့သူကိုလည်း သတ်သွားတယ်။ ဘယ်သူဘယ်ဝါလဲ ဆိုတာတော့ ကျနော်တို့ စုံစမ်းနေတုန်းပါ”

ကျောက်ရစ်ရဲစခန်းမှာ မွေးနေ့ပွဲကျင်းပနေတဲ့ စစ်အုပ်စု Drone နဲ့ ပစ်ချခံရ

“သူတို့မွေးနေ့ပွဲက မနက် ၈ နာရီလောက်မှာလုပ်မှာလို့ သတင်းကြားထားတယ်။ အဲဒါနဲ့ ကျနော်တို့ သွားရောက်ပစ်ခတ်ခဲ့တာ။ ကျနော်တို့ ပစ်ခတ်ပြီးတော့ သူတို့က အင်အား ၂၀ လောက်နဲ့ ကျောက်ရစ်စခန်းကနေထွက်လာပြီး လက်နက်ကြီးတွေနဲ့ လိုက်ပစ်နေတာမျိုးတွေ လုပ်တယ်”

ညောင်ပင်ကြီးရွာ စက်လှေဆိပ်မှာရှိတဲ့ တဲတွေကို စစ်အုပ်စုက မီးရှို့

“သူတို့က ရွာတွေကိုပတ်ပြီး မီးလိုက်ရှို့နေတာ။ စခန်းမှာ တဝက်ကျန်ခဲ့တယ်။ တဝက်ကတော့ နေအိမ်တွေကို မီးလိုက်ရှို့နေတယ်။ အဲဒီဆိပ်ကမ်းမှာက တဲ ၃ လုံးပဲရှိတယ်။ အဲဒါကို မီးရှို့သွားတာ။ မနေ့ကလည်း သူတို့ရဲစခန်းတွေ ပြန်ပြင်ဖို့အတွက် ဘိလပ်မြေတွေ မုံရွာကနေသယ်လာသေးတယ်”

ရိက္ခာရှာထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ပျူတွေ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရ

“သူတို့က အရှေ့တည့်တည့်ကို ထွက်လာပြီးတော့မှ တောင်ဘက်ခြမ်းကို ချိုးသွားတယ်။ တောင်ဘက်ခြမ်းမှာက ကျနော်တို့ မိုင်းကွင်းရှိတယ်။ အဲဒီမိုင်းကွင်းကို သူတို့က ကျော်သွားတော့ ကျနော့်ရဲ့နီးစပ်ရာ မဟာမိတ်အဖွဲ့တွေကို လှမ်းခေါ်ပြီးတော့မှ လက်နက်ကြီးတွေနဲ့ ပစ်ခဲ့တယ်”

စစ်တပ်က ၄ ကြိမ်မြောက်မီးရှို့ခဲ့တဲ့ သာဂရရွာ

“မနေ့က ရွာထဲမှာ သူတို့ရဲ့ခွေးအလောင်းတွေကို မီးရှို့တယ်။ ရွာထဲမှာရှိတဲ့ ဘုန်းကြီးကျောင်းက မှန်ဗီဒိုတွေလည်း ရိုက်ခွဲသွားတယ်။ ရွာထဲမှာရှိတဲ့ ရွာသားတွေရဲ့ နေအိမ်တွေကိုလည်း ဖျက်ဆီးသွားတယ်။ တခုမှ ရစရာမရှိအောင် လုပ်သွားတယ်။ မွှေလည်းမွှေနှောက်သွားကြတယ်။ အခုရွာထဲကို အိမ်ထောင်စု တရာလောက်ကတော့ ပြန်ရောက်ပြီ”

ညောင်ပင်ကြီးရဲစခန်းရှိ စစ်အုပ်စုက လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသားတဦး သေဆုံး

"ညောင်ပင်ကြီးရဲစခန်း ပစ်ခတ်ခံရပြီးနောက်ပိုင်းမှာ ရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာမျိုးတွေ လုပ်တယ်။ မနေ့က လက်နက်ကြီးထိမှန်ပြီး သေဆုံးသွားတဲ့သူရဲ့ အလောင်းကို ပြန်မရသေးပါဘူး၊ ထိခိုက်ဒဏ်ရာရသွားတဲ့ ၂ ယောက်ကိုလည်း ဆေးရုံကို ပို့ပေးထားပါတယ်"

ခင်ဦးမြို့နယ်၊ ကံသစ်ရွာကို စစ်တပ်က ၅ ကြိမ်မြောက်မီးရှို့၊ စုစုပေါင်း နေအိမ် ၃၀၀ ကျော်ပျက်စီးခဲ့

“သူတို့ရွာထဲကနေ ပြန်ထွက်ချိန်မှာ အိမ်တွေကို မီးရှို့တယ်။ ရွာထဲကနေအိမ် ၃၁ လုံးမီးလောင်သွားတယ်။ ဖမ်းဆီးခံရတဲ့ သူတွေတော့ မရှိပါဘူး၊ ရွာထဲကိုလည်း ရွာသားတချို့ပဲ ဝင်သေးတယ်”

ပခုက္ကူက စစ်ကောင်စီဂိတ် ၂ ခု ကို PDF က တပြိုင်တည်းတိုက်ခိုက်

“သူတို့ ဂိတ်စခန်းကိုမသိမ်းနိုင်ပေမဲ့ စစ်*** ၇ ယောက်ပွဲချင်းပြီးသေပြီး ၂ ယောက်က ဆေးရုံမှာသေတယ်လို့ အတွင်းသတင်းက ကြားသိရတယ်။ အဲဒီ ပန်းတိုင်ရွာပြင်စခန်းမှာက စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ယောက်လောက်ဘဲရှိတယ်”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10