Nan Khan

ဝက်လက်မှာ စစ်တပ်က ရွာ ၂ ရွာကိုမီးရှို့ပြီး အမျိုးသားတဦးကို သတ်ခဲ့

အင်အား ၇၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းက သာလိုင်းရွာထဲကို မနက် ၈ နာရီလောက်မှာ ဝင်ရောက်မီးရှို့ခဲ့ပြီးနောက် ကျန်းမာရေးမကောင်းလို့ ရွာကနေမတိမ်းရှောင်ဘဲ ကျန်နေခဲ့ရတဲ့ အသက် ၆၀ အရွယ် ဦးသံချောင်းကို သေနတ်နဲ့ပစ်သတ်ခဲ့တာပါ။

ထိတွေ့ပစ်ခတ်မှုမရှိဘဲ ခင်ဦးနယ်၊ ဝါးရုံကုန်းရွာကို စစ်တပ်က မီးရှို့

“အဲ့ဒီစစ်ကြောင်းက ရွှေဘိုကနေလာတဲ့ စစ်ကြောင်းပါ။ အခုချိန်ထိတော့ မီးထဲ နေအိမ် ၁၀ လုံးလောက်ပါသွားတယ်လို့ ကြားတယ်။ ရွာသားအများစုကတော့ တောထဲမှာ နေနေတုန်းပဲ တချို့တဝက်ပဲ ရွာထဲကိုပြန်ဝင်သေးတယ်”

မုံရွာ နမခ ဌာနချုပ်ကို PDF က ရှော့တိုက်ဒုံးနဲ့ပစ်ခတ်

“ကျနော်တို့ နမခ**ခြံကို သွားရောက်ပစ်ခတ်တာ အခုနဲ့ဆို ၇ ကြိမ်ရှိပါပြီ။ မနေ့ကပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးတာနဲ့ ဒဏ်ရာရတာတွေကို စုံစမ်းနေတုန်းပါ။ သူတို့( စစ်ကောင်စီ)ဘက်ကလည်း ကျနော်တို့ကို ၆၀ မမ တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပါတယ်”လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိ ကိုအောင်ကျော်က မြေလတ်အသံကို ပြောပါတယ်။

မိုင်းရှင်းဖို့လာတဲ့ စစ်အုပ်စုက မုံရွာနယ်၊ မအူရွာက နေအိမ်တွေကို မီးရှို့ခဲ့

“ပြာဖြစ်သွားတာကတော့ နေအိမ် ၉ လုံး၊ တလုံးကတော့ မီးလောင်နေတုန်းပေါ့။ ရွာသားတချို့လောက်ပဲ ရွာထဲကိုဝင်တယ်။ တချို့ကတော့ အခုလိုမီးလောင်းသွားတာတွေကို မကြည့်ရက်လို့ ရွာထဲကို မဝင်ကြသေးဘူး” လို့ မုံရွာမြို့ခံတဦးဖြစ်တဲ့ ကိုအောင်အောင်က မြေလတ်အသံကို ပြောပါတယ်။

စစ်တပ်က လက်နက်ကြီးနဲ့ ရမ်းပစ်လို့ မအူရွာက အမျိုးသမီးတဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

“PDF အဖွဲ့ကသွားပစ်လို့ စခတွေထိပြီး ပြန်ပစ်တာ။ အဲ့ဒီ မိသားစုဝင်တွေကလည်း အိမ်မှာနေရင်း ထိကုန်တာ။ ရွာထဲက လူတော်တော်များကတော့ ထွက်ပြေးကုန်ပြီ၊ အနည်းစုလောက်ပဲ ရွာမှာကျန်ခဲ့တယ်”

အရာတော်က စစ်အခြေခံလေ့ကျင့်ရေးတပ်ကို ၁၀၇ မမ ရှော့ဒုံးနဲ့ သွားရောက်ပစ်ခတ်

“ တပ်ထဲကျပေမယ့် အထိခိုက်အကျဆုံးစာရင်းကိုတော့ မသိရသေးဘူးဗျ ။ အဲ့ဒီတပ်ကို အရင်ကလည်း သွားရောက်ပစ်ခတ်တာမျိုးတွေ ရှိပါတယ်။ အခုလိုသွားရောက်ပစ်ခတ်တာကလည်း သူတို့က ကျေးရွာကို စစ်ကြောင်းထိုးပြီး မီးရှို့နေတဲ့အတွက် သွားရောက်ပစ်ခတ်ခဲ့တာပါ”

ပခုက္ကူမြို့အဝင် လမ်းပိုင်း ၄ ခုကို စစ်တပ်ကပိတ်ထား

“ မြိုင်ဘက်မှာ မနက်ဖြန် ၁၁ ရက်နေ့က စပြီး လမ်းတွေပိတ်မယ်လို့‌ကြားတယ်။ ဒီနေ့အထိတော့ လမ်းပိုင်းတွေပေါ်မှာသွားလို့ လာလို့ရသေးတယ်။ ဆန်တွေဘာတွေသယ်တာတွေက အရင်ထဲကကန့်သတ်တာတွေရှိတယ်။ ခုက ဖြတ်လေးဖြတ်ပုံစံမျိုးလုပ်မယ်လို့လည်း ကြားနေတယ်”

သားကျင်ရွာမှာ အထိုင်ချထားတဲ့စစ်တပ်က ရွာခံတွေကို မျိုးစုံအနိုင်ကျင့် နှိပ်စက်နေ

“သူတို့ (စစ်ကောင်စီ)က ရွာထဲကနေထွက်သွားလိုက်၊ ပြန်ဝင်လာပြီး တပ်စွဲလိုက် အဲ့လိုမျိုးတွေ လုပ်နေတာ။ သူတို့ရွာထဲပြန်ဝင်လာပြီဆို လမ်းမှာတွေ့တဲ့လူတိုင်းကို စစ်တယ်၊ ရိုက်တယ်။ ငွေတွေ တွေ့ ရင်ယူသွားတယ်။ ဖုန်းတွေလည်း ယူသွားတယ်။ ရွာသားတွေကို ဖမ်းဆီးတာမျိုးတွေလည်း လုပ်တယ်”

ပဲခူးမြို့ပေါ်မှာ PDF ရောက်နေတယ်သတင်းထွက်လို့ အရန်မီးသတ်ဗိုလ် ကိုသန့်ဦးဆောင်ပြီး ကင်းလှည့်

“လက်နက်တွေက အတိုရော၊ အရှည်တွေရော ကိုင်ထားကြတယ်။ သူတို့ကင်းလှည့်တာ စစ်သားနဲ့ ရဲတွေတောင် မပါဘူး။ ကိုသန့်ဆိုတဲ့ သူကပဲ ဦးဆောင်တယ်။ သူက ပဲခူးမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဆိုပြီးတော့လည်း ဖွဲ့ထားတယ်။ အဲ့အဖွဲ့ရဲ့ခေါင်းဆောင်ဆိုလည်းဟုတ်တယ်”

ရဲစခန်းရှေ့ထိ PDF က ဝင်ပစ်လို့ ရဲ ၃ ဦး သေဆုံးပြီး စခန်းမှူးမိန်းမအပါ ၅ ဦးဒဏ်ရာရ

“သူတို့ပိုက်ဆံကောက်နေတာကို ကျနော်တို့ကဝင်ပစ်တာ။ အဲဒီနေရာမှာပဲ ၃ ယောက်သေသွားတယ်။ ထိခိုက်တဲ့အထဲမှာ ပြည်သူတဦးပါသွားတော့ ကျနော်တို့ စိတ်မကောင်းပါဘူး။ ကျနော်တို့ ပစ်ခတ်ချိန်က ၃ မိနစ်လောက်ပဲ ကြာပါတယ်။ အခုလို ဇီးကုန်းရဲစခန်းကို သွားပစ်တာကလည်း ပထမအကြိမ်ပါ”

ပျူရွာကို ကင်းထောက်သွားတဲ့ ကာကွယ်ရေးအဖွဲ့ဝင်တဦး မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရ

“တပ်စိပ်လိုက်သွားတာ သူကရှေ့ကနေသွားတော့ သူတယောက်ပဲ ထိသွားတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး၊ မေးစေ့ကလည်း အထဲထိတော့ပေါက်ထွက်မသွားဘူး။ ခြေထောက်ကတော့ ဖြတ်ပစ်ရမလား၊ စတီးရိုးလောက်နဲ့ရမလား မသိသေးဘူး” လို့ Royal Eagle People Defense Force – Pale Battalion – 1 တပ်ဖွဲ့ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

၆၁ နှစ်ပြည့် ကျောင်းသားအရေးတော်ပုံနေ့ အခမ်းအနားကို ABSDF ပြုလုပ်

ဇူလိုင် ၇ ရက် ဒီနေ့မှာကျရောက်တဲ့ ၆၁ နှစ်ပြည့် ကျောင်းသားအရေးတော်ပုံနေ့ အခမ်းအနားတခုကို ABSDF Column တပ်ဖွဲ့က စစ်ကိုင်းတိုင်းအတွင်းရှိ ချင်းတွင်းဒေသတပ်ရင်းမှာ ပြုလုပ်ခဲ့ပါတယ်။

စစ်ကောင်စီဘက်ကပစ်တဲ့ လက်နက်ကြီးကျည်ထိလို့ အမျိုးသမီးတဦးဒဏ်ရာရ

“ကောင်မလေးရဲ့နာမည်ကိုတော့ ပြောပြလို့မရပါဘူး။ အခုတော့ သူ့ကိုဆေးကုသမှုပေးနေပါတယ်။ မစိုးရိမ်ရပါဘူး အခုလည်းနဂါးတွင်းကျေးရွာက ဒေသခံတွေလည်းထွက်ပြေးနေရတယ်”

မိုခါမုန်တိုင်းကြောင့် သီးနှံတွေဆုံးရှုံးသွားတဲ့ တောင်သူတွေကို ငွေထောက်ပံ့

“အခုလိုလှူဒါန်းတာကလည်း ကျနော်တို့တွေ အပြန်အလှန်ကူညီကြတဲ့သဘောပါ။ ကျနော်တို့လိုအပ်တဲ့ စားသောက်ရိက္ခာတွေလည်း တောင်သူတွေဆီကပဲ ရသလို သူတို့အတွက်လိုအပ်သွားတဲ့ အခါကျရင်လည်း ကျနော်တို့ဘက်က ဝိုင်းပြီးကူညီရမဲ့ တာဝန်လည်းရှိတယ်။ ”

ကင်းပုန်းဝပ်ဖို့လာတဲ့ စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး ၃ ဦးသေဆုံးဟုဆို

“သူတို့စစ်ကြောင်းတွေက ပေါင်းဝမှာရောက်နေတာ။ အဲဒီစစ်ကြောင်းက ဆားလင်းကြီးထဲကို လာဖို့ အတွက် သူတို့က ကင်းပုန်းကြိုယူထားကြတာ။ ကျနော်တို့ မိုင်း ၂ ပွိုင့်ဆွဲလိုက်တော့ သူတို့ဘက်က သေဆုံးတာတွေ ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10