Nan Khan

မန်ကျည်းကန်ရွာမှာ ဖမ်းဆီးခံရတဲ့ CDM ဆရာဝန်တဦးနဲ့ ဆေးကျောင်းသူတဦးကို အကျဉ်းထောင်ပို့

“ဖမ်းဆီးခံရတဲ့ ၁၄ ယောက်ထဲမှာ ၄ ယောက်က ကျန်ခဲ့တယ်။ ဆရာဝန်နဲ့ ဆေးကျောင်းသူက ထောင်ထဲရောက်သွားပြီလို့ ကြားတယ်။ သူတို့မိသားစုတွေနဲ့ အဆက်အသွယ် ပြန်ရနေပြီ။ သူတို့ကို ပခုက္ကူထောင်မှာပဲ ပို့ထားတယ်လို့ ကျနော်တို့ထင်တယ်။ နောက်ထပ် ရဲ CDM တဦးနဲ့ ရွာ ပကဖတွေ ပျောက်နေတယ်။ ဘာသတင်းမှမရဘူး။ တချို့ကတော့ ပြောတယ်။ သူတို့ကို မြိုင်မှာ ဖမ်းထားတယ်လို့ ကြားတယ်။ အစုံပါပဲ”

ခင်ဦးနယ်မှာ စစ်ဘေးရှောင် ၁၀၀ ခန့် နေစရာမရှိလို့ မိုးရေထဲ ညလုံးပေါက် နေခဲ့ရ

"မိုးရွာတာက မနေ့က ညတညလုံး မိုးရွာတယ်။ အိမ်ထောင်စု ၂၀ လောက်က လှည်းတွေ သရက်ပင်တွေအောက်မှာ မိုးကာတွေ ခင်းပြီး၊ ကာပြီး အိပ်ရတယ်။ စာသင်ကျောင်းမှာက နေနေရတဲ့ ပြည်သူတွေကလည်း မိုးလုံပေမဲ့ ကျပ်သိပ်ပြီး နေနေရတယ်။"

ခင်ဦးနယ် မြို့သစ်ရွာကို စစ်တပ်က ၂ ရက်ဆက်မီးရှို့လို့ အိမ် ၁၀၀ နီးပါးပျက်စီး

“အိမ်ခြေက ၉၀ ကျော် ၁၀၀ နီးပါးလောက် မီးရှို့ခံလိုက်ရတယ်။ ၂ ရက်ဆိုတော့လေ။ နောက်ပြီး သူတို့ရွာထဲကနေ ပြန်ထွက်ချိန် ကျနော်တို့ ဒရုန်းနဲ့ကြည့်တဲ့အထဲမှာ ပြည်သူလို့ထင်ရတဲ့ အရပ်သား ပြည်သူ ၁ ယောက် ၂ ယောက် ဖမ်းဆီးခံသွားရတယ်လို့လည်း သိရတယ်။ သူတို့စစ်ကြောင်းထိုးလာတဲ့အချိန် မရှောင်လိုက်နိုင်လို့ အဖမ်းခံရတယ် ထင်တယ်”

စစ်အုပ်စုပစ်လိုက်တဲ့ လက်နက်ကြီးစ ထိမှန်ပြီး အမျိုးသားတဦး ဒဏ်ရာရ

“ကိုကျောက်လုံးက သူ့အိမ်မှာ ထမင်းစားနေရင်း ထိမှန်တယ်လို့ သိရတယ်။ သူရဲ့နွားတကောင်လည်း လည်ပင်းထိပြီး သေသွားတယ်။ အဲဒီတောင်ပေါ်မှာ သူတို့တွေ တပ်စွဲထားတာ ၂ လကျော်ပြီ။ အဲဒီမှာ လက်နက်ကြီးတွေ တပ်ဆင်ထားပြီးတော့ နေတိုင်းလိုလို ရွာတွေဘက်ကို ပစ်ထုတ်နေတာ”

မုံရွာ ကညနရုံး တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး (ရုပ်/သံ)

“ကျနော်တို့ သွားရောက်ပစ်ခတ်ချိန်မှာ ဝန်ထမ်းတော့မထိပါဘူး။ သူတို့က ရုံးထဲမှာမို့ပါ။ အဲဒီစခန်းထဲမှာ စကစ အင်အား ၁၀ ယောက်လောက်ရှိပါတယ်။ အဲဒီထဲမှာမှ ၂ ယောက်ကိုပစ်ခတ်ခဲ့တယ်။ အခုလက်ရှိမှာတော့ အဲဒီရုံးမှာလုံခြုံရေးတွေ ထပ်ပြီးချထားပါတယ်။ အဲဒီရုံးရဲ့ခပ်လှမ်းလှမ်းမှာလည်း လူအင်အား ၃၀ လောက်ရှိပါတယ်”

ရွှေဘိုမှာ စစ်ကောင်စီနဲ့ PDF တိုက်ပွဲဖြစ်နေလို့ ဒေသခံ ၂ ထောင်ကျော်စစ်ရှောင်နေရ ( ရုပ်/သံ)

အင်အား ၁၅၀ နီးပါးရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ရွှေဘိုမြို့ပေါ်ကနေတဆင့် တပင်ကောင်းရွာထဲကို ဝင်လာချိန် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တပင်ကောင်းရွာအနီးမှာ ထိတွေ့ပစ်ခတ်မှု တနာရီကြာ ဖြစ်ခဲ့တာ

ရဲဘော်မိုးဇီးရက်ခ်ရဲ့ တောထဲကသင်္ကြန်

အခုလည်း သင်္ကြန်ကာလ စစ်ဆင်ရေးနားနေတဲ့အချိန် ရဲဘော်တချို့က သာသနာ့ဘောင်မှာ သင်္ကန်းစည်းကြသလို စခန်းမှာကျန်ခဲ့တဲ့ရဲဘော်တွေတော့ စခန်းအတွက် မရှိမဖြစ်လိုအပ်နေတဲ့ ရေလောင်းအိမ်သာ ဆောက်လုပ်ခြင်းအပါအဝင် တခြားသောအလုပ်တွေကို စုပေါင်းကာ လုပ်အားပေးလို့နေပါတယ်။ အပင်ပေါ်တက်ပြီး သစ်ခုတ်သူက ခုတ်၊ မြေကျင်းတူးသူကတူး၊ အုတ်သယ်သူက သယ်နဲ့ တက်ညီလက်ညီ လုပ်နေကြတာဟာ တဦးပေါ်တဦး ရဲဘော်ရဲဘက်စိတ်ထားတယ်ဆိုတာကို အလုပ်နဲ့သက်သေပြသနေသလိုပါပဲ။

စလင်းမြို့တွင် စစ်ဘေးရှောင်တဲများဆောက်ရန် သက္ကယ်အမိုးများ လိုအပ်နေ

"ယာယီတဲ ၈ လုံးက တာလပတ်တွေနဲ့ ဆောက်လုပ်ထားတဲ့အတွက် မိုးဒဏ်၊ ရာသီဥတုဒဏ်ကြောင့် ဆုတ်ပြဲတာတွေဖြစ်လာတယ်။ အဲဒါကြောင့် မီးဘေးသင့်ပြည်သူတွေ ရေရှည်နေထိုင်သွားနိုင်ဖို့အတွက် သက္ကယ်မိုး မိုးပေးနိုင်ဖို့ စီစဥ်နေပါတယ်"

ဓားစားခံအဖြစ်ဖမ်းလာတဲ့ အမျိုးသား ၃ ဦးအပါ ၄ ဦးကို စစ်အုပ်စုကပစ်သတ်

“သူတို့တွေက ညောင်ပင်ကြီးတောက်လျှောက်ရွာတွေကို သေနတ်တွေဖောက်ပြီး စစ်ကြောင်းထိုးတယ်။ အဲဒီကနေထွက်လာပြီး ဆားလင်းကြီးနယ်ထဲကို ဝင်တယ်။ လမ်းရိုးအတိုင်းမသွားပဲနဲ့ လယ်ကွင်းတွေဘက်ကနေ သူတို့အရင်သွားနေကျ လမ်းကြောင်းအတိုင်း သွားကြတယ်။ ဖောင်းကတာနဲ့ မန်ကျည်းတန်းကြားထဲမှာ အဲဒီ ၃ ယောက်ကို သတ်ပစ်ခဲ့တယ်။ အဲဒီ ၃ ယောက်က တခြားနယ်ဘက်ကနေ ဖမ်းခေါ်လာတဲ့သူတွေ ဖြစ်မယ်ဗျ၊ ကျနော်တို့ဘက်ကတော့ မဟုတ်ဘူ”

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က လမ်းသွားလမ်းလာတဦးကို ပစ်သတ်သွား

“ကိုဝင်းနောင်က မြိုင်နယ်ကလို့ပဲ သိတယ်။ သူက စစ်ကြောင်းထိုးလာတာကို မသိဘူး။ အဲဒါနဲ့ ဆိုင်ကယ်ကို ဒီအတိုင်း စီးလာတာ၊ စစ်ကြောင်းနဲ့တွေ့တော့ အပစ်ခံရတာ။ သေနတ်ထိတော့ ဆိုင်ကယ်ရော လူရော လဲကျသွားတယ်။ အဲဒီအချိန် စကစတပ်တွေက အနားလာပြီး ဓားတွေနဲ့ သူရဲ့ဗိုက်ကို မွန်းပြီးသတ်သွားတယ်”

မြိုင်နယ်ထဲက နေအိမ် ၃၂ လုံးကို စစ်တပ်က မီးရှို့သွား

"မနေ့ကတည်းက ပန်းတိုင်တောင်ရွာကနေ ထွက်လာချိန် သေနတ်တွေ ပစ်ဖောက်လို့ အဲဒီရွာက စစ်ရှောင်တဦး ဆုံးသွားတယ်လို့ကြားတယ်။ ညောင်တွင်းရွာကိုတော့ ဒီနေ့မနက်မှ မီးရှို့သွားတယ်။ ရွာသားတွေတော့ ရွာထဲပြန်မဝင်ကြသေးဘူး။ ဖမ်းဆီးခံရတဲ့ ပြည်သူတွေလည်း မရှိပါဘူး"

လေပြင်းတိုက် မိုးသည်းထန်လို့ PDF စခန်းက တဲတချို့ အမိုးလန်ပျက်ဆီး

"လေတော်တော်ကိုပါတာ၊ မုန်တိုင်းတော့မဟုတ်ဘူး။ မိုးသီးတွေလည်းကျတယ်။ စခန်းက တဲကတော့ ၂ လုံး အမိုးလန်သွားတယ်။ရွာထဲမှာလည်း သစ်ပင်တွေလဲတာ အမိုးတွေလန်တာတော့ရှိပေမယ့် အိမ်တွေပျက်စီးတာလောက်ထိတော့မရှိပါဘူး" လို့ဆိုပါတယ်။

မင်းကင်းနယ်ထဲက စစ်ကောင်စီတပ် အရေးပေါ်ရဟတ်ယာဉ်ဆင်းကွင်း ၂ ခုကို ဖျက်ဆီးနိုင်ခဲ့

“မြေသားလမ်းပေါ့နော် ဘောလုံးကွင်းလုံးလုပ်ထားတဲ့နေရာမှာတော့ မီးရှို့ပြီး ဖျက်ဆီးခဲ့တယ်။ ကားလမ်းမကြီးတကြောမှာရှိတဲ့ ရဟတ်ယာဉ်ဆင်းကွင်းတခုကတော့ ကွန်ကရစ်နဲ့အခိုင်အမာပြုလုပ်ထားတာ ဖြစ်တဲ့အတွက် ကျနော်တို့ မိုင်းနဲ့ခွဲပြီး ဖျက်ဆီးခဲ့တယ်။ လောလောဆယ်ထိတော့ အဲ့ဒီနေရာတွေကို ကျနော်တို့ စိုးမိုးထားနိုင်တုန်း”

ကနီမှာ လေပြင်းတိုက်ခတ်လို့ ရွာ ၈ ရွာက အိမ်ခြေ ၁၅၀ နီးပါး ပျက်စီး

“မိုးများပြီး လေကြမ်းတာ။ လေပြင်းဝင်တာ ၈ ရွာပေါ့။ အဲ့ဒီလောက် လေကြမ်း၊မိုးကြမ်းတာ တခါမှမကြုံဖူးဘူး ပထမဆုံးပဲ။ မီးတွေလည်း ဖြတ်ခံထားရတာ ၂ ရက်ရှိပြီ။ အခုချိန်ထိလည်း မီးမလာသေး”

ထင်းခြောက်လိုက်သယ်တဲ့ ၈ နှစ်အရွယ် စစ်ရှောင်ကလေး ပိုးထိသေဆုံး

“သူတို့က စစ်ရှောင်တဲမှာ နေနေကြတာ၊ မနက်ဖြန်အတွက် ထမင်းချက်ဖို့ ထင်းသွားပွေ့တာသူ့လက်ကို အကောင်တကောင် ကိုက်လိုက်တာပဲ သိတာ။ ဘာကိုက်တယ်ညာကိုက်တယ်ဆိုတာတော့ မသိဘူး ကလေးဆိုတော့လေ။ အိပ်ယာဝင်တဲ့အချိန်မှာ ကလေးကပုံမှန်မဟုတ်တော့ သူ့အမေက မေးတော့မှ သူ့လက်ကို အကောင်တကောင် ကိုက်သွားတယ်လို့ ပြောတယ်။ အဲခါမှ ကျနော်တို့ဆီ လာပြတယ်”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10