စောကျော်ငြိမ်း

စစ်အုပ်စုက ရွာကို ဒရုန်းနဲ့ဗုံးကြဲလို့ အမျိုးသမီးတဦး သေဆုံး၊ စစ်ကောင်စီဘက်က ဒရုန်းတိုက်ခိုက်မှုတွေ လုပ်ဆောင်လာနေ

"အီနာဂါ ၄ လုံးချတာ ၂ လုံးက မကွဲပါဘူး။ အိမ်မှာထိုင်နေတုန်း နောက်ကျောဘက်ကျလို့ ကျောကုန်းတခုလုံး စုတ်ပြတ်ပြီး သေသွားတယ်။ ဒီကောင်(စစ်ကောင်စီ)တွေ အရမ်းကိုဆိုးသွမ်းနေတာ ကြာပြီ။ မီးရှို့ခံရလို့ အကုန်လုံး ပြောင်နေပြီ။ ပျူနဲ့စစ်သားတွေ ရက်စက်လွန်းပါတယ်" လို့ ရွာသားတဦးက ပြောပါတယ်။

ဧရာဝတီမြစ်ရေတက်လာလို့ ရေလယ်ကျွန်းက စစ်ရှောင်ပြည်သူ ၃၀၀ ကျော် စားဝတ်နေရေး အခက်ကြုံနေ

"ရေတက်လာတော့ စားဖို့နဲ့နေဖို့ ပိုခက်ခဲလာတယ်။ ကျွန်းရေမြုပ်ရင် နေဖို့က ဘယ်လိုမှအဆင်မပြေတော့ဘူး။ ကုန်းမြင့်တဲ့နေရာတွေ ရွေ့နေရဖို့ပဲရှိမယ်။ စစ်ရှောင်ရင်းနဲ့အနီးနားကရွာမှာ သီးပင်စားပင်တွေစိုက်ထားတာ စားရတာပေါ့" လို့ စစ်ရှောင်ရွာသားတဦးက ပြောပါတယ်။

ပေါက်နယ်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ ရန်ပြုနေလို့ ဒေသခံတွေ စိုက်ပျိုးရေးကောင်းစွာလုပ်ခွင့်မရ

"စစ်ကြောင်းဝင်လာရင်လည်းပြေးကြ ပြန်စိုက်ကြနဲ့ လုပ်နေရတယ်။ အထုပ်အပိုးတွေ အဆင်သင့် ပြင်ဆင်ထားရတယ်။ သူတို့ဝင်ချင်သလိုဝင်နေကြတာဆိုတော့ ရန်ပြုမှာစိုးရိမ်နေရတယ်"

ရွာချင်းဆက်လမ်းတွေ ပျက်စီးမှုများနေလို့ ဒေသခံတွေသွားလာရခက်ခဲနေပြီး ကိုယ်ထူကိုယ်ထပြုပြင်နေရ

"ဆိုင်ကယ်ရော၊ ကားတွေပါ သွားလို့မရတော့တဲ့အထိ ဖြစ်နေတာ။ လမ်းပျက်လို့ ကားတွေလာမရတော့ တောင်သူတွေက လှည်းတွေနဲ့ ကားဝင်နိုင်တဲ့နေရာတွေ အထိသွားပို့ရတော့ အချိန်တွေကုန်၊ လုပ်ငန်း နှောင့်နှေးတာတွေရှိတယ်”

အုတ်တွင်းမှာ အရိပ်ရပင်၂၀၀ ကျော်ကို ပရဟိတအဖွဲ့နဲ့ ဒေသခံတွေ ပူးပေါင်းစိုက်ပျိုး

"သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းဖို့အတွက် ပြည်သူတွေ သစ်တောသစ်ပင်ကို တန်ဖိုးထားစေချင်တယ်။ ကျေးရွာစိမ်းလန်းစိုပြေဖို့ကိုလည်း တစိတ်တပိုင်းအထောက်ကူဖြစ်အောင်စိုက်ပျိုးဖြစ်တာပါ။ နောက်ထပ်လည်း သစ်ပင်တွေ ထပ်မံလှူဒါန်းစိုက်ပျိုးသွားမှာပါ" လို့ Save The Trees အဖွဲ့မှ ကိုကျော်သူရ က ပြောပါတယ်။

NUG ကြားကာလသင်ကြားရေး ဆရာ၊ဆရာမတွေကို YFC အဖွဲ့က ရိက္ခာထောက်ပံ့

မြောင်မြို့နယ်ရှိ ရွာ ၃ ရွာအတွင်း အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ ပညာရေးဝန်ကြီးဌာနရဲ့ ကြားကာလ ပညာသင်ကြားရေးမှာ စာသင်ပေးနေတဲ့ ဆရာ/မ ၃၄ ဦးကို ဇွန်လ ၂၃ ရက်မှာ ရိက္ခာထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။

ဝက်လက်မှာ စစ်တပ်မီးရှို့လို့နေအိမ်ဆုံးရှုံးသွားတဲ့ အိမ်ထောင်စု ၁၀၀ ကို ငွေ ၂၅ သိန်းထောက်ပံ့

ဝက်လက်မြို့နယ်မှာ မေလ ၁၇ ရက်က စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့လို့ အိုးမဲ့၊ အိမ်မဲ့ဖြစ်ခဲ့ရတဲ့ ဒေသခံဦးရေ ၅၀၀ ကျော်ရှိတဲ့ အိမ်ထောင်စု ၁၀၀ အတွက် တအိမ်ထောင်လျှင် ကျပ် ၂၅,၀၀၀ နှုန်းနဲ့ စုစုပေါင်း ထောက်ပံ့ငွေ ကျပ် ၂၅ သိန်း ကူညီပေးခဲ့တယ်လို့ ဝက်လက်မြို့လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင် ကိုလွင်မိုးသန့်က မြေလတ်အသံကို ပြောပါတယ်။

မီးဘေးစစ်ဘေးရှောင် ပြည်သူတွေကို ထောက်ပံ့ဖို့ သီးနှံတွေဝယ်ယူသလို မြေငှားရမ်းပြီး ထပ်မံစိုက်ပျိုး

"အရင်ဦးဆုံး ၃ ဧကစိုက်မယ်။ ကွင်းဆင်းလုပ်နေကြပြီ။ စိုက်လက်စကျောက်ဖရုံခင်းနဲ့ ခရမ်းခင်းကို ငွေချေလိုက်ပါတယ်။ အသီးတွေလည်း ခူးပြီးပြီ။ အပြတ်ဝယ်လိုက်တဲ့ သဘောပါ။ အခုခရမ်းအပင် ၈၀၀ ကျော်စိုက်ထားပါပြီ"

စစ်ဘေးရှောင်တွေအတွက် ရေတွင်းတူးရာမှာ ကူဖို့သွားတဲ့ S&C အဖွဲ့ဝင်တဦးကို စစ်ကောင်စီက ဖမ်းဆီးထား

"အဖွဲ့သားတွေအဖမ်းခံရတာ ဒါကပထမဦးဆုံးအကြိမ်ပါ။ ၂၁ ရက်နေ့ နေ့လယ်ပိုင်းက ယင်းမာပင်ဘက်မှာ အဖမ်းခံရတာပါ။ လမ်းစစ်ဆေးရေးဂိတ်မှာ ဖမ်းမိတာ။ ဆိုင်ကယ်၊ ဖုန်းနဲ့ ငွေအနည်းငယ် ပါသွားပါတယ်"

ပေါက်မှာ ပျက်စီးနေတဲ့ ရေသွင်းမြောင်းတွေကို တနိုင်တပိုင်ပြုပြင်နေပြီး စက်အားနဲ့ပြင်မှ မိုးစပါးမီမယ်လို့ဆို

" စိမ့်စမ်းရေတွေကို မြောင်းကနေရေသွင်းစိုက်ရတာပါ။ မုန်တိုင်းမိုးကြောင့် ရေမြောင်းတွေပျက်ကုန်တယ်။ စရိတ်တွေကြီးလို့ တောင်သူတွေအနေနဲ့ ပြင်ဖို့ မတတ်နိုင်ကြဘူး။ ခုချိန်မှာစက်နဲ့ ကူညီပြီးပြင်ပေးနိုင်ရင် စပါးစိုက်ဖို့အဆင်ပြေနိုင်တယ်"

ဒီပဲယင်းက မီးဘေးသင့်အိမ်ထောင်စု ၅၀၀ ကို သိန်း ၆၀၀ ကျော်ထောက်ပံ့

"စစ်ရှောင်တွေကို အဖွဲ့အစည်းတွေက လှူတာပါ။ အလှူရှင်တွေက မီးဘေးသင့် ပြည်သူတွေအတွက် လိုအပ်တဲ့ ရိက္ခာ၊ အမိုးအကာ၊ အသုံးအဆောင်နဲ့ ကျန်းမာရေးအတွက် ဝယ်ယူဖို့ ငွေသားလှူပေးခဲ့တာ”

စလင်းမှာ PDF ရဲဘော်တွေ လုံခြုံရေးယူပြီး လူထုစုပေါင်း ပန်းသပိတ် ပြုလုပ်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ ပြည်သူတွေစုပေါင်းပြီး၊ လမ်းလျှောက်ကာလူထုစုပေါင်း ပန်းသပိတ်ကို မနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့တယ်လို့ မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်း၊ စလင်း PDF တပ်ဖွဲ့ထံက သိရပါတယ်

ယင်းမာပင်နဲ့ ကျွန်းလှနယ်က ပန်းသပိတ်နဲ့ အာဏာရှင်ဆန့်ကျင်ရေးသပိတ်

"စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့အနေနဲ့ ဒေသတွင်း သပိတ်စစ်ကြောင်းတွေပူးပေါင်း ဆန္ဒထုတ်ဖော်ခဲ့တာပါ။ အမေစုရဲ့ ၇၈ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အနေနဲ့ ဒေသတွင်းကတော်လှန်ရဲဘော်တွေက အကြိုပန်းသပိတ် လုပ်ခဲ့ပါတယ်"

သဲကုန်းနဲ့ နတ္တလင်း မြို့တို့မှာ ပန်းသပိတ်ပြုလုပ်

"ပြည်သူလူထုအနေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ခဲ့တာ သွေးအေးသွားမှာဆိုးတယ်။ ပြည်သူတွေရဲ့နိုင်ငံရေး နိုးကြားတက်ကြွမှုတွေကို အမြဲရှင်သန်နေအောင် လှုံ့ဆော်ချင်တဲ့ရည်ရွယ် ချက်နဲ့ ပန်းသပိတ်ကို ပါဝင်လုပ်ခဲ့ရတာ"

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အတွက် သပိတ်ကျင်း ပကဖ ရဲဘော်တွေ ပန်းသပိတ်ပြုလုပ်

"လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့်မွေးနေ့မှာ မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမေစုနဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံးကို ဂုဏ်ပြုလေးစားသောအားဖြင့် သပိတ်ကျင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က လွမ်းစိတ်နဲ့ အောင်နမိတ်ရည်ရွယ်ကာ ပန်းသပိတ်ပြုလုပ်ခဲ့တာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10