စောကျော်ငြိမ်း

ပန်းသပိတ်မှာ လုံခြုံရေးအသိ၊ သတိရှိစွာနဲ့ ပြည်လုံးကျွတ်ပါဝင်ကြဖို့ ဒေါက်တာတေဇာဆန်းပြော

"ပန်းသပိတ်က ဘာကိုရည်ရွယ်ရသလဲဆိုရင် စစ်အာဏာရူးတွေက ကျနော်တို့ပြည်သူတွေကို ကြောက်ရွံတုန်လှုပ် သွေးပျက်သွားစေချင်တယ်။ ဒါကြောင့် နည်းလမ်းပေါင်းစုံနဲ့ အကြမ်းဖက်ပြီး ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်၊ ရွာတွေကို မီးရှို့နေတယ်။ ဒါပေမယ့်ကျနော်တို့ ပြည်သူတွေရဲ့ တော်လှန်သွေးက ရဲရဲနီတယ်။ သွေးကြောင်မသွားဘူး။ ကျနော်တို့က ဖိလေကြွလေဖြစ်တယ်။ တော်လှန်နေတဲ့ ပန်းတွေရဲရဲနီပြီး ဖွေးဖွေးလှုပ်လို့ 'ဗေဒါပျံအံကိုခဲ ပန်းပန်လျက်ပဲ' ရှိတယ်ဆိုတဲ့ ပြည်သူတွေဖြစ်တယ်ဆိုတာ ပြချင်တာ"

ဆားလင်းကြီးက စစ်ရှောင်ပြည်သူ ၃,၀၀၀ ကျော် စားဝတ်နေရေးအတွက် အခက်ကြုံနေ

"စစ်ရှောင်နေရတာ ၉ ရက်ရှိပြီ။ ယာယီစခန်းလေး၊ ငါးခုရှိပါတယ်။ တချို့တွေက လယ်ကွင်းထဲမှာ အမိုးအကာမလုံဘဲနေကျရတယ်။ စစ်ရှောင်တာရက်ကြာလာတော့ စားဝတ်နေရေးအတွက် အခက်အခဲရှိနေကျတယ်"

ဝန်းသိုမှာ ပျူစောထီးခေါင်းဆောင်အပါ ၃ ဦးကို ရှင်းလင်းပြီး လက်နက်တွေသိမ်းယူ

"ပျူခေါင်းဆောင်နဲ့အဖွဲ့ အခွန်လာကောက်မှာ သိလို့ကြိုစောင့်နေခဲ့တာပါ။ ပျူတွေဆီဆိုင်ထဲရောက်တာနဲ့ ဝင်ပစ်ခဲ့တာပါ။ သူတို့ဘက်က ပြန်မပစ်နိုင်ခဲ့ပါဘူး။ ပျူခေါင်းဆောင်အပါ ၃ ဦးနေရာမှာ ပွဲချင်းပြီးသေသွားတယ်။ လက်နက်ခဲယမ်းတွေလည်း ရခဲ့တယ်"

ပျူတွေက ကျွန်းလှနယ်ရှိ ရွာတရွာထဲ ၄ ကြိမ်မြောက်ဝင်ပြီး အိမ်တွေဖျက်ဆီး ပစ္စည်းတွေယူ

"အိမ်တွေမီးရှို့ဆိုပြီးတော့ ပြောဝင်လာတယ်။ ရွာသားတွေ ထွက်ပြေး​ကြလို့ ​သေနတ်တွေနဲ့လိုက်ပစ်တယ်။ ရွာထဲမှာ လူမရှိတော့မှ သူတို့စိတ်ကြိုက် အိမ်ကြီးအိမ်ကောင်းကို ရွေးဝင်တယ်။ သူတိုကြိုက်တဲ့ပစ္စည်းဆိုရင် အကုန်ခိုးသယ်ကြတယ်"

ဝက်လက်က မီးဘေးရှောင် အိမ်ထောင်စု ၁၀၀ ကျော်ကို ရိက္ခာထောက်ပံ့

"မီးဘေးသင့်ပြည်သူတွေ စားဖို့ခက်ခဲနေလို့ ထောက်ပံ့ပေးတာပါ။ ကျနော်တို့အဖွဲ့က ပြည်သူတွေနဲ့ တသားတည်း ရှိနေတာပါ။ ပြည်သူတွေ ဒုက္ခရောက်နေလို့ နိုင်တဲ့ဘက်က ကူညီရတာပါ။ တခြားမီးဘေးသင့် ပြည်သူတွေကိုလည်း အခက်အခဲရှိနေလို့ လှူဒါန်းပေးကြပါ"

စစ်ကောင်စီကို မိုင်းခွဲအပြီး တခြားမိုင်းတွေပါ ရှော့ဖြစ်ကွဲလို့ PDF ၆ ဦးဒဏ်ရာရ ဆေးကုသဖို့ ငွေလိုအပ်နေ

" စစ်သားတွေပါလာတဲ့ Light Truck ကားကို တခြားရွာသွားမှာ စိုးလို့မိုင်းခွဲ တိုက်ခဲ့တာဗျ။ မိုင်းခွဲပြီး အပြန်မှာ တခြားမိုင်းတွေရှော့ဖြစ်ပြီး ပေါက်ကွဲကုန်တာ။ ရဲဘော် ၆ ဦးဒဏ်ရာရတယ်။ ၃ ဦးကဒဏ်ရာပြင်းတော့ စိုးရိမ်ရတယ်။ ဆေးကုပေးဖို့ ငွေကြေးလိုနေပါတယ်"

မုံရွာ-အမြင့်လမ်း ကျေးရွာမှာ နယ်မြေမအေးချမ်းတဲ့ကြားက လူထုဟောပြောပွဲ ပြုလုပ်

" နယ်မြေမအေးချမ်းတော့ သပိတ်စစ်ကြောင်းတွေ မထွက်ဖြစ်လို့လုပ်တာပါ။ ပြည်သူတွေသိဖို့လိုတဲ့ လက်ရှိနိုင်ငံရေး၊ တော်လှန်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ သဘောတရားတွေကို ပြောပြတာဖြစ်တယ်။ ပြည်သူတွေနားလည်ပါဝင်လာမှ တော်လှန်ရေးက ပိုအားကောင်းလာမှာပါ"

ဆားလင်းကြီးက စစ်ရှောင်ပြည်သူ ၅၀၀ ကျော်ကို နှစ်ရက်ဆက် အာဟာရဒါန ကျွေးမွေး

"စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ ယာယီစစ်ဘေးရှောင်မဟုတ်ဘဲ ရက်ရှည်မယ့်အနေထားမှာရှိနေပါတယ်။ စားသောက်ရေး အခက်ခဲလည်းဖြစ်နေလို့ ကျွေးမွေးဖြစ်တာပါ။ စကစ အနေနဲ့ကလည်း ရွာတွေကို ဆက်တိုက်မီးရှို့နေပါတယ်"

ဆားလင်းကြီးတွင် သေဆုံးသွားတဲ့ ဦးဗန့်ဂျီအတွက် ဆုတောင်းသပိတ်ပြုလုပ်

"ကိုဗန့်ဂျီဟာ စစ်တပ်ရဲ့ လူမဆန်စွာသတ်ဖြတ်တာခံခဲ့ရတယ်။ နေ့လည်ပိုင်းက မီးရှို့သဂြိုဟ်ခဲ့ပြီ။ အဲဒါနဲ့ပတ်သက်ပြီးကျဆုံးခဲ့တဲ့ အာဇာနည် ကိုဗန်ဂျီအတွက် ဆုတောင်းပွဲလုပ်ဖြစ်တာပါ"

စဥ့်ကူးက စစ်ရှောင်အိမ်ထောင်စု ၂၀၀ အတွက် လွတ်လပ်သောထောက်ပို့အဖွဲ့က ရိက္ခာထောက်ပံ့

"ရွာတွေမှာ အိမ်မရှိကြတော့ဘူး။ တချိူ့ဆို အဝတ်တထည် ကိုယ်တခုနဲ့နေကြရတယ်။ ဆန် ဆီ ကြက်သွန်လေးလှူတာတောင် ပြုံးပျော်နေကြတယ်။ သူတို့မှာ အိမ်မရှိတော့တာကို မေ့နေသလို တွေ့ရတော့ စိတ်မကောင်းဖြစ်ရတယ်။ စားဖို့နေဖို့ဝတ်ဖို့ ဘာမှကိုမရှိလို့အခက်အခဲ ဖြစ်နေကြတာ"

ယင်းမာပင်မှာ PDF ရဲဘော်ဆေးမှူးက တကိုယ်တော် ဆေးကုသနေပြီး ဆေးဝါးပစ္စည်းတွေလိုအပ်နေ

"ရဲဘော်တွေလိုအပ်ချက်တွေကို ပြည်သူတွေအဆင်ပြေတုန်းက ကူညီပေးခဲ့တယ်။ အခုပြည်သူတွေ ဒုက္ခအခက်အခဲရောက်နေတော့ ဥပက္ခာမပြုနိုင်ပါဘူး။ ကျနော်တတ်နိုင်တဲ့အပိုင်းက ဆေးကုသစောင့်ရှောက်ပေးသွားမယ်"

ပြည်မြို့မှာ ဆိုင်ကယ်စီးနင်းသူတွေကို စစ်ဆေးပြီး လိုင်စင်မရှိပါက ငွေ သိန်းချီတောင်း

"မနေ့က ကိုးသောင်းနားမှာ ကောင်လေးတယောက် အဖမ်းခံရတယ်။ ဆိုင်ကယ်ပစ္စည်းလာဝယ်ရင်း အဖမ်းခံရတာ။ ဆိုင်ကယ် လိုင်စင်မရှိလို့ ၅ သိန်းတောင်းတယ်။ အဲ့ကလေးတွေ အိမ်ကငွေကြေး အဆင်မပြေကြဘူး။ ပိုက်ဆံမပေးနိုင်ရင် ထောင် ၁ လကျမယ်ပြောလို့ ငွေရှာနေကြတယ်"

မုံရွာ PDF တွေကို လူထုဆက်ဆံရေး ကျင့်ဝတ်အပါအဝင် စစ်ရေးမွမ်းမံသင်တန်းတွေ ပို့ချ

"ကျနော်တို့ PDF ဆိုတာ ပြည်သူကမွေးဖွားလာတဲ့ ပြည်သူ့ရဲဘော်တွေပါ။ လက်နက်ခဲယမ်းကအစ ပြည်သူက ဝယ်ပေးထားတာ။ ပြည်သူကို မျက်နှာမမူဘဲ ပြန်နှိပ်စက်တဲ့လုပ်ရပ်မျိုးကတော့ လက်မခံနိုင်ပါဘူး။ ဒါကလည်း အဖွဲ့ငယ်လေးတွေမှာ ဖြစ်နေတာတွေ့ရပါတယ်။"

ပခုက္ကူက ဆန်သယ်ယူတာကို စစ်တပ်ကဖမ်းဆီးသိမ်းနေလို့ ပေါက်ဒေသခံတွေ စားနပ်ရိက္ခာ ခက်ခဲလာ

"ပေါက်နဲ့ ပခုက္ကူကြားက ဘုရားတောင်မှာ စစ်တပ်ဂိတ်စခန်းရှိတယ်။ ပေါက်တောင်ပိုင်းကပစ္စည်းဆိုရင် သယ်တာလက်မခံဘူး။ ဆန်ဝယ်ရင် ငွေကြိုပေးရတော့ သိမ်းခံရရင် ငွေရောဆန်ပါဆုံးတယ်။ တချို့သူတွေကရွာထဲမှာရှိတဲ့ ဆန်ပဲဝယ်စားရတာလည်းရှိတယ် "

ဂန့်ဂေါနယ်မှာ စစ်ကောင်စီတပ်နဲ့ PDF တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး

"ရွာအရှေ့ဘက်ကုန်းပေါ်ကနေ အပိုင်စောင့်ပစ်တာ။ ကျနော်တို့ဘက်ကတော့ ထိခိုက်တာမရှိသေးဘူး။ ကျနော့်ရဲဘော်က စနိုက်ပါရိုင်ဖယ်နဲ့ပစ်လိုက်တာ စစ်သားနှစ်ယောက်သေတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10