စောကျော်ငြိမ်း

ရေပန့်ပြင်ဖို့ ဆိုင်ကယ်နဲ့သွားတဲ့ ရဲ ၁ ဦး လမ်းမှာပစ်သတ်ခံရ

"သတင်းကြိုရလို့ ကျနော်တို့အဖွဲ့ကစောင့်နေတာ။ ဆိုင်ကယ်နဲ့တယောက်တည်းလာတာ။ လမ်းဆုံးနားအရောက်မှာ ပစ်ခတ်ကျတာ၊ ခန္ဓာကိုယ်ရဲ့ရင်ဘတ်ကိုပစ်ခဲ့တာ၊ ပွဲချင်းပြီးသေတာပဲ"

စခန်းစီးနင်းမီးရှို့ခံရပြီးနောက် ရေစကြိုတောင်ပိုင်း PDF စားနပ်ရိက္ခာအခက်အခဲ ကြုံတွေ့နေ

"လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲက စားနပ်ရိက္ခာအတွက် အရေးတကြီး လိုအပ်နေတာပေါ့။ အစားအသောက်အတွက်က အမြဲလည်း ခြိုးခြံချွေတာပါတယ်။ ပြည်သူတွေ အဆင်မပြေဖြစ်နေတာလည်း သိပါတယ်။ အတော်ကိုစားဖို့အတွက်ခက်ခဲနေလို့ပါ။ NUGတို့ MODတို့ဆီကလည်း ဘာထောက်ပံ့တာမှမရပါဘူး”

NUG နဲ့ PDF ကိုထောက်ခံသူဆိုပြီး အဖမ်းခံထားရသူ ၂ ဦးကို အကြမ်းဖက်ပုဒ်မနဲ့ ထောင်ချ

"စစ်ကောင်စီဘက်က NUG နဲ့ PDF တွေကို အားပေးထောက်ခံတယ်ဆိုပြီးထောင်ချတာက မတရားတဲ့ လုပ်ရပ်ဖြစ်တယ်၊ ဘာသက်သေမှလည်း မရှိဘူး၊ ဒီလိုမတရားထောင်ချတာကို ကန့်ကွက်ရှုတ်ချပါတယ်"

နွားထိုးကြီးက ရဲတပ်ကြပ်တဦး သေနတ်နဲ့ ပစ်ခံရပြီး သေဆုံး

“ကျနော်တို့အဖွဲ့ ကင်းပတ်နေတုန်း ထန်ဇင်းရွာအနားမှာ တွေ့တာ၊ လက်နက်မပါဘူးဗျ။ ဆိုင်ကယ်ရပ်ဖို့ ပြောတာကို မောင်းပြေးလို့ ကျနော်တပ်ဖွဲ့တွေ ပစ်ခတ်ရှင်းလင်းခဲ့တာပါ။ အဖွဲ့လိုက် ပစ်တာဆိုတော့ ဘယ်နှစ်ချက်ပစ်မိသလဲတော့ မမှတ်မိပါဘူး”

သာယာဝတီမြို့ NLD ပါတီရုံးကို စစ်အုပ်စုက ဝင်ရောက်ဖျက်စီး

“ရုံးရှေ့က ခရိုင်၊မြို့နယ် ပါတီဆိုင်းဘုတ်၊ လွှတ်တော်ကိုယ်စားလှယ်ရုံးဆိုင်းဘုတ်၊ အလံတိုင်တွေကို ဖျက်စီးတယ်။ ရုံးထဲက ပါတီအမှတ်တံဆိပ်ပါတဲ့ပစ္စည်းတွေ ဖျက်စီးတယ်။ အမေစု(ဒေါ်အောင်ဆန်းစုကြည်) ဓာတ်ပုံကို ခြေထောက်တွေနဲ့နင်းပြီး ဖျက်စီးတာတွေလုပ်သွားတယ်။ အသေးစိတ်ကိုတော့မသိရသေးဘူး။ ခုလည်းပါတီရုံးနားမှာ ဓာတ်ပုံရိုက်လို့မရအောင် ကင်းပုန်းဝပ်နေတယ်”

ချောင်းဦးနယ်က မီးရှို့ခံရတဲ့ရွာနှစ်ရွာကို NUG က ငွေကြေးထောက်ပံ့

"မီးရှို့ခံရတာက ၃ လကျော်ပြီ။ ကျနော်တို့အဖွဲ့ကို ရွာခံဦးဆောင်သူတွေက အကူအညီတောင်းလို့ NUG ကိုတင်ပြပေးခဲ့တာပါ။ သူတို့ဆီသွားဖို့ မလွယ်လို့ လုံခြုံတဲ့နေရာမှာ တွေ့ ဆုံပြီးတော့ ထောက်ပံ့ငွေကို တဆင့်ပေးခဲ့ပါတယ်"

စစ်ရှောင်စခန်းတွေမှာ သောက်သုံးရေရဖို့ S&C အဖွဲ့က ရေတွင်းရေကန်တွေတူးဖော်ပေးနေ

"၂ လပိုင်းက ရေတွင်းစတူးတာ၊ ၂ လခွဲလောက်ကြာမှ ၅ တွင်းမြောက်ပြီးတယ်၊ ဒီထက်မက ပိုပြီးသင့်တာ၊ ဘတ်ဂျက်လိုအပ်ချက်လည်းရှိတော့ နည်းနည်းချင်း စုနေရတာပါ၊ စစ်ဘေးရှောင်ပြည်သူတွေ ရေအတွက်ဒုက္ခရောက်နေလို့ တူးဖြစ်တာပါ၊ တူးပြီးသား ရေတွင်း၊ ရေဘုံဘိုင်၊ ရေကန်တွေကိုလည်း ဒေသခံတွေအတွက် လုပ်ပေးထားခဲ့မှာပါ"လို့ ပြောပါတယ်

အိမ်စီးကားနဲ့လာတဲ့ စစ်ကောင်စီတပ်တွေ မိုင်းဆွဲခံရလို့ ၁ ဦးသေ ၃ ဦးပြင်းထန်ဒဏ်ရာရဟုဆို

"စကစတွေလာမယ်ဆိုတာကြိုသိလို့ လမ်းဘေးမှာပဒေသာမိုင်းထောင်ထားတာပါ။ ၁ ယောက်သေ၊ ၃ ယောက်ဒဏ်ရာရတယ်လို့သိရတယ်။ ကတ္တရာလမ်းဆိုတော့ လမ်းကြောဘေးမှာကပ်ထောင်ရတော့ ကားထိခိုက်မှုနည်းတယ်။ မြေသားလမ်းမှာ ပဒေသာမိုင်းထောင်ရင် လမ်းအလယ်မှာမြုပ်လို့ရတော့ ကားတွေပါလွင့်ထွက်နိုင်တယ်” လို့ ပြောပါတယ်။

နှောကန်ရဲစခန်းတိုက်ပွဲမှာ သေဆုံးခဲ့တဲ့ PDF အတွက် ဂုဏ်ပြုကျောက်တိုင် ပြုလုပ်ပေး

"စခန်းသိမ်းတိုက်ပွဲမှာ ခေါင်းကို ကျည်ထိလို့ ကျခဲ့တာပါ။ Body က မရခဲ့ပါဘူး။ Battle ထပ်ဖြစ်လို့ ထားခဲ့လိုက်ရတယ်။ ကျဆုံးတဲ့နေ့က သက်ပျောက် ဆွမ်းသွပ်ခဲ့တယ်။ အမြဲတမ်းတက်ကြွနေတဲ့ ကလေး တယောက်ပါ"

မြင်းခြံမှာ စစ်တပ်စစ်ဆေးရေးဂိတ်နဲ့ ပျူရွာမှာ တပ်စွဲထားတဲ့စစ်အုပ်စု တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများဟုဆို

"ပျူနဲ့စစ်သားတွေမရှိချိန် သူတို့ကင်းပုန်းဝပ်တဲ့ဇရပ်မှာ မိုင်းထောင်ထားတာ၊ ရွာလည်မှာ ပိုက်ဆံတွေကောက်ပြီး နေပူလို့ ဇရပ်ကို ပြန်နားတော့ မိုင်းဆွဲလိုက်တာ ၈ ယောက် သေတယ်။ မိုင်းရှာဖို့ထပ်လာတဲ့ စစ်သားတွေကို နောက်တကြိမ် မိုင်းထပ်ဆွဲတော့ ၄ ယောက် သေတယ်။ ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်”

စစ်ကိုင်းနဲ့ ဆားလင်းကြီးက စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရပြီး သေဆုံးမှုများဟုဆို

စစ်တပ်က အင်းစရွာကို မီးစရှို့ကတည်းက ကျနော်တို့က တိုက်ခိုက်ဖို့သွားတာ။ စစ်တပ်နဲ့ထိပ်တိုက်သွားတိုးတော့ ကျနော်တို့က ပစ်တာ မျက်မြင်က နေရာမှာပဲ ၆ ယောက်က လဲကျသွားပြီး ၃ ဦး သေတာ ၃ ဦးက ဒဏ်ရာရရှိသွားတယ်

စလင်းမြို့က စစ်ဘေးရှောင်တွေ ဆေးဝါး၊ရိက္ခာနဲ့ အမိုးအကာတွေလိုအပ်

"ကိုယ်ဝန်ဆောင်နဲ့ လေဖြတ်ဝေဒနာဖြစ်နေတဲ့ အဘိုးအဘွားတွေကို ဘေးလွတ်ရာပို့ထားပါတယ်။ နေစရာမလောက်လို့ ယာယီတဲဆောင်တွေ ထိုးနေရတယ်။ ဆေးဝါးလည်း လိုပါတယ်။ အစားအသောက်အတွက်လည်း တတ်နိုင်သလောက် စောင့်ရှောက်ထားပါတယ်”

အညာနွေရိပ်က ဒင်းဂါးတံဆိပ်နဲ့ ရေချမ်းစင်

“ရွာရောက်တော့ ညီအကိုတွေကို ခေါ်လိုက်တယ်။ ရေတွင်းထဲက ရေကိုခပ်ပြီး အဝေးပြေးလမ်းကြီးရဲ့ လမ်းဆုံလမ်းဂွရပ်နားမှာ စတီးနှစ်ဆင့် ရေအိုးစင်နဲ့ ရေအိုးနှစ်လုံးမှာ ရေဖြည့်ပြီး ထားခဲ့လိုက်တယ်။ အဲတုန်းက အရပ်လေးမျက်နှာကိုကြည့်ပြီး ကျနော်ပြုံးလိုက်မိတယ်။ ကျနော်ဆန္ဒလေးတွေ အကောင်ထည်စဖော်နိုင်တဲ့ ပီတိပေါ့”

တကောင်းက စစ်ရှောင်တွေ ဝမ်းပျက်ဝမ်းလျော အဖြစ်များလို့ ဆေးဝါးလိုအပ်နေ

"ကလေးရော သက်ကြီးရွယ်အိုတွေ အဖြစ်များတယ်။ သောက်သုံးရေနဲ့ ရိက္ခာခြောက်တွေကူညီပေးထားပါတယ်။ ဆေးဝါးကျွမ်းကျင်တဲ့ ဆရာမတချို့ရှိပေမယ့် ဆေးဝါးမလုံလောက်ပါဘူး"

အုတ်ဖိုမြို့မရဲစခန်း လက်နက်ကြီးနဲ့ ပစ်ခတ်ခံရပြီးနောက် မြို့ခံ ၆ ဦးဖမ်းဆီးခံရ

"သကြန်အကြို့နေ့ကတည်းက ကျောင်းရှေ့ကမဏ္ဍပ်ကိုပစ်ဖို့ပါ၊ ကလေးတွေရှိနေတော့ မပစ်တော့ဘူး၊ အကျနေ့ညပိုင်းကျမှ အုတ်ဖိုရဲစခန်းထဲ တိတိကျကျ ၄၀ တလုံးပစ်ခတ်တိုက်ခိုက်ခဲ့တယ်၊ စစ်ကောင်စီဘက်က ချက်ချင်းပြန်ပစ်တယ်၊ ကျနော်တို့ဘက်က ဘေးကင်းလုံခြုံတဲ့နေရာကို ရောက်နေပါပြီ" လို့ သတင်းတာဝန်ခံ ဗိုလ်တောက်တဲ့ က ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10