ဝက်လက်ရှိ စစ်ရှောင်တွေက ဆေးကုပေးဖို့ အကူညီတောင်းခံလို့ အခမဲ့ဆေးကုသပေး
"စစ်ရှောင်တွေ ကျန်းမာရေးမကောင်းကြလို့ အကူညီပေးဖို့တောင်းဆိုတာနဲ့ ကုသပေးခဲ့တာပါ။ ဖျားနာကြတဲ့သူနဲ့ သွေးတိုးရောဂါတွေအဖြစ်များတယ်။ စိတ်ဖိစီးတာလည်းပါမယ်"
"စစ်ရှောင်တွေ ကျန်းမာရေးမကောင်းကြလို့ အကူညီပေးဖို့တောင်းဆိုတာနဲ့ ကုသပေးခဲ့တာပါ။ ဖျားနာကြတဲ့သူနဲ့ သွေးတိုးရောဂါတွေအဖြစ်များတယ်။ စိတ်ဖိစီးတာလည်းပါမယ်"
ယင်းမာပင်ခရိုင်၊ တပ်ရင်းအမှတ်- ၇ ၊ ၈ ၊ ၉ ၊ ၁၀ ၊ ၁၁ ၊ ၁၂ ၊ ၁၃ ၊ ၁၉ ၊ ၂၀ တပ် ရင်းတို့မှ အမျိုးသမီးရဲမေတွေ လိုအပ်တဲ့နေရာမှာ သုံးစွဲဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ဆိုင်ရာ ဝန်ကြီးဌာနမှ စက်တင်ဘာ ၂ ရက်က ကူညီထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။
"မနှစ်က သီးနှံပေါ်ချိန်မှာ တပိသာ ၁၅၀၀ ကျပ်ဈေးရတယ်။ အခုနှစ်မှာ တပိသာ ၂၂၀၀ ကျပ်အထိ ဈေးကောင်းရပါတယ်။ လက်လီ ပြန်ရောင်းသူတွေက တပိသာ ကျပ် ၃၀၀၀ အထိပြန်ရောင်းကြတယ် "
" ပုလဲမြို့နယ်ထဲကို အမြဲတမ်းလာရောက်စစ်ရှောင်နေရသူတွေကို မိုးကာတွေထောက်ပံ့ပေးတာပါ။ ဂန့်ဂေါ၊ ပုလဲနဲ့ ဆားလင်းကြီးနယ်က စစ်ရှောင်တွေပါ။ နေဖို့၊ စားဖို့နဲ့ ကျန်းမာရေးအတွက်ပါ အတတ်နိုင်ဆုံး လုပ်ပေးထားပါတယ်"
ဂန့်ဂေါမြို့နယ်မြောက်ပိုင်း မြစ်သာမြစ်ရဲ့ အနောက်ဘက်နဲ့အရှေ့ဘက်ကမ်းက ကျေးရွာပေါင်း ၂၅ ရွာဝန်းကျင်မှာ သြဂုတ်လလယ်ပိုင်းကစလို့ နှမ်းရိတ်သိမ်းနေကြတာဖြစ်သလို လုပ်သားရှားပါးနေတာကြောင့် ယခင်နှစ်တွေထက် လုပ်အားခတွေ ပိုပေးပြီး ခေါ်ယူနေရတယ်လို့ ဆိုပါတယ်။
ပေါက်မြို့နယ်မြောက်ပိုင်း၊ ကျေးရွာတချို့က တောင်သူတွေရဲ့မြေပဲခင်းတွေမှာ သြဂုတ်လ ၂၇ ရက်ကစလို့ PDF ရဲဘော်၊ ရဲမေတွေစုပေါင်းပြီး တပ်ဖွဲ့အတွက် အပိုဝင်ငွေရရှိအောင် မြေပဲနှုတ်တာ မြေပဲခြွေတာတွေ လုပ်ကိုင်နေကြတာလို့ ဆိုပါတယ်။
ရေနံချောင်းမြို့နဲ့ ၁၀ မိုင်ကျော်အကွာအဝေးမှာရှိတဲ့ ရုံးဆိပ်ကျေးရွာအနီးက ဆားတိုင်အုတ်ဖိုချောင်းမှာ မိုးရွာပြီးဧရာဝတီမြစ်ရေတွေ ဝင်လာတာကြောင့် ဒေသခံပြည်သူတွေ သွားလာရခက်ခဲနေတာလို့ ရုံးဆိပ်ရွာ ဆရာတော်က ပြောပါတယ်။
"အခု တတိယနှစ်ပညာသင်နှစ်ထဲမှာ ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံတွေကူညီပေးနိုင်ခဲ့တယ်။ စာသင်ဆောင် ဆောက်လုပ်လှူဒါန်းပေးနိုင်တာ ရှိပါတယ်။ ကလေးတွေကိုလည်း အာဟာရကျွေးမွေးပေးခဲ့တယ် "
"ပဲလေးမျိုးလို့ခေါ်တဲ့ ၃ လမြေပဲစိုက်တာပါ။ အထွက်နှုန်းက အရင်နှစ်လောက် မထွက်ကြဘူး။ ရာသီဥတုကောင်းပြန်တော့ စစ်ကြောင်းတွေဝင်လာလို့ အေးဆေးမလုပ်ရပါဘူး။ အခုမှနှုတ်နေကြတုန်းပါ။ အကုန်လုံးတော့ မပြီးကြသေးပါဘူး"
သြဂုတ် ၁၅ ရက် မနက် ၉ နာရီခွဲအချိန်ခန့်က အဲ့ဒီဈေးသည် အမျိုးသမီးဟာ ကျွဲနန်းရွာမှာ ဈေးရောင်းပြီး ခဏနားနေချိန် လူတစုက စစ်ဆေးစရာရှိလို့ဆိုကာ မျက်နှာကိုအဝတ်နဲ့စည်း၊ လက်ပြန်ကြိုးတုပ်ဖမ်းဆီးခေါ်သွားကာ စစ်ဆေးမေးမြန်းရင်း ရိုက်နှက်ခဲ့တာကြောင့် အခုလို ဒဏ်ရာတွေရရှိခဲ့တာလို့ ကာယကံရှင်အမျိုးသမီးက ဆိုပါတယ်။
၆၀ မမ၊ တတောင့်ထိုး 5.56 သေနတ်၊ RC plane စတာတွေကို ထုတ်လုပ်ထားပြီး တလကို ၂ ကြိမ်လောက် စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲရင်ဆိုင်နေရပြီး အနည်းဆုံး တိုက်ပွဲပေါင်း ၄၀ လောက် တိုက်ခဲ့ပြီးဖြစ်တယ်လို့ ရွှေညာမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။
" အခု ရေသပိတ်လုပ်တဲ့နေရာတွေဟာ အရင်က ဆိုင်ကယ်တွေကားတွေနဲ့ လှည့်လည်သပိတ်ပြုလုပ်ခဲ့တဲ့နေရာတွေပါ။ အခြေနေတွေ ဘယ်ပုံစံပြောင်းသွားပါစေ ကျနော်တို့တတွေရဲ့အာဏာရှင်ကို မလိုလားတဲ့စိတ်ဓာတ်တွေ ပြောင်းလဲမသွားဘူးဆိုတာ သိစေချင်တဲ့အတွက် အခုလိုရေပေါ်သပိတ်ပြုလုပ်ရတာပါ"
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ မကွေးနဲ့ စစ်ကိုင်းမှာ ဖျားနာသူတွေများလာပြီး ဆေးဝါးမလုံလောက်မှုဖြစ်နေကြတယ်လို့ စစ်ဘေးသင့်ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေကြတဲ့ မကွေးတိုင်းအခြေစိုက် အရှိုချင်းတပ်ဖွဲ့ - ACDF နဲ့ စစ်ကိုင်းတိုင်းအခြေစိုက် သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့က တာဝန်ရှိသူတွေက ပြောကြပါတယ်။ ငှက်ဖျားဆေး၊ မြွေဆိပ်ဖြေဆေး၊ သံချဆေးနဲ့ ယားနာဆေးစတဲ့ ဆေးဝါးတွေကို အဓိကလိုအပ်နေတာဖြစ်ပြီး လတ်တလောမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကြား လှည့်ပတ်ချေးငှားသုံးစွဲနေကြရတယ်လို့ သူတို့က ဆိုကြပါတယ်။
" ဇေတဝန် ၁ လမ်းထိပ်သုဿာန်နားမှာ ဆိုင်ကယ်လုဖို့ လုပ်တယ်။ ဆိုင်ကယ်နဲ့လင်မယားက ဖုန်း၊ ပိုက်ဆံအိတ်၊ ဆိုင်ကယ်တွေ လိုက်ပြီးလုယက်နေတာ ကြာပြီ။ မိန်းမကို အဲ့ရပ်ကွက်ထဲက လူတွေကဖမ်းမိပြီး ရဲလက်အပ်တယ်။ ယောကျ်ားကထွက်ပြေးရင်း ရဲစခန်းအနောက် လမ်းထဲမှာရေထဲခုန်ချပြေးလို့ လိုက်ပြီးဖမ်းကြရတယ်"
အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃ ဦးဒဏ်ရာပြင်းထန်ပြီး ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရကာ ဒဏ်ရာပြင်းထန်သူ ၃ ဦးထဲက ၂ ဦးဟာ သြဂုတ် ၁၇ရက် ညပိုင်းမှာ သေဆုံးခဲ့တယ်လို့ Southen YSO PDF တာဝန်ခံ ဗိုလ်အောင်မောင်းကပြောပါတယ်။